Monday, August 17, 2015

ပြောပေးပါလားမိုးရယ် 💫 ဒီရေလှိုင်း (မြောင်းမြ)

ပြောပေးပါလားမိုးရယ်

တစ်နေ့နေ့မှာ
ပြန်ဆုံခွင့်ရမယ်ဆို
ငါ မင်းနဲ့နောက်တစ်ခါ
ဆုံချင်သေးတယ် မေ

ခဏတာတွေ့ရုံ​လေးနဲ့
တစ်ဘဝတာဝေးခဲ့မယ်ဆို
မင်းနဲ့မဆုံဆည်းအောင်
ငါပြေးထွက်သွားမှာပါ

နှစ်တွေကြာခဲ့ပေမဲ့
မှိုင်းညို့ညို့တိမ်တွေလွင့်လာတိုင်း
သာယာလှပမြို့မြောင်းမြရဲ့
ဦးဘချိုလမ်းတစ်လျှောက်
မိုးသံတစ်ဖြောက်ဖြောက်ကြားမှာ
နင့်လက်လေးကိုင်ခဲ့ဘူးတယ်

ငါ ရင်တွေခုန်လိုက်တာ
မေရယ်
ချစ်တယ်ဆိုတဲ့စကား
ဖွင့်ဟဝန်ခံချင်ပေမဲ့
မင်းမုန်းမှာကြောက်လို့
သူငယ်ချင်းအဖြစ်နဲ့
ကျေနပ်ခဲ့တယ်မေ

အခုတော့
နေညိုဆည်းဆာမိုးစက်တွေ
ကြားမှာ
စင်္ကြာနန္ဒဘုရားမှာ
တောင်းဆုပြုရင်း
ရက်လတွေပြောင်းခဲ့ပေမဲ့
မေ့မရနိုင်တဲ့ချစ်သူ မေ့ကို
ချစ်နေတုန်းပဲဆိုတာ
မေ ကြားအောင်
ပြောပေးပါလားမိုးရယ်

ဒီရေလှိုင်း (မြောင်းမြ)