Tuesday, August 18, 2015

အပြစ်မမြင်ပါဘူး (မြင့်မိုရ်ထွန်း--ချယ်ရီမြေ)

အပြစ်မမြင်ပါဘူး
အစကတည်းကိုက
ချစ်ချင်တာတစ်ခုတည်းသိခဲ့တာမို့ပါ

မေ့နိုင်ပြီလား
အစကတည်းကမှ
ငါ့ကို သတိမရတာ
မလွမ်းတော့ဘူးလား
အစကတည်းကမှ
မနမ်းခဲ့တာ
ဘယ်လွမ်းမလဲ

မုန်းသွားပြီလား
အစထဲကမှ
တကယ်မချစ်ခဲ့တာ