Friday, August 21, 2015

တဖက်သတ်အချစ်ရင်ခုန်သံ ( ချစ်သူရင်ခွင်မြို့တော် - အင်းလေး )

တဖက်သတ်အချစ်ရင်ခုန်သံ

တွေးရင်းလွမ်းရင်းမျှော်ကိုးရင်းနဲ့
ခုတော့ အသည်းပူဆာ
မနေသာလို့ ချစ်ဝေဒနာလေး
ပြန်ရေးမိတယ် ချစ်သူရယ်
မသေချာ မရေရာတဲ့
ဘဝတစ်ခုကို မျှော်မှန်းလို့
လွမ်းနေရသူပါ....
အမြဲလိုပဲ တွေ့ချင်မြင်ချင်နေမိ
ချစ်တဲ့စိတ်ကြောင့်....
ဖြစ်ပေါ်ခံစားနေရတဲ့ ဝေဒနာကို
အဖြေရှာထုတ်လို့...
အဖြူအမဲ ခွဲခြားပေးပါလား
တဖက်သတ်အချစ်ရင်ခုန်သံ
ရင်တထိတ်ထိတ်နဲ့မျှော်

ချစ်သူရင်ခွင်မြို့တော်
အင်းလေး