Monday, August 31, 2015

ဖြစ်သင့်တာတွေပါ - ရေနီသား ။မလှိုင်

ဖြစ်သင့်တာတွေပါ

မချစ်တတ်ချစ်တတ်နဲ့ အချစ်ငတ်ခဲ့လို့ ဖြစ်ရက်တွေဆန်းကြယ်ခဲ့တယ်
မိုးရယ် နင်ငါထက် အစစအရာသာတဲ့
တစ်ပါးသူရဲ့ ရင်ခွင်မှာ
နင်ပျော်နေတာမြင်တော့
ငါဝမ်းသာပါတယ်မိုး

နင်သာငါ့ရင်ခွင်မှာ ပေကပ်နေရင်
နင်ရဲ့ ဒီလိုအပြုံးမျတ်နာလေးကို
ဒီတစ်သက် ငါမြင်ခွင့်ရမှာမဟုတ်ဘူး
ဘာပဲဖြစ်ဖြစ်ငါ့နှလုံးသားတွေ
နိုးထခွင့် မရှိတော့ပေမဲ့
ခံစားခွင့်ရှိနေသမျှ
မင်းနဲ့ပတ်သက်ပြီး
အကောင်းအဆိုး နှစ်မျိုးလုံးကို
ငါခံစားပါရစေ......

ဖြစ်ချင်တာတွေဖြစ်ခွင့်မရှိတဲ့ငါဘဝမှာ
မဖြစ်ချင်တာတွေကိုလဲ
မစွန့်ပစ်ချင်ဘူးလေ ဒါကြောင့်
ဖြစ်သင့်တာတွေအဖြစ်နဲ့
လက်ခံကျန်ရစ်နေခဲ့ပါမယ်
ထာဝရပျော်ရွှင်ပါစေ မိုး

ရေနီသား ။မလှိုင်