သစ္စာ
ဆေးသားပြယ် ပန်းချီကားလို
မျှော်လင့်ခြင်းတွေနဲ့အတူ
မရိုးသားတဲ့နင့်ရဲ့အကြည့်
နင့်ရဲ့အပြုမူတွေကြောင့်
ဖြူစင်တဲ့ငါတို့ရဲ့ ရင်ခုန်သံတွေကို
တစ်ကယ်ပဲ မညီမညာဖြစ်စေခဲ့ပြီလား....?
ပြောမထွက်ခဲ့တဲ့
ငါ့ရဲ့တွေဝေမူ့တွေကြောင့်
ဥပေက္ခာပြုပြီး
မုန်းမယ်ဆိုလည်းမုန်းလိုက်ပါ
နောက်ထပ်
နာကျင်စရာတွေရှိနေမယ်ဆိုရင်လည်း
လက်ဆောင်အဖြစ်ငါ့ကိုပေးလှည့်ပါ
ကျေနပ်စွာခံယူပါ့မယ်
ချစ်ခြင်းကိုဦးတည်ပြီး
စစ်ခင်းနေရတဲ့အခိုက်
အချစ်ဆိုတဲ့အရာ
နောက်တစ်ခါအလည်လာခဲ့ရင်
မင်းကလွဲလို့
အစားထိုးလို့မရဘူးဆိုတာ
သစ္စာပြုပါတယ် ချစ်သူရယ်
ဒီရေလှိုင်း ( မြောင်းမြ )
ဆေးသားပြယ် ပန်းချီကားလို
မျှော်လင့်ခြင်းတွေနဲ့အတူ
မရိုးသားတဲ့နင့်ရဲ့အကြည့်
နင့်ရဲ့အပြုမူတွေကြောင့်
ဖြူစင်တဲ့ငါတို့ရဲ့ ရင်ခုန်သံတွေကို
တစ်ကယ်ပဲ မညီမညာဖြစ်စေခဲ့ပြီလား....?
ပြောမထွက်ခဲ့တဲ့
ငါ့ရဲ့တွေဝေမူ့တွေကြောင့်
ဥပေက္ခာပြုပြီး
မုန်းမယ်ဆိုလည်းမုန်းလိုက်ပါ
နောက်ထပ်
နာကျင်စရာတွေရှိနေမယ်ဆိုရင်လည်း
လက်ဆောင်အဖြစ်ငါ့ကိုပေးလှည့်ပါ
ကျေနပ်စွာခံယူပါ့မယ်
ချစ်ခြင်းကိုဦးတည်ပြီး
စစ်ခင်းနေရတဲ့အခိုက်
အချစ်ဆိုတဲ့အရာ
နောက်တစ်ခါအလည်လာခဲ့ရင်
မင်းကလွဲလို့
အစားထိုးလို့မရဘူးဆိုတာ
သစ္စာပြုပါတယ် ချစ်သူရယ်
ဒီရေလှိုင်း ( မြောင်းမြ )