ထိုးကျလာတဲ့အရိပ်က တံလျှပ်များလို့
မာယာတရားတွေနဲ့ ဘဝကိုတိုးတိုက်ရွေ့ခြား
အတ္တများနဲ့ရောစပ်ထားတဲ့
ဘဝရဲ့ကစားပွဲထက်
လှည့်ပတ်စီးဆင်း ကွေ့ကောက်ခြင်းမှာ
အိမ်မက်ကိုတန်ဆာဆင်ခဲ့ရ....။
ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေ. . . ကျွန်တော်တို့ရဲ့အိမ်မက်တွေ
အမေရေ. . . .
အရောင်အသွေးစုံလို့
ကိုယ့်သမိုင်းကို စုတ်ချက်ကြမ်းကြမ်းထက်
သွေးစက်လက်နဲ့ ရေးခဲ့ရပေမဲ့
အတုအရောင်တွေရဲ့အောက်မှာ
နှစ်ပေါင်းခြောက်ဆယ်မက
မသေထမင်း မသေဟင်းစားပြီး
့တရားမျှတဖို့နံပတ်တုတ်တွေ
သံဆူးကြိုးတွေ ထောင်နံရံတွေကြားမှာ
ဒီမိုကရေစီဆိုတဲ့ ပဲ့တင်သံကို
နှလုံးသားရှိရင် ကျွန်တော်တို့
နောက်ထပ် အခါခါကြားနိုင်ပါတယ်။
အညတရမောင်
မာယာတရားတွေနဲ့ ဘဝကိုတိုးတိုက်ရွေ့ခြား
အတ္တများနဲ့ရောစပ်ထားတဲ့
ဘဝရဲ့ကစားပွဲထက်
လှည့်ပတ်စီးဆင်း ကွေ့ကောက်ခြင်းမှာ
အိမ်မက်ကိုတန်ဆာဆင်ခဲ့ရ....။
ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေ. . . ကျွန်တော်တို့ရဲ့အိမ်မက်တွေ
အမေရေ. . . .
အရောင်အသွေးစုံလို့
ကိုယ့်သမိုင်းကို စုတ်ချက်ကြမ်းကြမ်းထက်
သွေးစက်လက်နဲ့ ရေးခဲ့ရပေမဲ့
အတုအရောင်တွေရဲ့အောက်မှာ
နှစ်ပေါင်းခြောက်ဆယ်မက
မသေထမင်း မသေဟင်းစားပြီး
့တရားမျှတဖို့နံပတ်တုတ်တွေ
သံဆူးကြိုးတွေ ထောင်နံရံတွေကြားမှာ
ဒီမိုကရေစီဆိုတဲ့ ပဲ့တင်သံကို
နှလုံးသားရှိရင် ကျွန်တော်တို့
နောက်ထပ် အခါခါကြားနိုင်ပါတယ်။
အညတရမောင်