မျှော်တလင့်လင့်
ရှင်သန်ခွင့်မရှိတဲ့
မျှော်လင့်ခြင်းတွေနဲ့အတူ
ရှောင်လွဲမရတဲ့
ရင်ခုန်ခြင်းတွေက
ငါတို့ရဲ့ဖြူစင်တဲ့သံယောဇဉ်ကို
တစ်ကယ်ပဲ
အရောင်မညီမညာဖြစ်စေခဲ့ပြီလား
သူငယ်ချင်းရယ်====
ပြောမထွက်ရဲတဲ့
ငါ့ရဲ့တွေဝေမှု့တွေကြောင့်
ငါ့ရဲ့ရင်ခုန်သံတွေကို
ဥပေက္ခာမပြုလိုက်ပါနဲ့====
ဆုံဆည်းပြီးခွဲရမယ်ဆိုတဲ့
ဖြစ်စဉ်နိယာမကို
ကံကြမ္မာက
လက်ဆောင်ပေးလိုက်ပြီလေ
သူငယ်ချင်းရေ
နင်မှတ်မိဦးမလား
ညနေဆည်းဆာ
တိမ်တောက်ချိန်မှာ
မြောင်းမြမြစ်ရဲ့ကမ်းနံဘေး
လှိုင်းကလေးတွေကြည့်ရင်း
ချစ်တယ် သူငယ်ချင်းလို့
ငါပြောခဲ့ဖူးတယ်
နင်က
ရှက်သွားပြီးမျက်လွှာချ
အသက်ကွာဟတယ်ဆိုတဲ့
အကြောင်းပြချက်နဲ့
အခုတော့
အဝေးဆုံးပြေးထွက်ခဲ့ပြီပေါ့
သူငယ်ချင်းရယ်
ဒီရေလှိုင်း(မြောင်းမြ)
ရှင်သန်ခွင့်မရှိတဲ့
မျှော်လင့်ခြင်းတွေနဲ့အတူ
ရှောင်လွဲမရတဲ့
ရင်ခုန်ခြင်းတွေက
ငါတို့ရဲ့ဖြူစင်တဲ့သံယောဇဉ်ကို
တစ်ကယ်ပဲ
အရောင်မညီမညာဖြစ်စေခဲ့ပြီလား
သူငယ်ချင်းရယ်====
ပြောမထွက်ရဲတဲ့
ငါ့ရဲ့တွေဝေမှု့တွေကြောင့်
ငါ့ရဲ့ရင်ခုန်သံတွေကို
ဥပေက္ခာမပြုလိုက်ပါနဲ့====
ဆုံဆည်းပြီးခွဲရမယ်ဆိုတဲ့
ဖြစ်စဉ်နိယာမကို
ကံကြမ္မာက
လက်ဆောင်ပေးလိုက်ပြီလေ
သူငယ်ချင်းရေ
နင်မှတ်မိဦးမလား
ညနေဆည်းဆာ
တိမ်တောက်ချိန်မှာ
မြောင်းမြမြစ်ရဲ့ကမ်းနံဘေး
လှိုင်းကလေးတွေကြည့်ရင်း
ချစ်တယ် သူငယ်ချင်းလို့
ငါပြောခဲ့ဖူးတယ်
နင်က
ရှက်သွားပြီးမျက်လွှာချ
အသက်ကွာဟတယ်ဆိုတဲ့
အကြောင်းပြချက်နဲ့
အခုတော့
အဝေးဆုံးပြေးထွက်ခဲ့ပြီပေါ့
သူငယ်ချင်းရယ်
ဒီရေလှိုင်း(မြောင်းမြ)