Monday, August 31, 2015

ငါ့ဘဝလေး.....​ရေနီသား - မလှိုင်

ငါ့ဘဝလေး

ပန်းလိုမလန်း စမ်းလိုမအေး
ချစ်ရှုံးဘဝ ခါးသီးလှ၏

ချစ်ခွင့်ကြုံသော် ချစ်ကံပေါ်လဲ
ချစ်ရေးကြမ္မာ ညံ့ရှာသောသူ
တို့လိုလူပါ....

မပြည့်မစုံ ဒုက္ခဘုံကို
ဘယ်လိုစကား ဘယ်နှလုံးသားနဲ့
ဘယ့်သူ့လက်တွဲ ဆွဲခေါ်ရက်မလဲ
ငါ့နှလုံးသား ပြည်ဖုံးကားချ
ချစ်ကံခေသမျှ ဒီဘဝနောက်ဆုံး
ဖြစ်ပါရစေတော့......

ရေနီသား - မလှိုင်