Sunday, August 16, 2015

ဒီနေ့နဲ့အနီးဆုံး.....( ချစ်သူရင်ခွင်မြို့တော် အင်းလေး )

ဒီနေ့နဲ့အနီးဆုံး

မုန်တိုင်းထန်ပြီးရင်
လေပြေဖြူးရမယ်ဆိုတာ
ကိုနားလည်သဘောပေါက်​ပါတယ်
ချစ်သူရယ်....
ဒါပေမဲ့...ဒီနေ့နဲ့အနီးဆုံး
မနက်ဖြန်တောင်မှ
ကိုမသိနိုင်ဘူးမဟုတ်လား
ဖြစ်နိုင်မယ်ဆိုရင်
မခွါမခွဲနှစ်မွှာအသည်းကဲသို့
သမုဒယအကြင်နာ
အယုအယတွေနဲ့
ထာဝစဉ်ထာဝရ
သေတပန်သက်တစ်ဆုံး
လက်တွဲသွားပါရစေ...
ချစ်သူရယ်…။

ချစ်သူရင်ခွင်မြို့တော်
အင်းလေး