Monday, August 31, 2015

ကောင်မလေးရေ... ကိုဇော်မျိုးနောင် + ကေတုမတီ/တောင်င

ကောင်မလေးရေ...??

အချစ်တွေပေးလို့
အချစ်တွေသာ
ပြန်ရခဲ့မယ်ဆိုရင်
ငါတို့နှစ်ယောက်ရဲ့
အချစ်ဟာ
ပန်းတောင်တန်းလေး
ဖြစ်နေမှာပါ
ကောင်မလေးရယ်....??

ဒါပေမယ့်
နင့်ကိုငါပေးခဲ့တာက
အချစ်စစ်ပါ
နင်ငါ့ကို
ပြန်ပေးခဲ့တာက
ခွဲခွာခြင်းဆိုတဲ့
ရလဒ်တစ်ခုလား
ကောင်မလေးရယ်....??

ဒါပေမဲ့ဟာ
ငါကနင့်ကို
ရင်ထဲမှာရူးမတတ်
ချစ်ရလွန်းလို့
နင်ဆိုးနွဲ့သမျှတွေကို
နင့်ကိုချစ်တာ
တစ်ခုတည်းနဲ့
ပေးဆပ်ခွင့်လွှတ်
ချစ်တတ်ခဲ့သူပါ
ကောင်မလေးရယ်....??

နင်နဲ့ငါ
ငါနဲ့နင်
အချိန်တိုင်း
နီးစပ်ခွင့်မရနိုင်ပေမဲ့
နင်မသိနိုင်သေးတဲ့
ငါ့နှလုံးသားရဲ့
တစ်နေရာမှာတော့
နင်တစ်ယောက်ထဲကို
ယနေ့အချိန်ထိ
ချစ်နေဆဲပါပဲ
ကောင်မလေးရယ်...

တစ်ချိန်တုန်းက
အိပ်မက်လှလှလေးတွေရဲ့
ညကမ္ဘ္ဘာလေးထဲမှာ
ကောင်မလေး
တစ်ယောက်တည်းကို
ရင်ခုန်တမ်းတ
ချစ်ခဲ့ဖူးတဲ့
နေ့ရက်ကလေးတွေကို
နင်သတိမရနိုင်တော့ပေမယ့်
ငါ့ရင်ထဲမှာတော့
နင့်ကိုရူးလောက်အောင်ချစ်ခဲ့မိတာပါ
ကောင်မလေးရယ်....

ကိုဇော်မျိုးနောင်
ကေတုမတီ/တောင်ငူ