Saturday, August 29, 2015

မာယာချစ်​သူ - နန်း​​ချိုခိုင်(​တောင်ကြီး)

မာယာချစ်​သူ

မလွမ်းရဲဘဲ
ဘာ​ကြောင့်​.....လမ်းခွဲတာလဲ...?
အသဲကွဲကာမှ တစ်​​ယောက်​တည်း
ပြန်​လွမ်း​နေပုံဟာ ကဗျာမဆန်းပါဘူး။

အသဲနှလုံးကို ကစားစရာအရုပ်​တရုပ်​လို
ပြုမူဆက်​ဆံပြီးမှ
နောင်​တရမိတယ်​ဆိုတဲ့ စကားတခွန်းတည်းနဲ့
တောင်းပန်​ပါတယ်​ဆိုတဲ့ စကားလာမ​ပြောနဲ့။

ကောင်းကင်​လို,ပင်​လယ်​လိုမချစ်​နိုင်​ရင်
အစကတည်းက မချစ်​နဲ့.....
ပေါ့​ပေါ့​ပေါ့ပျက်​ အချစ်​နဲ့.....
ငါရဲ့ရင်​ခွင်​မှာမခိုချင်​နဲ့.....။

မယာများတဲ့ချစ်​သူလက်​ကို
လက်​တွဲမယ့်အစား
ဆူးများတဲ့သစ်​ကိုင်းကိုပဲ
ဖက်​ထားလိုက်​မယ်​.....။

နန်းချိုခိုင်​(​တောင်​ကြ်ီး)