Saturday, August 15, 2015

သစ်စိမ်းချိုး... (မြင့်မိုရ်ထွန်း----ချယ်ရီမြေ)

သစ်စိမ်းချိုး"

ရင်ဘက်က သွေးစိမ်းရှင်ရှင်ထွက်မှ
သစ်စိမ်းချိုးဆိုတာကို
နဖူးတွေ့ဒူးတွေ့ခံစားလိုက်ရတယ်....။

ဓားလောက်မကထက်တဲ့ နှုတ်​ခမ်းနဲ့
အပိုင်းပိုင်း ပြတ်ကျအောင်လုပ်ခဲ့တာတောင်မှ
အမှတ်သည်းခြေ လုံးဝမရှိ
အရိပ်ပေးဖို့ ကြိုးစားနေမိတုန်း....။

သံယောဇဉ်ကြိုးတွေအထပ်ထပ်တုတ်လို့
တို့နှစ်ယောက် လက်အမြဲဆုပ်ချင်ပေမယ့်
နင်ကိုယ်တိုင် လက်တွဲဖြုတ်ခဲ့မှတော့
လက်ဆွဲနှုတ်ဆက်ဖို့ မလိုတော့ဘူးပေါ့လေ....။

ရင်နာစရာ ဇာတ်လမ်းပေမယ့်
ဇာတ်ဝင်ခန်းမှာ
ငါ...အကောင်းဆုံး ကပြခဲ့ပါရဲ့။

( - )ရယ်....
လမ်းအခွဲမှာ ဝမ်းနည်းမဆုံးပါဘူး
အလွမ်းတွေက ဟိုဒီ တစစီပြန့်ကျဲ
ငါ့ နှုတ်ခမ်းထက်မှာလေ
နင့် အနမ်းတွေ အခုထိပျံဝဲတုန်း....။ ။

(မြင့်မိုရ်ထွန်းချယ်ရီမြေ)