Monday, August 31, 2015

ရွှေမိုင်းပျင်းသူ....?? ဇော်မျိုးနောင်/တောင်ငူ

ရွှေမိုင်းပျင်းသူ....??


နှင်းစက်တွေဝေ
မိုင်းပျင်းမြေမှာ
ဘဝတစ်ကွေ့ဝယ်
တစ်သက်မမေ့စရာ
ခင်မင်ဆုံလာခဲ့ရတဲ့
ရွှေမိုင်းပျင်းသူရေ..??

နေညိုညိုချမ်း
မိုင်းပျင်းလမ်းမှာ
တောင်ညိုပြာတစ်ကွေ့
ခင်မင်ခြင်းတွေ
မမေ့စေဖို့
မိုင်းပျင်းချောင်းစပ်မှာ
ကျောက်ခဲလေးတွေ
အထပ်ထပ်နဲ့
ဆုတောင်းခဲ့ဘူးတယ်
ရွှေမိုင်းပျင်းသူရယ်..??

ယခုအခါ
တို့များခွဲရ
ဝေးခဲ့ရလည်း
စိတ်မှာရည်စူး
ကြည်နူးစွာခင်ခဲ့ဖူးတဲ့
ရွှေမိုင်းပျင်းမြေကို
ရင်မှာတမ်းတ
သတိရမိတယ်
ရွှေမိုင်းပျင်းသူရယ်..??

ဇော်မျိုးနောင်/တောင်ငူ