ည
ည..ဒီညကို လက်ပစ်ကူး
လ..မထွက်သော ညဦးသည်
အချစ်ဦးနဲ့လွဲ.. ကြေကွဲမိ၏
ည..ဒီည ကြယ်မကြွေဘူး
လ..မပြည့်သော ည၏အစ
လှပမှုတွေနဲ့ဝေး
အချစ်ဦးကိုတွေးပြီး
တစ်ယောက်တည်းဆွေးနေမိသည်....
ည..ဒီည အိပ်မက်ထူးခဲ့..
လ..မိုက်သောည၏
အိပ်မက်ဦးသည်..
ချစ်သူက ဘီလူးစီးလို့ထွက်ခွာ
ဘယ်တော့မှ ပြန်မလာတော့ဘူးတဲ့
ည,ဒီညကိုအဆိပ်ခတ်
ပေးဆပ်ဖို့စိတ်ကူး
အချစ်ဦးအတွက်
ငါ...အရက်တွေမူးခဲ့တယ်....
ဪ....စိမ်းနိုင်သူက
တိမ်းခွာခဲ့တာတောင်
မစိမ်းနိုင်သူ ငါက
ငေးမှိုင်ကာ သူအလာကို
ခြေစုံရပ်စောင့်နေဆဲ....
မဟူရာလူသား
ည..ဒီညကို လက်ပစ်ကူး
လ..မထွက်သော ညဦးသည်
အချစ်ဦးနဲ့လွဲ.. ကြေကွဲမိ၏
ည..ဒီည ကြယ်မကြွေဘူး
လ..မပြည့်သော ည၏အစ
လှပမှုတွေနဲ့ဝေး
အချစ်ဦးကိုတွေးပြီး
တစ်ယောက်တည်းဆွေးနေမိသည်....
ည..ဒီည အိပ်မက်ထူးခဲ့..
လ..မိုက်သောည၏
အိပ်မက်ဦးသည်..
ချစ်သူက ဘီလူးစီးလို့ထွက်ခွာ
ဘယ်တော့မှ ပြန်မလာတော့ဘူးတဲ့
ည,ဒီညကိုအဆိပ်ခတ်
ပေးဆပ်ဖို့စိတ်ကူး
အချစ်ဦးအတွက်
ငါ...အရက်တွေမူးခဲ့တယ်....
ဪ....စိမ်းနိုင်သူက
တိမ်းခွာခဲ့တာတောင်
မစိမ်းနိုင်သူ ငါက
ငေးမှိုင်ကာ သူအလာကို
ခြေစုံရပ်စောင့်နေဆဲ....
မဟူရာလူသား