မင်းအတွက်စကား....
မင်းငါ့ရင်ခွင်ထဲကို တိတ်တဆိတ်
ဝင်လာခဲ့တယ်....တိတ်တဆိတ်နဲ့ပဲ
လက်မပြ နှုတ်မဆက်
လမ်းခွဲစကားမပြောပဲ
အခြားတစ်ယောက်ရဲ့ရင်ခွင်ဆီ
မင်းပြေးဝင်သွားခဲ့တယ်
ဘာကြောင့်များလဲ ချစ်သူ
အချစ်စစ်အချစ်မှန်နဲ့ အဖြူစင်ဆုံး
အရိုးသားဆုံး မင်းအပေါ်ထားခဲ့တဲ့
ငါ့အချစ်တွေ စိတ်မိုက် စိတ်ရိုင်းမထားခဲ့တဲ့ငါ
မင်းအသွေးအသားရဲ့
လိုအင်ကိုမဖြည့်စီးပေးခဲ့မိလို့လား
ပုံမကျ ပန်းမကျဘဲနဲ့
အမြီးကျက် အမြီးစား
ခေါင်းကျက်ခေါင်စားသူရဲ့
ရင်ခွင်မှာ မင်းအပျော်ကြီး
ပျော်နေလိုက်တာ....
မင်းအတွက်ငါ ရင်လေးတယ်ချစ်သူ
ငါရင်ခွင်ထဲကို ခဏခိုဝင်ဖူးတဲ့မင်း
ငါ့မင်းအပေါ်သံယောဇဉ် မရှိတော့ပေမယ့်
မင်းကိုသနားလို့စကားလက်ဆောင်ပေးလိုက်မယ်
အရှေ့အနောက်တောင်မြောက်ကို
လက်ညိုးထိုးမပြတတ်တဲ့သူဆီမှာ
ပထဝီကျူရှင်သွားသင်နေရင်
ပူပင်ပဲ အီကွေတာ ဝန်းရိုးစွန်းပေါ်မှာ
မင်းခေါင်အုံးပြီး အိပ်နေရပါဦးမယ်ချစ်သူ....
မိုးသစ်စ (ကဗျာချစ်သူ)
မင်းငါ့ရင်ခွင်ထဲကို တိတ်တဆိတ်
ဝင်လာခဲ့တယ်....တိတ်တဆိတ်နဲ့ပဲ
လက်မပြ နှုတ်မဆက်
လမ်းခွဲစကားမပြောပဲ
အခြားတစ်ယောက်ရဲ့ရင်ခွင်ဆီ
မင်းပြေးဝင်သွားခဲ့တယ်
ဘာကြောင့်များလဲ ချစ်သူ
အချစ်စစ်အချစ်မှန်နဲ့ အဖြူစင်ဆုံး
အရိုးသားဆုံး မင်းအပေါ်ထားခဲ့တဲ့
ငါ့အချစ်တွေ စိတ်မိုက် စိတ်ရိုင်းမထားခဲ့တဲ့ငါ
မင်းအသွေးအသားရဲ့
လိုအင်ကိုမဖြည့်စီးပေးခဲ့မိလို့လား
ပုံမကျ ပန်းမကျဘဲနဲ့
အမြီးကျက် အမြီးစား
ခေါင်းကျက်ခေါင်စားသူရဲ့
ရင်ခွင်မှာ မင်းအပျော်ကြီး
ပျော်နေလိုက်တာ....
မင်းအတွက်ငါ ရင်လေးတယ်ချစ်သူ
ငါရင်ခွင်ထဲကို ခဏခိုဝင်ဖူးတဲ့မင်း
ငါ့မင်းအပေါ်သံယောဇဉ် မရှိတော့ပေမယ့်
မင်းကိုသနားလို့စကားလက်ဆောင်ပေးလိုက်မယ်
အရှေ့အနောက်တောင်မြောက်ကို
လက်ညိုးထိုးမပြတတ်တဲ့သူဆီမှာ
ပထဝီကျူရှင်သွားသင်နေရင်
ပူပင်ပဲ အီကွေတာ ဝန်းရိုးစွန်းပေါ်မှာ
မင်းခေါင်အုံးပြီး အိပ်နေရပါဦးမယ်ချစ်သူ....
မိုးသစ်စ (ကဗျာချစ်သူ)