Monday, August 24, 2015

မြန်မာပြည်က ငါ.... မိုးသစ်စ(ကဗျာချစ်သူ)

မြန်မာပြည်က ငါ

ချစ်သူ
တို့နှစ်ယောက်လမင်းကိုကြည့်ရင်း
ငါပခုံးပေါ်မင်းခေါင်မှီပြီးအတူတူကြည်နူးခဲ့ဖူတယ်

ဘုရားတွေစုံအောင်ဖူးပြီးဘယ်တောမှ
မခွဲကြေးဆိုပြီးသစ္စာဆိုခဲ့ဖူတယ်

ကြယ်ကြွေရင်ဆုတောင်းပြည့်တယ်ဆိုပြီး
ကြယ်ကြွေတိုင်လဲတိုနှစ်ယောက်လက်တွဲ
နိုင်ပါစေလို့ဆုတောင်းခဲ့ဖူတယ်

မင်းမိဘအသိုင်းအဝိုင်းကကြည့်ဖြူအောင်
ငါနေခဲ့သလို
ငါ့မိဘငါ့အသိုင်းအဝိုင်းကချစ်လာအောင်လဲ
မင်းနေခဲ့တယ်

နှစ်ဦးနှစ်ဘက်မိဘအသိုင်းအဝိုင်းက
ငါ့တို့ချစ်သူနှစ်ဦးကြားရှော့မရှိခဲ့ဘူးနော်

ဒါပေမယ့်....မြန်မာပြန်မှာမွေး
မြန်မာရေကိုသောက်တဲ့မင်းက
ကိုယ့်နိုင်ငံငွေကြေးကိုအထင်သေးပြီး
တိုင်းတပါးဆီမင်းထွက်သွားပြီလေ.....

မင်းနေကောင်းပါစေ....
အချစ်သစ်မရပါစေနဲ့.....
မြန်မာမှု မြန်မာဟန်တွေမပျောက်ပါစေနဲ့လို့
မြန်မာပြည်မှ....ငါ
နေ့တိုင်းဆုတောင်းပေးနေတယ်

မင်းပြန်လာမယ့်ရက်ကိုလည်း
မြန်မာပြည့်ကငါ သစ္စာရှိစွာစောင့်နေတယ်

ချစ်သူရေ....
ကံကြမ္မာကတို့နှစ်ယောက်ကို
လူချင်ပဲဝေးစေတာပါ....
မင်းကတို့နှစ်အချစ်တွေမရှိတော့အောင်
လုပ်ရက်တယ်နော်ချစ်သူ

မှတ်ချက်/....သူနိုင်ငံခြားမှာ
အခြားတစ်ယောက်နဲ့
လက်ထပ်လိုက်ပြီတဲ့

မိုးသစ်စ(ကဗျာချစ်သူ)