Monday, November 10, 2014

အလွမ်းမျက်ရည် ✏ သူရိန်စိုး

အလွမ်းမျက်ရည်
-----------------------------------
အလွမ်းကြောင့် ကျတဲ့မျက်ရည်ဟာ
ဘေးမဖြစ်ပဲ ဆေးဖြစ်ခဲ့ရင်
သတ္တလောကသား အားလုံး
အို.နာ.သေ, တုံးလို့ 
သေမင်းတောင် ပုန်းရှောင်နေရော့မယ်
ခုတော့ ဆေးမဖြစ်ပဲ ဆွေးရစ်နေရပါလား||
သူရိန်စိုး (ရွှေသင်းမြို့ )

သူသိစေချင် ✏ သူရိန်စိုး

သူသိစေချင်
- --------------------------------
အလွမ်းကြောင့်ကျတဲ့ မျက်ရည်ကို
နေပါစေ မသုတ်ပါန့ဲ|
တစ်သက်မှ တစ်ခါလောက်ကျတာပါ|
နှစ်လထက် ပိုကျနိုင်မှာလား||

သူရိန်စိုး (ရွှေသင်းမြို့ )

အလွမ်းကမ္ဘာ ✏သူရိန်စိုး

အလွမ်းကမ္ဘာ

မင်းနဲ့ ဝေပြီးနောက်--- ----- -----
ချစ်ဖူးခဲ့သမျှ မေ့မရနိုင်
စက္ကန့် တိုင်လည်း ငေးငိုင်ကျန်ခဲ့
တောင်ကျရေတံခွန် စီးသွန်ပမာ
ရင်မှာချစ်လှိုင်း မရပ်ဆီုင်းခဲ့
မျက်သားဆိုင်မှာ မင်းထိုင်နေသို့ 
တို့ ဖျောက်မရပါ|
တိုးလာလေသံ မင်းခေါ်သံပါ
ကြားရာထကြည့် မင်းမရှိပါ|
လက်လှုပ်တာမြင် မင်းခေါ်ထင်ကာ
သွားလာလူပေါင်း မှားသောင်းကျော်လာ|
ကားစီယာတိုင် မင်းလက်ကိုင်သို့ 
ဆုပ်ကိုင်နေမြဲ မလွဲမင်းပါ|
ရွာသွန်းမိုးစက် ငါ့တွက်ကိုယ်စား
ငိုပေးလားသို့  ထင်မှားရင်မှာ
ယောင်ရမ်းကာအိပ် ချစ်သူပုံရိပ် လွမ်းရိပ်မပြေ
လွမ်းကမ္ဘာမြေ||_ __
သူရိန်စိုး (ရွှေသင်းမြို့ )

အမုန်းဒဏ်သင့်သူ.....✈ သူရိန်စိုး

အမုန်းဒဏ်သင့်သူ

အချစ်ကို ဘယ်လိုတောင်းခံခံ
အမုန်းဒဏ်ပဲ ကျိန်စာသင့်ခဲ့
ချစ်ခွင့်ဆိတ်သုဉ် ဒဿဂီရိရှုံးသို့ 
ကမ္ဘာဆုံးတောင် ပြုံးနိုင်ပါ့မလား
အမုန်းတွေနဲ့ ငြား|
ဪ...
ဘယ်ဘဝကဝဋ်ကြွေးကြောင့်များလဲ ?||

သူရိန်စိုး(ရွှေသင်းမြို့)

ရည်မှန်းချက်နှင့်ပညာ

ရည်မှန်းချက်နှင့်ပညာ

ပန်းမှာအလှကိုစီရှိသလို
ဘဝမှာလည်း ရည်မှန်းချက်ကိုစီရှိတယ်|လှသောပန်းတိုင်းမမွှေးသလို |မွှေးသောပန်းတိုင်းလည်း မလှပါ|
ဒါပေမဲ့ လှလည်းလှ မွှေးလည်းမွှေးတဲ့ပန်းကိုသာ ရယူုပိုင်ဆိုင်ချင်သလို|
ရည်မှန်းချက်ရှိသူတိုင်းလည်း ပညာမပြည့်စုံ|
ပညာပြည့်စုံတိုင်းလည့်း ရည်မှန်းချက်မကောင်းနိုင်ဘူး|
ဒါ့ကြောင့် သင်ကောင်းသောရည်မှန်းချက်နှင့်ပြည့်စုံသောပညာရှိတစ်ယောက်ဖြစ်အောင်လုပ်ပါ||

သူရိန်စိုး(ရွှေသင်းမြို့ )

ခွင့်ပြုပေးပါ ✏ ထွန်းနောင်(ဖောင်းပြင်)

"ခွင့်ပြုပေးပါ"

@ 'အတ္တ,မာနတွေကို
ခဝါချ
ငါတို့တွေ ပေါင်းဖက်ကြပါစို့'တဲ့ . .။

@ ကောင်မလေးကတိုက်တွန်း
ဒီစကားတစ်ခွန်းကို
ကြားလိုခဲ့တာ
ကြာ. .ကြာ. .ကြာ. . ကြာခဲ့ပါပကော. .။
@ လွန်ခဲ့သော ဆယ့်နှစ်နှစ်
ဟိုး . . .ဆယ်ကျော်သစ်တုန်းက
မောင်ဘုန်းက တောသား
မဖျားက မြို့သူ
ဘယ်လိုမှ အသွင်မတူခဲ့ . . .။

@ 'မကျွမ်းခင်က လွင့်နှင့်ရ'
နိမိတ်ပုံ စကားလုံး
ဘယ်ဆရာသုံးခဲ့မှန်းမသိပေမယ့်
အဲဒီတုန်းက
ကိုယ်အကြိုက်ဆုံးဖြစ်ခဲ့တယ် . . .။

@ ခုတော့ . . .
နှစ်များစွာ ကြာ
လများစွာ ကွဲ
ရက်များစွာ လွဲခဲ့ပြီးကာမှ
ဗြုန်းစားကြီးတွေ့
ပေါင်းဖက်ကြမယ်ဟေ့ ဆိုတော့
စဉ်းစားမှုအစုစု
ကြာရှည်စွာ ပြုရဦးမယ်
အချိန်ကာလတစ်ခု
ခွင့်ပြုပေးပါချစ်သူ . . . . .။

ထွန်းနောင်(ဖောင်းပြင်)

အလွမ်းငှက် ✏ လွမ်းဝေ (ပဲခူး)

အလွမ်းငှက်

ဝေးကွာခြင်းရဲ့ဟိုကမ္ဘာတဖက်ဆီ
နှုတ်ဆက်ပျံသန်းသွားတဲ့
အလွမ်းငှက်ကလေးရယ်
တွေဝေမှောင်မိုက်လို့ခါးသီးခြင်း
စိုက်ခဲ့တဲ့ရင်ထဲမှာ
ကြယ်တွေရဲ့အလင်းလိုလဲမရှိတော့ဘုး
ရူးသွပ်ခဲ့ငါ့ကမ္ဘာမှာ
အထာမကျတဲ့ကြမ္မာဆိုး
ရိုးသားတဲ့နှလုံးသားကိုအရောင်ဆိုးလို့
အငြိုးကြီးတဲ့ခွဲခွါခြင်းက
ရင်းနှီးတဲ့တို့လက်ကို
ရက်စက်စွာ ဖြတ်ခဲ့လို့
ကံကြမ္မာကိုအပြစ်ဖို့
တို့ရင်ကိုစို့နစ်ကြေကွဲစေသူ
သတိရအချို့ကမ္ဘာတဖက်မှာ
ငါ့အတွက်ရှိနိုင်မလား
ပျံသန်းသွားတဲ့ငှက်ကလေးရယ်
ငါအမြဲလွမ်းနေရတော့မယ်ကွယ်

လွမ်းဝေ (ပဲခူး)

အချစ်ရူး ✉ သူရိယ

(အချစ်ရူး)

အရောင်အဆင်းမရှိ
မချစ်ဘူးမချစ်တတ်တဲ့
ကာလာမဲ့နုံချာလွန်းတဲ့
ကိုယ်နှလုံးသားကို
အရောင်တွေမျိုးစုံတပ်
ချစ်တတ်လာအောင်
မင်းရဲ့အလှအပက
သင်ပေးခဲ့တယ်နော်
ကိုယ်နှလုံးသားက
ချစ်တတ်လာတော့
မင်းထားပေးခဲ့တဲ့
သင်္ခန်းစာက
လွမ်းနည်းမျိုးစုံတဲ့လား
မချစ်ဘူးတဲ့ကိုယ်နှလုံးသားမှာ
မင်းဟာအချစ်ဦးသခင်မို့
အရူးအမူးစွဲငြိနေတာ
အခုတော့.....
ကိုယ်ဟာအချစ်ရူးလုံးလုံးဖြစ်နေပြီ...

သူရိယ(လ.ပ.ဇ)

စီးဒီးကဗျာ ✏ သူရိယ

(စီးဒီးကဗျာ)

မက်လောက်စရာမရှိ,တဲ့
လမ်းမကြီးရဲ့ဘေးမှာ,
နေညိုရင်,လေပြေမှာ
ကြယ်ကြွေကောင်းကင်,နဲ့
ထားခဲ့အုံး,မှာလား
ချစ်သူ,
တကယ်ဆိုအချစ်ပဲလိုတာပါ,...

သူရိယ(လ.ပ.ဇ)

အမုန်းကိုကြောက်သူ...✏ သူရိယ(လ.ပ.ဇ)

(အမုန်းကိုကြောက်သူ)

ချစ်ခြင်း,မေတ္တာ
အကြင်နာ,သံယောဇဉ်
ဤလေးအင်တွင်
ဝေးကွာခြင်းနဲ့ လမ်းခွဲ
ဆုံဆည်းခွင့်မရှိတဲ့ နေ့ရက်
ချစ်ခွင့်မရှိတဲ့ အချိန်
နှုတ်ဆက်ခြင်းနဲ့ သေဆုံး
အမုန်းဆိုတဲ့စကားကို
မကြားပါရစေ....နဲ့
ဘဝဘဝဆက်တိုင်း....
လွဲစေသော်ဝ်....

သူရိယ(လ.ပ.ဇ)

ရင်ကွဲအပြုံး (လျှို့ဝှက်လွမ်း)

ရင်ကွဲအပြုံး (လျှို့ဝှက်လွမ်း)

နင်ပျော်ဖို့အတွက်
ခေါင်းစဉ်တပ်ကာ
ရင်ကွဲပက်လက်နဲ့
ငါပြုံးနေလျှက်ပါ့ 
ငိုချင်လျှက်နဲ့
ပြုံးတတ်အောင်
အမုန်းမဖက်ပါပဲ
ငါလေ့ကျင့်နေဆဲပါ့ 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

ညီမလေးဖတ်ဖို့"၄" ✏ လျှို့ဝှက်လွမ်း

ညီမလေးဖတ်ဖို့"၄"

ညီမလေးနဲ့ဝေးရာ
ကိုယ်ထွက်ပြေးသော်ငြားလည်း
ကိုယ့်ရင်ဝှက်လွမ်း ရင်ဝှက်ပန်းသည်
ထာဝရရင်မှာ လွမ်းလို့တည့့် 

မချစ်လို့ပြေးတာ မဟုတ်ပါငြားလည်း
ညီမလေးစေရာ ဘဝမှာပဲ
ပျော်နေဖို့ကိုယ်ကြိုးစားဆဲ့ 

သို့သော် ရင်ဝှက် ပန်းအဆက်သည်
ထာဝရလန်း အသည်းပန်းမို့
ညီမလေးသို့သာ အမြဲတည်လျှက်ပါ့ 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

ကုလားနဲ့ဘုရား...✏ မောင်ဝဏ္ဏ-ဒီပဲရင်း

*ကုလားနဲ့ဘုရား*

မွတ်ကုလားကြီးက ငွေနဲ့ဆွယ်
ဗမာမလေးက ငွေမက်တယ်
ကုလားတွေကို သူချစ်တယ်
ဒို့ဘုရားကိုတော့ သူပြစ်ပယ်
အပါယ်လေးပါးကို သွားဖို့ရွယ်
မကြောက်ဘူးလားကွယ်....အိုနှမငယ်

""မောင်ဝဏ္ဏ-ဒီပဲရင်း""

င့ါ အတိတ်အိပ်ရာခင်း (သို့) ဖောင်းပြင်မြို့✏ ၀န်းရံခ(သလ္လာဝတီ)

''င့ါ အတိတ်အိပ်ရာခင်း (သို့) ဖောင်းပြင်မြို့''

သစ္စာတွေ ခြေရာထပ်အောင်
စည်ကားခဲ့ဖူးတဲ့မြို့ ...

မေတ္တာအလင်းရောင်နဲ့
လမင်းငိုအောင် ပြုစားနိုင်ခဲ့ဖူးတဲ့မြို့ ...

ကတ္တရာစေးပါးပါး သဲဖြူဖြူပါးကွက်ကြားနဲ့
သနားကမားလမ်းမတွေ
လမ်းသလားနေခဲ့တဲ့မြို့ ...

လူမျိုးခြားရဲ့ ဘာသာစကားတွေ
အပျိုဖော်မ၀င်ခင်ကတည်းက
တစ်သွေးလှပြီး လူကြီးဆန်နေတတ်ခဲ့တဲ့မြို့ ...

ရွှေမျောလုပ်ကွက်တွေ ရောင်းတန်းမ၀င်ခင်တုန်းက
ဇမ္ဗူရစ်ရွှေသား ရာသီတွေ
သစ္စာရေသောက် ကိုယ်ရောင်တဖိတ်ဖိတ်တောက်ခဲ့တဲ့မြို့...

သစ်ကုမ္ပဏီတွေ အလည်မလာခင်တုန်းက
ကလိုရိုဖီးစက်ရုံတွေနဲ့
အောက်ဆီဂျင်ကုန်ထုတ်လုပ်မှုစွမ်းအား မြင့်မားခဲ့ဖူးတဲ့မြို့ ...

လူပီသသူလူသားတွေ မျိုးသုဉ်းမသွားခင်တုန်းက
လူပီသသူလူသားတွေနဲ့
လူပီသဖို့ကြိုးစားသူလူသားတွေနဲ့
လူလားမြောက်ခဲ့ဖူးတဲ့မြို့ ...

"ဖောင်းလိုက် ပြင်လိုက်” နဲ့
အနိစ္စတရားတို့ တသွင်သွင်စီးဆင်းရာမြို့ ...

အဲဒီမြို့အိပ်ရာခင်းမှာပေါ့.....
လူသားဆန်ဆန်အိပ်မက်ကို
ငါခေါင်းအုံးလို့အိပ်ခဲ့ဖူးတယ် .....။

ဝန်းရံခ(သလ္လာဝတီ)

ချစ်နေဆဲပါ ကလေးရယ်...✏ သက်ပိုင်

(ချစ်နေဆဲပါ ကလေးရယ်)

တစ်ချိန်က ...
မင်းပြောသမျှ
ခေါင်းညိတ်ဖူးတယ် ။
စေညွန်းရာ ..
လုပ်ခဲ့ဖူးတယ် ဆိုတာ
"သိပ်ချစ်လို့ပါ ကလေးရယ်"

ကိုယ်လေ မယုံနိုင်သေးဘူး
ယုံကြည်ခြင်း မြတ်နိုးခြင်းများက
ဆုံးရှုံးခြင်းမှာ လမ်းဆုံးသတဲ့"

အခုတော့...
ချစ်ဖူးခဲ့စဉ်က
ရက်စက်တဲ့ နှုတ်ခမ်းတွေ
လျှို့ဝှက်တဲ့ အပြုံးတွေ
စွဲလန်းဖူးတဲ့ အနမ်းတွေ
ပြန်တွေးမိတိုင်း
အချိန်တိုင်းလေ...
"ချစ်နေဆဲပါပဲ ကလေးရယ်"

သက်ပိုင်

ခြားနားခြင်း

ခြားနားခြင်း

ပန်းရဲ့အလှ ပန်းရဲ့ဘဝဟာ
အေးချမ်းပါရဲ့ မင်းကတော့
ငါရဲ့ရင်ကို အေးချမ်းမူတွေ
မပေးနိုင်တာတော့
အရမ်းအံသြတယ်
အနေဝေးလို့
မပေးနိုင်တာလား ချစ်သူ
ွှမင်းပြောခဲ့တဲ့
စကားတွေကြားတိုင်း
ငါရင်နာလို မဆုံးဘူးရယ်
အနေဝေးလည်း မမေ့ကျေဆို
awwချစ်သူရယ် အခုတော့လည်း ဒို့နှစ်ယောက်ဟာ ဘဝချင်း
ခြားနာသွားပြီပေါ ချစ်သူရယ်

သူရအောင် @ သင်းရနံမြေ

အချစ်ရဲ့သင်္ကေတ. ( စမ္ပာယ်​မြိုင်​) နီတာ

အချစ်ရဲ့သင်္ကေတ

ဝေးကွာ​နေတဲ့ အခိုက်​တန့်​​လေး​တွေမှာ
အလွမ်းဆိုတဲ့ဒဏ်​ရာ​တွေက
အချစ်​ရဲ့သ​င်္ကေတ​တွေ​ပေါ့
ဘယ်​​လောက်​ပဲ​ဝေး​နေ​ဝေး​နေ
အလွမ်းဆိုတဲ့အချစ်​ရဲ့
သ​င်္ကေတ​တွေရှိ​နေသ​ရွေ့​တော့
အချစ်​​တွေလဲ ထာဝရရှိ​နေမှာပါ
ရင်ထဲမှာ​တော့ မင်းကိုလွမ်းတဲ့
အလွမ်း​တွေနဲ့ပြည့်​နက်​​နေပြီ

မယ်​သီတာရဲ့ကျရှုံးခန်း ( စမ္ပာယ်​မြိုင်​) နီတာ

( မယ်​သီတာရဲ့ကျရှုံးခန်း​)

ဆည်းဆာ​နေမင်း အ​ရောင်းဆင်းနဲ့
တောက်​ပမူပြိုင်​ မင်းကနိုင်

စန္ဒာလမင်း တည်​ကြည်​ခြင်းဖြင့်
ဣ​နြေ္ဒ ခြင်းပြိုင်​ မင်းကနိုင်

လေ​ပြေ​လေညှင်း သိမ်​​မွေ့ခြင်းဖြင့်
နူးညံ့မူပြိုင်​ မင်းကနိုင်

ရွှေဟင်းသာမင်း ရူပါဆင်းနဲ့
လှပခြင်းပြိုင်​ မင်းကနိုင်

ငါ ဒဿနဲ့ ချစ်​စစ်​ခင်း​တော့
မင်းမယ်​သီတာ ကျရှုံး​လေပြီ
မုန်း​လေပြီ​ပေါ့ မယ်​သီတာ"

( စမ္ပာယ်​မြိုင်​) နီတာ

ကြေကွဲမနေနဲ့.....( ဇာနည်ဘွား )

ကြေကွဲမနေနဲ့

အချစ်တစ်ခုကွဲပျက်ခဲ့လို့
ကြေကွဲနေရမှာလား......?

ပူဆွေးသောကဗျာပါဒတွေ
များနေရမှာလား.....?

တစ်ကယ်ချစ်လို့.....
တကယ်ခံစားရတာ
အပြစ်လိုဆိုနိုင်မလား.....?

အချစ်တစ်ခုအတွက်
ကိုယ့်ဘဝကိုအပျက်ခံတော့မလိုလား...?

လက်ရှိဘဝထက်ကောင်းလာနိုင်အောင်
ကြိုးစားဖို့ကကိုယ့်တာဝန်ပဲ မဟုတ်လား....?

မင်းစဉ်းစားကြည့်စမ်း

ဇာနည်ဘွား

နှလုံးသား ရုပ်ကြွင်း ✏ အညတရမောင်

နှလုံးသား ရုပ်ကြွင်း

ဖြစ်တည်မူမဲ့ရုပ်ကြွင်းတစ်ခုရဲ့
နှလုံးသားပြတိုက်မှာ
ရင်ခုန်သံအသေနဲ့ငါ
ဒိုင်ယာရီကို မင်းမျက်ဝန်းမှာ
စကားလုံးတွေအဖြစ်
ငါသိမ်းထားတယ်။
ဆောင်းမနက်ရဲ့ နံနက်ခင်းနဲ့
နွေတစ်ခုရဲ့နေ့လယ်ခင်းလို
မင်းအတွက် ငါရင်ထဲမှာလဲ
သောကရာသီနှစ်ခုနဲ့
လွမ်းစိတ်နဲ့အိပ်
လွမ်းစိတ်နဲ့လန့်နိုး
အိမ်မက်ပျိုးလို့
သတိရခြင်းတွေကသာ
သက်တမ်းရင့်ခဲ့ပြီလေ။

အချိန်လွန်နောင်တ ✏ အယ်ဖိုးကို

'''အချိန်လွန်နောင်တ''''

သူငယ်ချင်းတွေ စာကျက်နေ
ကျွန်တော်ကတော့ ပေတေတေ

သူငယ်ချင်းတွေ ရမှတ်ပြိုင်
ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင်

သူငယ်ချင်းတွေ စာတွေရ
ကျွန်တော်ကတော့ '''ဆော်''တွေရ

သူငယ်ချင်တွေ စာဖြေနိုင်
ကျွန်တော်ကတော့ တွေးငေးမှိုင်

သူငယ်ချင်းတွေ ဂုဏ်ထူးထွက်
ကျွန်တော်ကတော့ စာပြန်ကျက်
နောက်နှစ်မှာလည်း ဒီအတန်းတက်

အယ်ဖိုးကို (အင်းလေး)

အချစ် ✉ pp အောင်ပန်း

အချစ်

မျှော့်လင့်ချက်တွေပေးစွမ်းရာ
ယုံကြည်ခြင်းတွေ ဘဝကိုဖေါ်ကျူးရာ
ထုဆစ်ခြင်းတွေ အသက်ရှင်သန်ရာ
oasixလေးတခုပေါ့

နွေဦးကဗျာ....✏ နွေဦး

နွေဦးကဗျာ....

ဆောင်းအကုန်နွေအကူး
လေရူးတွေတသုန်သုန်
အစုန်အဆန်လွင့်ပါး ကြွေရွက်များ။

ပင်ယံသွေ့ခြောက် အပင်အောက်
စုရောက်ရွက်အိုများ။

ရွက်ဟောင်းမှောင်ခြင်း အရုဏ်ကျင်း
အလင်းရွက်သစ်များ။

ဥသြလေးဟာ ကိုင်းထက်မှာ
သာယာသီကြွေး အလွမ်းတေး။
နွေဦး

မှတ်တမ်း ♥ နိုင်

* မှတ်တမ်း *

ကြုံလာရတဲ့ အဖြစ်ဇာတ်လမ်းကို
အချစ်မှတ်တမ်းအနေနဲ့
တင်ပြရခြင်းပါ

တဇောက်ကန်းရယ်လို့
ငေါက်ငန်းရင်လည်း ခံရမှာပါ
မပိုင်တစ်ခက်ပန်းကို
လက်လှမ်းကာ ချူချင်သူ ဒို့အတွက်
အလှတွေ ကြွယ်နေတဲ့သူ
အဖြေပေးစေရာ ရင်လေးနေမှာပေါ့

ခွင့်လွှတ်ပါတယ်....
အလှတွေ ဘယ်လိုပြိုင်လည်း
ယိမ်းယိုင်မည့် လက္ခဏာ
အချက်အချာ ပြနေသည့်အတွက်
ခွင့်လွှတ်ပါတယ်

တစ်ကယ်တော့.....
ကိုယ်တို့ခေတ်မှာ အချစ်ကိုငွေနဲ့
ဝယ်လို့ရမယ်ဆိုတာ....
အစ်ကိုထင်မထားခဲ့ဘူး

တစ်ကယ်တော့.....ကိုယ့်မှာ
သန့်ရှင်းသော မေတ္တာနဲ့
ဖြူစင်သော နှလုံးသားကို
ပေးအပ်နိုင်သည်က လွဲပြီး
ဂုဏ်လည်းမကြွယ်
ငွေလည်းမလွယ်
ဘုံဓမ္မတာအလယ်မှာ ဂုဏ်ငယ်ငယ်နဲ့
အခြေမလှတဲ့ဘဝကို စခဲ့ရသူဆိုတော့
ညီမလေးက ကိုယ့်ကိုထားသွားတာ
မဆန်းပါဘူး ညီမလေးရယ်...

အစ်ကိုခွင့်လွှတ်ရင်းနဲ့ချစ်နေပါ့မယ်
ချစ်ရတဲ့ ညီမလေးရယ်.....

နိုင်(ညောင်ဦး)

Sunday, November 9, 2014

ချစ်နေဆဲပါ ✆ နိုင်(ညောင်ဦး)

* ချစ်နေဆဲပါ *

အခြေအနေ မပေးလို့
ဝေးနေရပေမယ့် မေ့လို့မရပါဘူး
ညီမလေးရယ်...

ဟိုအရင်ချစ်ခဲ့စဉ်က တီတီတာတာ
စကားသံလေးတွေ မမေ့နိုင်စရာ
အပြုံးလေးတွေက အိပ်မက်ထဲထိ
စိုးမိုးနေဆဲဆိုတာ...
ယုံပေးပါ ညီမလေးရယ်...

အစ်ကိုရဲ့ အချစ်တွေကို
ညီမလေးတစ်ယောက် ကစားစရာ
အရုပ်လေးလို သဘောထားခဲ့ပေမယ့်
အစ်ကိုနှလုံးသားထဲမှာတော့
မုန်းမေ့လို့ မရအောင်
ချစ်နေဆဲပါ ညီမလေးရယ်.....

နိုင်(ညောင်ဦး)

ချစ်နှမသို့....➳ နွေဦး

ချစ်နှမသို့....

အချိန်ခါကျ
သဘာဝရဲ့တွန်းအား ကျင်လည်ရာ
မြင်ကြားခြင်းရဲ့လှုပ်ဆော်မှုကြောင့်
မင်းစိတ်တွေ ကစားနေလား

ဘယ်တော့မှ.....
အစစ်မဖြစ်နိုင်တဲ့ အတုတွေကို
မင်းခန္ဓာအိမ်မှာ ကော်ပီကူးလို့
မတပ်ဆင်လိုက်ပါနဲ့ ။

နောင်တနှင့် ဒုက္ခသို့
ဦးတည်နေသူတွေ နည်းပါး
လွဲမှားတဲ့အသိတွေရဲ့နောက်
မင်းတစ်ယောက် မလိုက်မိပါစေနဲ့။

နွေဦး

အချစ် ✈ ရွှေကြေးစည်

(အချစ်)

တဒင်္ဂနဲ့ထာဝရကို
ခွဲခြားပြီး မသိသူ
တစ်ယောက်ရဲ့ရင်မှာ
ဘာဖြစ်လို့အချစ်စစ်တွေ
ရိုက်သွင်းနေချင်ရတာလဲ
အမှန်တကယ်ဆိုကိုယ်က
လက်ကမ်းနေသူတစ်ယောက်ပါ
ဘာဖြစ်လို့မေတ္တာမဲ့တဲ့ အပြုံးတွေနဲ့
နှုတ်ဆက်ထွက်ခွါ သွားချင်ရတာလဲ
ကျန်ရစ်သူနှလုံးသား ရင်ခွင်ဟာ
ဓန,တွေ ဂုဏ်တွေ
မပြည့်စုံနေလို့လား

(တစ်ချိန်တုန်းကညီမလေး)ကျော်စိုးအတွက်
ရွှေကြေးစည် အညာမြေ

ချစ်သူတမ်းချင်း ❦ ငြိမ်းချမ်း (ထစ်ချုန်းမိုး)

'''ချစ်သူတမ်းချင်း'''

လပြည့်သာယာ တိမ်မာယာကင်း
အဆင်းကြည့်လဲ့ ဆူးကင်းပန်းခက်
လက်လှမ်းမမှီ ချစ်မိလေသည်။ ။

တခဏတာ မြင်ခွင့်ရစဉ်
ဖျော့တော့နှလုံး သိမ်းကျုံးယူကာ ချစ်မိသူသည် သခင်မတည်း။ ။

မျိုသိပ့်မစွမ်း ပေါက်ကွဲလွင့်ကာ
မချင့်မရဲ ရင်နှင့်တွဲ၍
ထားခဲ့တူညီ ရှိစေခဲ့သည်။ ။

ခြေရာတစ်စုံ နယ်ကျော်လာခဲ့
ဖြည်းဖြည်းစိမ့်ဝင် အသည်းနင့်အောင်
နမ်းမိမယ်သည် ယူသွားလေပြီ။ ။


ငြိမ်းချမ်း (ထစ်ချုန်းမိုး)

Friday, November 7, 2014

မ ,မရှိသော... ❦ p pyae

ppyae အောင်ပန်း

မ,မပါဘဲ မောင့်ဘဝ ဆက်လှမ်းနိုင်သေးတယ်
ချိနဲ့စွာနဲ့လေ.....

မ,မပါဘဲ မောင့်အခက်ခဲတွေကျော်ဖြတ်နိုင်သေးတယ်
ခွန်အားမဲ့စွာနဲ့လေ.....

မ,မပါဘဲ
မောင့်ရဲ့အနာဂါတ်ရှိနိုင်သေးတယ်
မျှော်လင့်ချက်မဲ့စွာနဲ့လေ......

ppyae အောင်ပန်း

အုံ့ပုန်းအချစ် ✈ မျက်းဝန်းညို (ဖြူး)

အုံ့ပုန်းအချစ်

ငါ့ရင်ခုန်သံတွေကျရှုံးခဲ့ပြီ ချစ်သူ....
မင်းရဲ့ညို့ယူနိုင်တဲ့
မျက်ဝန်းတစ်စုံရဲ့အောက်မှာပေါ့...

အစွန်းရောက်အချစ်ရဲ့လမ်းမထက်မှာ
တိုးတိတ်စွာ လျှောက်လှမ်းနေတဲ့
ငါ့နှလုံးသားရဲ့ စကားသံတွေ
မင်းကြားနိုင်ပါ့မလား....
မင်းမြင်အောင်ကြည့်လိုက်ပါ
ငါ့မျက်ဝန်းထဲမှာရှင်သန်နေတဲ့
အချစ်တွေ မင်းမြင်ရမှာပါ ငါ့နှလုံးသားရဲ့ချစ်စကားသံတွေကိုပေါ့ ချစ်သူရယ်....

မျက်းဝန်းညို (ဖြူး)

အဆုံမဲ့ချစ်​ခြင်း (​နေကာရံ)

အဆုံမဲ့ချစ်​ခြင်း (​နေကာရံ)

ကောင်​မ​လေးရယ်
ချစ်​တရ်​လို့ဖွင်​ဟမ​ပြောတဲ့ငါ့ရင်​ထဲမှာ
ကောင်​မ​လေး ချစ်​သူထက်​ပိုတဲ့
သံ​ယောဇဉ်​​တွေနဲ့
ဂရုစိုက်​မှု​တွေရှိ​နေတာ
ကောင်​မ​လေးသိမှာပါ
သူငယ်​ချင်းမဟုတ်​​တော့တဲ့
ငါ့ရဲ့အချစ်​​တွေဟာ
ကောင်​မ​လေးရဲ့ဂရုစိုက်​မှု​အောက်​မှာ
စီး​မျောရင်းပေးဆပ်​​နေပါရ​စေ.....

နေကာရံ

ချစ်​ရ​သောအိသို့...... ရ​ဝေ(​ဖောင်းပြင်​)

"ချစ်​ရ​သောအိသို့"

မလွယ်​ကူ​သော အ​ခြေအ​နေ
မဖြစ်​နိုင်​​သော ဘဝ​တွေ​ကြောင့်
ဒို့နှစ်​ယောက်ရဲ့ဇာတ်​လမ်း
မစ​သေးခင်​ ဆုံးလိုက်​ကြပါစို့လား
မင်းကို​တွေ့ချင်​ မြင်​ချင်​​နေ​ပေမယ့်
ဘယ်​လိုဘယ်​လိုမှ မဖြစ်​နိုင်​တဲ့ဘဝမို့
ဒီဘဝဒီမျှ ဒီခဏနှင့်​သာ
စွန့်​လွှတ်​ရင်းနဲ့
ချစ်​​နေပါ့မယ်​အိရယ်

ရ​ဝေ(​ဖောင်းပြင်​)

ကတိစကား ✉ ပန်​သာ

ကတိစကား

နှစ်​ဦးသ​ဘောတူ
ကတိသစ္စာပြုထားတာက
နင်​ဘယ်​သူနဲ့တွဲတွဲ
နောက်​ဆုံး....
ငါ့ကိုပဲလက်​ထပ်​ရမယ်​တဲ့။
အခု​တော့.....ငါက​တော့
မင်း​ပေးတဲ့ကတိကိုတည်​ပေ​မဲ့
မင်းက​တော့​မေ့သွားပြီး​ပေါ့
ချစ်​သူရယ်​​မေ့​နေတာလား
မေ့ချင်​ဟန်​​ဆောင်​​နေတာလား
ငါကပဲမင်းကိုယုံကြည်​​နေမိတာလားကွာ။

ပန်​သာ

နောင်​တမဟုတ်​တဲ့​နောင်​တ ✉ ပန်​သာ

နောင်​တမဟုတ်​တဲ့​နောင်​တ

ငါ​နောင်​တရမိတယ်
နင့်​ကိုနာကျင်​​အောင်​လုပ်​ခဲ့မိလို့။

ငါ​နောင်​တရမိတယ်
နင့်​အချစ်​​တွေကိုတန်​ဖိုးမထားခဲ့မိလို့။

ငါ​နောင်​တရမိတယ်
နင်​အချစ်​ဆိုတာ
မခံစား​တက်​​တော့​အောင်​လုပ်​ခဲ့မိလို့

ဒါပေမဲ့ နင့်​ကိုချစ်​ခဲ့တာအတွက်​​တော့
ငါဘယ်​​တော့မှ​နောင်​တမရဘူး။

ပန်​သာ

မေ့မရသူ ✏ ကောင်းခန့်(ရွှေကျွန်းမြေ)

မေ့မရသူ

လွမ်းလွန်းတယ်အမရယ်
အမှတ်တမဲ့တွေကြုံတိုင်း
အမှတ်တရတွေ သတိရမိတတ်တာ
မောင်လေးရဲ့ဗီဇတစ်ခုလိုဖြစ်နေပြီ
မောင်လေးရင်ထဲမှာစွဲထင်နေတဲ့
မရဲ့ရုပ်သွင်လေး
မောင်လေးနှလုံးသားပေါ်မှာ
ရေးထွင်ထားတဲ့ မရဲ့နာမည်လေး
မောင်လေးသိပ်မြတ်နိုးတဲ့ မရဲ့အသံလေး
ဒါတွေကိုဘယ်လိုမေ့ဖျောက်ပစ်လို့
ရပါ့မလဲအစ်မရယ်....

ကောင်းခန့်(ရွှေကျွန်းမြေ)
မန္တလာမြေမှအစ်မတစ်ယောက်အတွက်
ရင်တွင်းခံစားချက်လေး

အလွမ်းအဖြစ် လောင်ကျွမ်းပြခြင်း (အညတရမောင်)

ကြေမွလွယ်တဲ့ ရင်ဘတ်နဲ့
ရင်ခုန်သံအပိုင်းအစက
တစ်စစီပြန်ကောက်ဖို့
လက်တွေ့ဘဝနဲ့ဝေးလို့ တဲ့

ကိုယ့်အိမ်မက်နဲ့ကိုယ်
အပြင်ထွက်ကျတော့
အေးစက်စက် ညနဲ့
မင်းနိုးထမဲ့ မနက်က
ိုမအိပ်ပဲ ငါစောင့်နေခဲ့တယ်။

နံရံ ကခြားနားမရှိရော့သလား
ဘဝတွေများမျှော်လင့်ခွင့်မရှိတာ
လိုက်လေဝေးလေဆိုတာကို
လက်ခံနိုင်ဖို့ခက်နေလို့
ဖျက်ရာတွေကသိပ်များခဲ့တယ်။

ဆေးတစ်စက်ရဲ့ စွန်းထင်မူက
စုတ်ချက်ကြမ်းလို့
ငါ နှလုံးသားကြမ်းပြင်မညီညာမူနဲ့
ဝေဒနာ ဆေးစက်က
စိတ္တဇ ဖြစ်လို့။


ငါလွမ်းတယ်ကောင်မလေး
ဘာမှမသဲကွဲပေမဲ့ကိုယ့်ကိုကိုယ်
လောင်ကျွမ်းပုံက ပြာစလို ပျယ်လွင့်အလွမ်းဖြစ်လို့လေ။

အညတရမောင်

ကဗျာဝေဒနာခြေရာ (အညတရမောင်)

ကဗျာဝေဒနာခြေရာ

နင်မပါတဲ့ ညက
နာကျင်စရာပြည့်နှက်မွန်းကျပ်လို့
တစ်နေရာစာ လောက်ဖြစ်ဖြစ်
ငါကိုခိုလုံခွင့်ပေးပါ။
မဆုံခင်မှာကြုံလာမဲ့ ငါတို့
ကံကြမ္မာကရှင်ကွဲကွဲဖို့
အဖျားခတ်သွားလို့
အနားသတ်မပါတဲ့
ကာရန်မဲ့ကဗျာအပိုင်းအစသာ
ရင်ဘတ်ကထွက်ကျ ငြိမ်သက်
အသက်မဲ့မူ အဝေးမှာ
ငါတိတ်တိတ်လေးပဲ
နေခဲ့ရတယ်လေ။

အညတရမောင်

အပြုံးမျက်ရည် (လျှို့ဝှက်လွမ်း)

အပြုံးမျက်ရည် (လျှို့ဝှက်လွမ်း)

အမုန်းမဲ့မှတ်တိုင်က
အပြုံးနဲ့ငါ့စတိုင်ဟာ
အသုံးတော်ခံဘဝနဲ့
အမုန်းတော်ဒဏ်ကိုလည်း
အပြုံးနဲ့ခံယူဝံ့ပါတယ်......
အမုန်းမဟုတ်ခဲ့တဲ့
အမုန်းဆုံးဒဏ်ချက်ကြောင့်
အပြုံးမျက်ရည်ဟာ
အနက်ရှိုင်းဆုံးနှလုံးသားထဲမှာ
အမြဲစီးဆင်းနေလျှက်ပါ
အရမ်းချစ်ရသောသူရယ့့် 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

ုပြုံးလျက်ချစ်နေမယ် ✌ အယ်ဖိုးကို (အင်းလေး)

ုပြုံးလျက်ချစ်နေမယ်

တွေ့ရတာတစ်ခဏ
ပျော်ရတာတစ်က္ကန့်
လွမ်းရတာတစ်ဘဝ
မမုန်းရက်တယ်
ပြုံးလျက်ချစ်နေမယ်

အယ်ဖိုးကို (အင်းလေး)

ကြိုးစားသူငယ်ချင်း...❦ ဇာနည်ဘွား

ကြိုးစားသူငယ်ချင်း

ပိန်တော့ ဆေးသမား
ဝတော့ ဘီယာဗိုက်ချီးဗိုက်

ရည်းစားမရှိတော့ အခြောက်
ရှိတော့ နှာဘူး

နိုင်တော့ ကြက်ကန်းဆန်အိုးတိုး
ရှုံးတော့ သောက်သုံးမကြဘူးတဲ့

အဲဒီတော့.....ဘယ်လောက်ပဲ
ကောင်းအောင်လုပ်လုပ်
ချီးမွှမ်းခံရဖို့က နည်းနည်း
ကဲ့ရဲ့ခံရတာက များများ

ဒါကြောင့်....
ဘယ်သူတွေဘာပြောပြော
ကိုယ်ကြိုးစားသမျှအချည်းနှီးမဖြစ်စေနဲ့

ကောင်းတာလုပ်ရင်
ကောင်းသောအကျိုးခံစားရမယ်
ကံကံ၏အကြိုးကို ယုံကြည်ပါ

ဇာနည်ဘွား

အိမ်မက်သခင် ❆ သူရိယ

(အိမ်မက်သခင်)

စိမ်းလဲ့တဲ့မျက်ဝန်း
သွယ်ဆင်းတဲ့နှာတံ
နက်မှောင်တဲ့ကေသာ
မင်းလေးရဲ့ရူပါဟာ
ကိုယ့်ဘဝအတွက်
ထူးဆန်းတဲ့အိမ်မက်
မြင်မက်စေခဲ့ရတယ်...

သူရိယ(လ.ပ.ဇ)

ရင်ကွဲအတိတ် ☺ သူရိယ

ရင်ကွဲအတိတ်

မုန်းမေ့လိုက်ပါ အတိတ်ဟောင်းကို
မင်းရဲ့စိတ်မှာ မေ့ဖျောက်လို့ပေါ့
မနက်ဖြန်ဆိုတဲ့ နေ့ရက်တိုင်းမှာ
မင်းဘဝရဲ့ အနာဂတ်ကို
ပုံဖော်ထုဆစ် ရင်ခွင်သစ်မှာ
ငါ့အတွက်နဲ့ မျက်ရည်ကျ
ဘယ်သောခါမှ လွမ်းဆွေးနေလို့
မခံစားပါနဲ့ ဒဏ်ရာများစွာနဲ့
ငါကျေနပ်ပါတယ်
့
သူရိယ (လ.ပ.ဇ.)

လွမ်းချင်သည်....✆ လွမ်းဝေ (ပဲခူး)

လွမ်းချင်သည်

တစ်နေ့ထက်တစ်နေ့
မမေ့ခဲ့စိတ်ကြောင့်
ယိုဖိတ်ခဲ့မျက်ရည်တစက်ကို
တစ်သက် မှတ်မိမယ်ဆိုရင်
ရက်စက်ခဲ့တဲ့မင်းကို
တစ်ရက်မပျက် လွမ်းနေမှာပါ

လွမ်းဝေ (ပဲခူး)

မင်း​ပြောဖူးတဲ့စကား ♥ မင်းစိုး

မင်း​ပြောဖူးတဲ့စကား

"အရမ်းချစ်​ပါသတဲ့ရှင်​"တဲ့
နှလုံး​သွေးရပ်​မတတ်
ပျော်​မိခဲ့တယ်
အချိန်သိပ်​မကြာလိုက်​ပါဘူး
အမုန်းဆိုတဲ့ နွံ ထဲကို
ခေါင်းဆုံးဆုံးမြုပ်​ခဲ့ရတယ်
ဝမ်းနည်းမှု​တွေအပြည့်​နဲ့​ပေါ
ရုန်းမထွက်​နိုင်​ခဲ့ဘူး
ဒါ​ပေမဲ့....
လမ်းခွဲလို့နှုတ်​ဆက်​ခဲ့ပါတယ်

မင်းစိုး

သူ့အလှ ♥ မိုးထက်

သူ့အလှ

လှ​​သောပန်းတိုင်း​ မလွမ်းတတ်​သလို
မွှေး​သောပန်းတိုင်း မနမ်းတတ်​ပါဘူး
မြိုင်​​တောအလယ်​ ပန်းစံပယ်​သာ
ကျွန်​​တော့ဘဝ သူ့အလှ

မိုးထက်​}​ဖောင်းပြင်

သတိ ♥ မိုးထက်

သတိ

နှစ်​လုံးသားရဲ့
အနက်​ရှိုင်းဆုံး​နေရာတစ်​ခုက
စေ့​ဆော်​မှု့​ကြောင့်
ဦး​ဏှောက်​ကို အသိမ​ပေးပဲ
ထင်​ရာလုပ်​မိလို့
ဒုက္ခ​ရောက်​​ပေါင်းများခဲ့ပြီ။

.{မိုးထက်​} ​ဖောင်းပြင်

အချစ် ♡ အညတရမောင်

တိတ်ဆိတ်ခြင်းနောက်မှာ
ဆွံအငြိမ်သက် သွားတဲ့
စကားလုံးတွေ သတိရခြင်းတွေနဲ့
အမည်ဖော်မရတဲ့
မျှော်လင့်ခြင်းတွေရှိတယ်။

နီးခြင်းဝေးခြင်းဆိုတဲ့
စကားလုံးတွေထက်မှာ
နှလုံးသားနဲ့ချစ်တာကို သိခွင့်ရနေတာ
မှတ်မိစေတာက ချစ်သူရဲ့
မျက်ဝန်းတစုံပါ။

မြင်ခွင့် တွေ့ခွင့်ရှိမှ မဟုတ်ပါဘူး
မဆုံနိင်အောင် တစ်နေရာဆီ
ဝေးနေခဲ့ရင်တောင် ကမ္ဘ္ဘာမြေထဲမှာ
အတူရှိနေသမျှတော့. . . . . . . .။

အညတရမောင်

လျှို့ဝှက်အလွမ်း ✉ အညတရမောင်

အဝေးကလွင့်နေတဲ့တိမ်တိုက်နဲ့
ညနေခင်းတစ်ခုရဲ့ကောင်ကင်းမှာ
စိတ္တဇဆန်တဲ့အခန်းထဲ
လမင်းကို နမ်းရှိုက်ဖို့
အလွမ်းတံခါးဝမှာ
နေဝင်ချိန်ကိုနူတ်ဆက်စို့။

နှင်းစက်တို့ကအလင်းကိုဖောက်ပြီး
လမ်းမီးတိုင်တွေပေါ်မှာ
ရိုင်းနွဲ့လို့အေးစက်ခြင်းက
ငါနှလုံးသားကို
သယ်ဆောင်သွားခဲ့တယ်လေ။

အော် . . .ဒီလိုနဲ့
ကောင်မလေးရေ.....
ငါရင်ဘတ် ကိုပြန်ကြည့်ဖို့
အမှတ်ရချိန်မှာ ဒဏ်ရာတွေ
ဗလပွနဲ့ အခုမှအလွမ်းတွေ
ဖြတ်လျှောက်သွားတာကို
ငါမြင်တွေ့ခဲ့ရတယ်။

အညတရမောင်

ငေးကြည့်ခွင့် (အညတရမောင်)

မဆုံတဲ့လမ်းတွေမှာ
တွယ်မိတဲ့ သံယောဇဉ်က
စွန်းထင်စွဲကျန်
မေ့မရတဲ့ခါတစ်နေရာတည်းနေပြီး
မိုင်ထောင်ချီဝေးနေတဲ့ ဝေးကွာမူတွေနဲ့
ချစ်လျှက်ဖွင့်ပြောခွင့် မရတဲ့အခြေနေမျိုးမှာ
ကိုယ်လိုလူတစ်ယောက်လုပ်နိုင်တာ
မင်းရှိနေတယ်ဆိုတဲ့အသိနဲ့
အဝေးကငေး ကြည့်နေခွင့်လေးပါပဲ။

သင်ဘယ်လိုမိန်းကလေးလဲ..... (သူရိန်စိုး)

သင်ဘယ်လိုမိန်းကလေးလဲ

ကျွန်မဘဝမှာ.....
မိဘအတွက်လည်း
သမီးကောင်းတစ်ယောက်မဖြစ်ခဲ့.....

ဆရာသမားအတွက်လည်း
တပည့်ကောင်းတစ်ယောက်မဖြစ်ခဲ့

အပေါင်းအသင်းအတွက်လည်း
မိတ်ဆွေကောင်းတစ်ယောက်မဖြစ်ခဲ့....

လင်အတွက်လည်းမယားကောင်း
တစ်ယောက်မဖြစ်ခဲ့....

သားသမီးတွေအတွက်လည်း
မိခင်ကောင်းတစ်ယောက်မဖြစ်ခဲ့....

သာသနာအတွက်လည်း
အာဇာနည်ကောင်း
တစ်ယောက်မဖြစ်ခဲ့

တပည့်တွေအတွက်လည်း
ဆရာမကောင်းတစ်ယောက်မဖြစ်ခဲ့

တိုင်းပြည်အတွက်လည်း
အုတ်တစ်ချပ် သဲတစ်ပွင့်မှ
သယ်ပိုးရွက်ဆောင်မှူရှိတဲ့
သူတစ်ယောက်မဖြစ်ခဲ့....

ဒါဟာ.....ဘယ်သူလုပ်ခဲ့တာလဲ...
သင်ဘယ်လိုမိန်းကလေးဖြစ်တယ်ဆိုတာ
ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါ....

သူရိန်စိုး(ရွှေသင်းမြို့)

အားငယ်မိသူ ♡ သူရိန်စိုး

အားငယ်မိသူ

အရာရာပြည့်စုံ ဘဝဆိုတာ
လောကနိဗ္ဗာန်ပါလားလို့....
ထင်နိုင်သူတွေအတွက်
မြင်မြင်သမျှလောကရဲ့အလှကိုခံစားပြီး
သာယာကြည်နူးမှုတွေနဲ့ပြည့်နေပေမဲ့ ဘဝအတွက်ပြည့်စုံမှုမရှိ
ဒုက္ခဝဲလယ်မှာ စိတ်ဆင်းရဲမှုတွေနဲ့
ပြည့်နှက်နေတဲ့ ငါ့အတွက်တော့
အလှတရားဟာဘာလဲလို့....
မေးရလောက်အောင်
အလှတရားကိုမခံစားနိုင်.....
ခံလည်းမခံစားတတ်
ခံစားရမှန်းလည်းမသိတော့ဘူး.....
သာယာကြည်နူးမှုတွေ ဆိတ်သုဉ်းနေတော့ ခံစားတတ်တဲ့နှလုံးသားမှ
ငါ့မှာရှိသေးရဲ့ လားလို့
တခါတလေ.....ကိုယ့်ကိုယ်ကို
တွေးရင်းပြန်မေးပြီး
စိတ်ပျက်အားငယ်လာမိတယ်.....

သူရိန်စိုး(ရွှေသင်းမြို့)

ဂုဏ်မြင့်လို........♡ သူရိန်စိုး

ဂုဏ်မြင့်လို........

ကိုယ့်ဂုဏ်တက်ဖို့ အတွက်နဲ့ 
သူတစ်ပါးကိုမနှိမ့်ချပါနဲ့
သူ့ဂုဏ်တက်ဖို့အတွက်နဲ့လည်း
ကိုယ့်ကိုမထိခိုက်ရင်ပိုကောင်းတယ်
.|ဘာကြောင့်လည်းဆိုတော့ သူ့ ဂုဏ်ကိုနှိမ့်ရင် ကိုဂုဏ်လည်းနှိမ့်တယ်| သူ့ ဂုဏ်ကိုမြှောက်ရင်
ကိုယ်ဂုဏ်လည်းမြှောက်တယ်
ရေကြောင့်ကြာဟာ တင်တယ်နေသလို ကြာကြောင့်လည်းရေကန်ဟာ သာယာလှပလာတယ်
ဒီလိုပါပဲ......

သူရိန်စိုး (ရွှေသင်းမြို့)

အုံ့ပုန်းပန်း ♡ သက်ပိုင်

အုံ့ပုန်းပန်း

ယောက်ျားတစ်ယောက်ရဲ့
တစ်ဖက်သတ် အချစ်
ရင်ထဲမှာ နစ်ပါစေတော့။

ဖွင့်ပြောဖို့မသင့်ပါဘူး
ဝေဒနာလျှံ
အဆိပ်ဒဏ်သင့်စေလဲ
မဖြေသာ...
အံကြိတ်ခဲပါ့မယ် ။ ။

ကျွန်တော်ရဲ့ အချစ်ကို
တစ်နေ့နေ့တွင် ....
စေ့စေ့မြင်လာမလားရယ်လို့
ပုံစံလေး....
အချိုးမကျ တကျနဲ့
ဟန်ပန်လေး...
တစ်မျိုးပြီးတစ်မျိုး ပြခဲ့ပါရဲ့။

.``မရစ်လို့ မငင်တဲ့
ချည်တမျှင်နှယ်။
မချစ်လို့ မမြင်တာလား
သူရယ်"

သူ မသိတာထက်
ရင်ထဲမှာ…
အပူမိတာ ခက်တယ်ကွယ်။

သက်ပိုင်

ငါယုံကြည်တယ် (လျှို့ဝှက်လွမ်း)

ငါယုံကြည်တယ် (လျှို့ဝှက်လွမ်း)

ဝေးခဲ့ပေမယ့် အချစ်ရယ်
ဆွေးစိတ်တွေ ဖြေမသိပ်နိုင်ဘူး
ချစ်ခဲ့တာမှန်ပေမယ့်
ပစ်ပယ်ရမဲ့ဘဝအခြေအနေကို
ငါဘယ်လိုဖြေရမလဲ
စဉ်းစားရပေမယ့်
နင်ငါ့ပြန်ချစ်စေချင်မိတယ်
ဘဝဆိုတာ
အနိမ့်အမြင့်နောက်ကွယ်က
အတက်အကျကိုခန့်မှန်းလို့ရသလို
မသေချာတဲ့ဘဝ
ငါတို့ဝေးကြရတော့မယ်
ဘယ်ဘဝကို ဘယ်အခြေအနေ
ဘယ်ဘဝရောက်နေနေပေါ့ဟာ
ငါတို့ဆုံခွင့်ရမယ်လို့
ငါယုံကြည်ဆဲပါ.....

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

မုန်းတော်ခံ (လျှို့ဝှက်လွမ်း)

မုန်းတော်ခံ (လျှို့ဝှက်လွမ်း)

ရွှေစိတ်တော် ညိုးမှာစိုး၍
တိတ်တိတ်လေးပဲ ခိုးကြည့်မိတယ်
သူနဲ့စကား ပြောချင်ငြားလည်း
ကဗျာများပဲရေးရတယ်
မုန်း၍မရ မေ့မရလို့
တိတ်တခိုးပဲ ခိုးချစ်မယ့့် 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

အယူခံ (လျှို့ဝှက်လွမ်း)

အယူခံ (လျှို့ဝှက်လွမ်း)

တမ်းတကဗျာ လွမ်းရစာကို
အယူခံတေး မှတ်၍ပေးနော့့် 
စိမ်းရက်သူရယ်
ပြစ်ချက်မရှိ မင်းမုန်း၏လို့
ပြတ်ပြတ်သားသား မင်းမုန်းသွားတာ
အယူခံစာခွင့်ပြုပါ့ 
မုန်းရက်ကိုလျှော့ မာနလျှော့ကာ
မင်းလေးငါကို ချစ်ကြည့်ပါ
ပျော်ရွှင်ခြင်းရက် ဂဟေဆက်လို့
မိုးမြင့်ထက်မှာ ရှိစေမှာ့ 

လျှိုဝှက်လွမ်း(မင်းလှ-ရေကျော်)

မိုးပြေး ✉ အညတရမောင်

မိုးပြေး

တစ်နေရာဆီမှာမိုင်အကွာ
အဝေးကခြားနားလို့
ရင်ဘတ်ကိုတိုက်စား
ထွက်ကျသွားတဲ့ စကားလုံးတွေ
ပြန်ပြန်အန်ထုတ်ဖို့ငါ
သတိရခြင်းကနင့်အတွက်
အရင်ကအတိုင်းပဲ။

တုန့်ပြန်မူမဲ့ ဆက်သွယ်မူမဲ့
ဧရိယာရပ်ဝန်းထဲမှာ
ငါနှလုံးသား မိုးခေါင်တဲ့နေ့ရက်က
နင်မိုးတစ်စက်က
ိုငါမျှော်လင့်ခဲ့ဖူးပါရဲ့။

အခုတော့. . . . . .

အိပ်ပျက် ညနက်
အမှတ်တမဲ့ကျတဲ့
မိုးပြေးလေး လို
မစို့မပိုအလွမ်းတွေပေးပြီး
ထွက်သွားခဲ့ပေါ့လေ။

ကဗျာသမား ✉ ထွန်းနောင်

"ကဗျာသမား"

@ ဘောလ်ပင်တစ်ချောင်း
စာရွက်တစ်ရွက်
ကော်ဖီတစ်ခွက်နဲ့
ဘဝခရီးကို ရှေ့ဆက်မလား . .?

@ ဟန်းဖုန်းတစ်လုံး
နားကြပ်တစ်စုံ
ခုန်နေတဲ့ နှလုံးသားနဲ့
ဒီအတိုင်းပဲ ရှေ့ဆက်သွားမလား . .?

@ ပစ္စုပ္ပန်ကိုရှုကြည့်
သတ္တိရှိရှိနဲ့
ဘဝကို ရဲရဲရင်ဆိုင်ကြည့်မလား . .?

@ ငါ့ရင်တွင်းက
ပဋိပက္ခ
ဘယ်သူကယ်မ,နိုင်မှာလဲ . .?

@ နောက်ဆုံးမှာ
သေချာတဲ့အဖြေ
ငါကိုယ်တိုင်ပဲ ရှာဖွေပေးလိုက်ပါ့မယ်. .

@ ဘောလ်ပင်တစ်ချောင်း
စာရွက်တစ်ရွက်
ကော်ဖီတစ်ခွက်နဲ့
ကဗျာရေးရင်း ရှေ့ဆက်သွားချင်တယ် . . . .။

ထွန်းနောင်(ဖောင်းပြင်)

Monday, November 3, 2014

ကဗျာတွေကို
ကာရံတွေနဲ့
လှအောင်မရေးတက်ပေမဲ့
မင်းနဲ့စတဲ့
အချစ်အက္ခရာတွေကိုတော့
ငါ လှအောင်ရေးတက်နေပြီ
ဘာဖြစ်လို့လည်းဆိုတော့
ငါ့ရဲ့နှလုံးသားမှာ
အချစ်ဆိုတဲ့မေတ္တာစစ်တွေနဲ့
မင်းကိုတစ်ဖက်သတ်
ချစ်နေမိလို့ပေါ့
ရွှေကြေးစည်
(အညာမြေ)

သူသိ​စေချင်​.... ပျိုတို့​မောင်​(မန္တ​လေး)

-သူသိ​စေချင်​-

ငါ့ရင်​ဘယ်​ဘတ်​ခြမ်းမှာ
မင်းကိုထားတဲ့
သံ​ယောဇဉ်​​တွေများ​နေပြီဟာ
မင်းသိ​စေချင်​တာက
ဘယ်​​လောက်​များများ
ငါသယ်​နိုင်​ပါတယ်
လျော့မသွားဘူးဆိုတာအမှန်​ပါ
အချစ်​ကပူ​လောင်​မှန်း
ငါသိပါတယ်
ပူ​လောင်​မူ့ဒဏ်​​တွေ
ငါဘယ်​​လောက်​ခံစား​နေရလည်း
မင်းရဲ့အပြုံးပန်း​လေး​တွေ
ငြိုမသွား​စေချင်​တာ
ငါ့ရဲ့အစစ်​မှန်​ဆုံး​စေတနာပါ
ဘာဖြစ်​ဖြစ်​​လေ
တစ်​​နေ့​နေ့မှာ
ငါ့အချစ်​​တွေမင်းသိရင်
ကျေနပ်​ပါပြီ။

ပျိုတို့​မောင်​(မန္တ​လေး)

မမိုက်လေနဲ့. ❀ ❀ နေမျိုးသာကီ(မြို့မ)

(မမိုက်လေနဲ့)

စိတ်နှလုံး ပိတ်ဖုံးပါတဲ့
ငါး ကာမဂုဏ်
မှားအာရုံ နင်ကြိုက်လျှင်ဖြင့်
နင့်ပြင် အမိုက် ရှိမည်နည်း။ ။

စိတ်နှလုံး မေတ္တာဖုံးပါလို့
ငါးသီလ လုံ
သရဏဂုံ နင် ထုံခဲ့ပါလျှင်
အမှန်ပင် အမိုက်တိုက်လင်းမည်တည်း ။

နေမျိုးသာကီ(မြို့မ)

လွဲမှားခြင်း

လွဲမှားခြင်း

တိမ်တွေငိုနေတယ် ပြိုတော့မယ်ထင်ပါရဲ့
မောင်လေးရင်ထဲက ကွဲအပ်ကြေမွနေတဲ့ နှလုံးသားလေးနှင့် အတူပေါ့…
မိုးတွေရွာနေချိန် မိုးစက်လေးတွေ ကြားမှာ စတင်ခဲ့တဲ့
အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ဟာ
မိုးစက်လေးတွေကြားမှာပဲ အဆုံးသတ်လိုက်ရတော့မှာလား အမရယ်..။
မဖြစ်နိုင်တော့တဲ့ဘ၀နှစ်ခုအခက်အခဲ အတားအဆီးတွေများလွန်းလို့
သြော်....တို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေးအဆုံးသတ်ရတော့မယ်ထင်ပါရဲ့
ဇာတ်လမ်းမှန်ရင် အဆုံးသတ်ဆိုတာ ရှိသမြဲပါချစ်သူ
့(မောင်လေးတို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေးဟာ ပျော်ရွှင်မှုတွေနှင့် အဆုံးမသတ်သေ်းခဲ့ပေမဲ့
အမုန်းတွေလည်းမပါ နားလည်မှုတွေ(ကိုယ်စီ)နှင့်သာ အဆုံးသက်ခဲ့ရင်ကောင်းပဲလို့
တွေးရင်မောင်လေးတစ်မျိုးတော့ ကြည်နုးမိပါရဲ့…။
ဒါပေမယ့် မောင်လေးရင်ထဲက ဘယ်သူမှ မမြင်နိုင်တဲ့
နှလုံးသားလေးကတော့ ကွဲအက် ကြေမွနေလေရဲ့
လူမသိအလွမ်း ကျွမ်းမတတ်အသဲနဲ့ တိတ်တဆိတ် ငိုနေလေရဲ့
တိမ်ညိုတွေနဲ့အတူတူပေါ့ အမရယ်...။)
သေချာမယ်ထင်တယ် တိမ်တွေပြိုတိုင်း ငိုမိဦးမှာ
မိုးစက်လေးတွေ ကြွေတိုင်း ငေးမိနေဦးမှာ ထင်တယ် အမရယ်..။
မောင်လေးတို့နှစ်ယောက်ကြားမှာ သံယောဇဉ်မရှိခဲ့ပေမယ့် မောင်လေးအမကိုတကယ်ခင်တွယ်မိသွားတယ် လို့ပြောရင် ဒါကိုအပြစ်လို့ပြောမှာလား

ကောင်းခန့်(ရွှေကျွန်းမြေ)မန္တမြေကအစ်မတစ်ယောက်အတွက်

နှလုံးသားသခင်​ (​ နေကာရံ )

နှလုံးသားသခင်
(​ နေကာရံ )

ချစ်​သူ
ငါမင်းကိုချစ်​တရ်​​ပြောခဲ့တာ
ငါနှလုံးသား ဒဏ်​ရာရချင်​လို့
မဟုတ်​ဘူး ပိုင်​ရှင်​မဲ့​နေတဲ့
ငါ့နှလုံးသားရဲ့သခင်​အဖြစ်
ထာဝရ​နေရာ​ပေးချင်​ခဲ့တာပါ
မေတ္တာ​နှောင်​ဖွဲ့အချစ်​​တွေနဲ့
ရင်​မှဖြစ်​တည်​ချစ်​မိပြီ

မျှော်လင့်ခွင့်ရရင် ❦ ဘန်းလောင်သားလေး

မျှော်လင့်ခွင့်ရရင်

အကြင်နာစစ်နဲ့ တကယ်ချစ်ခဲ့ပေမယ့်
ပြောမထွက်လို့သိမ်းထား
အဖြူရောင်စည်းလေး ခြားထားတယ်နော်

တစ်ချိန်မှာဝေး လေနှင်ရာပြေးကြရင်
တွေးတွေးပြီးဆွေးရမှာ မောင်ပါ♡
အဲ့ဒါကြောင့်.....

ကြယ်တွေကြွေတိုင်း မျက်ရည်ဝိုင်းရင်း
မောင်ဆုတောင်းတယ် မရယ်
ပန်းသာပျိုး၍ ပန်းမချိုးရတဲ့
ဥယျာဉ်မှူးဘဝ ဘယ်တော့မှ
မောင်မရောက်ပါရစေနဲ့ မရယ်

ဘန်းလောင်သားလေး(ဖြူး)

အသွင်ပြောင်းတဲ့ကြိုး ✏ ဘန်းလောင်သားလေး

အသွင်ပြောင်းတဲ့ကြိုး

မနဲ့မောင်ကြား ဆက်သွယ်ထားတဲ့
ယိုင်နဲ့နဲ့ကြိုးတစ်ချောင်း
အသွင်ပြောင်းခဲ့ပြီနော် မ

သံယောဇဉ်တွေ အထပ်ထပ်
မခိုင်လို့ပြတ်လည်း ရင်ဘတ်ထဲကအနာဂတ်
မောင်ဘယ်လို ဖြတ်ရမလဲ မရယ်.....

ဘန်းလောင်သားလေး(ဖြူး)

စိုင်းစိုင်း

စိုင်းစိုင်း
ကာရန်ကိုတွေး
ကဗျာရေးဖို့လောက်ပဲ
ငါစဉ်းစားခဲ့တာပါ
အခုတော့
ငါ့ရင်ထဲမှာခံစားနေရတဲ့
အချစ်စွမ်အားကြောင့်လားမသိဘူး
ချစ်စကားလေးတွေတောင်
ပြောတတ်နေပြီ
စိုင်းစိုင်း


လမင်း ဆိုတာ
လူသားအားလုံးကို ငြိမ်းအေးစေတဲ့
ခံစားမှုတခုပါ
မင်းရဲ့အပြုံးဟာလည်း
ငါ့ရင်ကို ငြိမ်အေးစေတဲ့ခံစားမှုတစ်ခုဆိုရင်
ယုံမှာလား
စိုင်းစိုင်း


မင်းသာ ပန်းလေးတစ်ပွင့်ဆိုရင်လေ
မင်းရဲ့အနားမှာ
ဆူးခက်လေးအဖြစ်
ကာရံပေးပရစေ
စိုင်းစိုင်း



စိုင်းစိုင်း
ငါတို့နှစ်ယောက်အတွက်တင်မဟုတ်ဘူး
ကမ္ဘာလောကလူသားတိုင်းအတွက်
လွမ်းရမယ့်နေ့ ဆိုတာကို
မရှိစေချင်ဘူး
စိုင်းစိုင်း


စိုင်းစိုင်း
နေ့ရက်တစ်ရက်အတွက်
အကောင်းဆုံး အချိန်ဆိုတာ
မင်းနဲ့အတူတွဲ
စကားတွေ ဖောင်ဖွဲ့
ကြည်နုးနေရမှ ဆိုတာကို
မင်းနဲ့ဝေးမှ
ငါသိခဲ့ရပြီ
စိုင်းစိုင်း

စိုင်းစိုင်း
ချစ်ရတာက တစ်ရက်တည်းတဲ့
အဲ့ဒီလိုပဲ
လွမ်းရတာက တစ်ရာတောင်
ရှိတယ်ဆိုရင်
ငါ လွမ်နေရတာ
ကုဋေကုဋာ မကတော့ဘူး
စိုင်းစိုင်

ဒီတိုင်းကြီးတော့ပစ်မသွားပါနဲ့. ✏ pp အောင်ပန်း

pp အောင်ပန်း

ဒီအချိန်
ဒီနေရာမှာ
ဒီလိုဘဲပြောတော့မယ်ဆိုတာ
ဒီလူသိပြီးတာပါ
ဒီပါးစပ်က ရင်ထဲကအတိုင်း
ကာရံညီစွာလိုက်ပြောမိတယ်
ဒီတိုင်းကြီးတော့ပစ်မသွားပါနဲ့တဲ့

ppအောင်ပန်

ကြိုနေလျှင်......( နွေဦး )

ကြိုနေလျှင်......

မန်းနေပြည်မှ လွမ်းနေရပြီ
ပျိုမေဆီသို့ ဦးတည်တမ်းတ
သတိရလို့ တို့ကအပြေး
လာဖို့တွေးလည်း မင်းလေးတို့ကို
နွေးထွေးကြိုမှ ပျော်ရွင်ရမယ်
သောကအပူ ငါမယူချင်
ပျိုခင်သူဇာ ရွှင်ပြုံးစွာဖြင့်
ကြိုပါလှည့်နော် ကြိုနေနော် ။

နွေဦး

အချစ်လို့ခေါ်မလား.... (နွေဦး)

အချစ်လို့ခေါ်မလား....

တိုင်းတာသတ်မှတ် ခေါင်းစဉ်တပ်
အခက်ဖြစ်နေတယ်။

မင်းလေးအကြည့်ရင်ထဲထိ
အသိခက်တယ် နားမလည် ။

မင်းလေးအပြုံး အလှဆုံးမို့
နှလုံးခုန်သံ တွေ့တိုင်းမမှန်။

တွေ့ဆုံပြီးကာ နွေးထွေးစွာဖြင့်
ကြင်နာယုယ ပေးချင်လှ၏။

ခဏများစွာ မြင်နေပါရ
အလှပုံရိပ် စိတ်ထဲစွဲထင်
ခင်သူမင်းလေး သိနိုင်ပေးပါ။

နေ့စဉ်တမ်းတ
သတိရ လွမ်းရနာရီ
များနေပြီ။

နွေဦး

အတိတ်ဟောင်းက နွေထနောင်းသို့ ..... တမ်းချင်း ✏ နိုင် (ညောင်ဦး)

* အတိတ်ဟောင်းက
နွေထနောင်းသို့ ..... တမ်းချင်း *

ဟောင်းခဲ့ပါပေါ့ ထနောင်းရိပ်
နှောင်းအတိတ်ကလေးရယ်
အချိန်တွေကြာညောင်းလို့
ရာသီတွေသာ ပြောင်းလဲခဲ့ပေမယ့်
ကိုယ့်နှလုံးသား တစ်နေရာမှာတော့
ညီမလေးတစ်ယောက် နေရာယူဆဲပါကွယ်။
နှလုံးသား အလိုကို ပြစ်ခွါ
မင်းနဲ့ဝေးရာကို ပြေးလာခဲ့ရပေမယ့်
နှောင်းအတိတ်က ပျော်စရာ ထနောင်းရိပ်ကလေးကတော့
ကိုယ့်ရင်မှာ
အမြဲနေရာယူဆဲဆိုတာတော့
တစ်မြေရပ်ခြားက ညီမလေးတစ်ယောက် ကြားသိနိုင်ရင် ဝေးရာသို့
ပြေးလာခဲ့ရတဲ့အစ်ကို
ကျေနပ်ပါပြီ ညီမလေးရယ် .....။

နိုင် (ညောင်ဦး)

မင်းကိုလွမ်းတယ် ( နိုင်)

* မင်းကိုလွမ်းတယ် *

လွမ်းစရာရှိရင်
နာစရာလေးတွေနဲ့
ဖြေသိမ့်ရပေမယ့်
ကိုယ့်အတွက်တော့
နာစရာလေးတွေနဲ့
မင်းကိုလွမ်းတယ်
ညီမလေးရယ်.....

နိုင်(ညောင်ဦး)

မုန်းရက်သူအတွက် (လျှို့ဝှက်လွမ်း)

မုန်းရက်သူအတွက် (လျှို့ဝှက်လွမ်း)

အပြုံးဘုရင်
မုန်းသခင်၏
မာယာကျော့ကွင်း
မာယာတွင်းဝယ်
တောမကျွမ်းတဲ့
ပြစ်မဲ့ချစ်ခြင်း
ယုန် လေးဆင်းသော်
အလွမ်းဒဏ်ချက်
ဆွေးမျှားခတ်၍
အသည်းပွင့်လန်
ကဗျာအန်သည်
မုန်းရက်သူအတွက်
သွေးတစ်စက့့် 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

အခုတော့လေ (လျှို့ဝှက်လွမ်း)

အခုတော့လေ (လျှို့ဝှက်လွမ်း)

ညအလှအတွက်
လ ရှိနေခဲ့ပေမယ့်
ငါ့ဘဝအတွက်
နင်ရှိမနေခဲ့လို့
ညအတွက်
လ ပျောက်သလို
ငါဘဝလည်း
နွမ်းခြောက်ခဲ့ပြီ့ 

ချစ်သူရယ်
တကယ်လို့သာ
မင်းဟာ
ငါ့ဘဝထဲကိုလာခဲ့ရင်
ကြယ်စုံတဲ့ညအလှ
လ သာသလို
မြူတိမ်ကင်းတဲ့ဘဝမှာ
ကိုယ်
အရမ်းပျော်ရွှင်မိမှာပါ့ 

အခုတော့လေ့ 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

ငါ့နေရာ (လျှို့ဝှက်လွမ်း)

ငါ့နေရာ (လျှို့ဝှက်လွမ်း)

နွေမရောက်ခင်က
ကြွေပျောက်တဲ့ငါ့အသဲ
နှင်းခံရင်း
မင်းထံကိုလွမ်းနေလျှက်ပါ
မိုးမိထားတဲ့နှလုံးသား
မှိုတတ်မှာစိုးလို့
အလွမ်းတွေနဲ့ထုပ်ပိုးရင်း
အအေးမမိဖို့
ကဗျာတွေလည်းရေးမိတယ်
အမုန်းသက်သက်စကားလုံးတွေ
နင်မသုံးခဲ့ပေမဲ့
အမုန်းဒဏ်တစ်ခုကို
အမုန်းခံနေရဆဲမို့
ကမ်းမဲ့တဲ့လွမ်းကမ္ဘာက
ငါနေတဲ့ ငါ့ရွာပေါ့ 

လျှို့ဝှက်လွန်း(မင်းလှ-ရေကျော်)

နွေကြောက်သူ ( နိုင်)

* နွေကြောက်သူ *

နွေမှာပျော် နွေမှာမော်ခဲ့ပေမယ့်
နွေထနောင်းရဲ့ ရနံ့တွေ
မုတ်သုံလေတွေကြောင့် လွင့်ကာပျောက်ခဲ့ပါပေါ့
ယုံစားမိတဲ့ ကိုယ့်မှာတော့
အလွမ်းတွေ မပျောက်
သောကတွေ ရောက်ခဲ့ရပါပေါ့
ညီမလေးရယ်...
နွေဦးမှာ လေရူးတွေနဲ့
ပျော်ရွှင်ခွင့်ရပေမယ့်
နွေရောက်တိုင်း ခံစားခဲ့ရလို့
နွေရောက်မှာ ကြောက်မိတယ်
ညီမလေးရယ်.....

နိုင်(ညောင်ဦး)

အတိတ်ဟောင်းက နွေထနောင်းသို့ ..... တမ်းချင်း ( နိုင် )

* အတိတ်ဟောင်းက
နွေထနောင်းသို့ ..... တမ်းချင်း *

ဟောင်းခဲ့ပါပေါ့.....ထနောင်းရိပ်
နှောင်းအတိတ်ကလေးရယ်
အချိန်တွေကြာညောင်းလို့
ရာသီတွေသာ ပြောင်းလဲခဲ့ပေမယ့်
ကိုယ့်နှလုံးသား တစ်နေရာမှာတော့
ညီမလေးတစ်ယောက် နေရာယူဆဲပါကွယ်။
နှလုံးသား အလိုကို ပြစ်ခွါ
မင်းနဲ့ဝေရာကို ပြေးလာခဲ့ရပေမယ့်
နှောင်းအတိတ်က ပျော်စရာ
ထနောင်းရိပ်ကလေးကတော့
ကိုယ့်ရင်မှာ အမြဲနေရာယူဆဲဆိုတာတော့
တစ်မြေရပ်ခြားက ညီမလေးတစ်ယောက်
ကြားသိနိုင်ရင် ဝေးရာသို့.....
အစ်ကိုကျေနပ်ပါပြီ ညီမလေးရယ် .....။

နိုင် (ညောင်ဦး)

Sunday, November 2, 2014

ဘာတတ်နိုင်မှာလဲ.... နွေဦး

ဘာတတ်နိုင်မှာလဲ....

ဒီဘဝနှစ်ခု
ပေါင်းစပ်လို့မဖြစ်သင့်မှန်း
ကြိုသိပေမယ့်
တွယ်ညှိမိတဲ့သံယောဇဉ်။
ကွဲပြားတဲ့အရောင်
ဒီဘောင်ကိုကျော်မရမှန်း
သိထားပေမယ့်
ချစ်မိသွားတဲ့နှလုံးသား။
သမုဒယတွေတားမရပေမယ့်
ဘဝတွေခြားနားခဲ့ပြီမို့
ချစ်နေရုံကလွဲလို့
ဘာတက်နိုင်မှာလဲ။

နွေဦး

ဒုတိယ ရုပ်သေးရုပ် (ရွှေကြေးစည်း)

ဒုတိယ ရုပ်သေးရုပ်

မှုန်ဝါးဝါးမျှော်လင့်ချက်တွေကို
ရေးတေးတေးထားပြီး
ရှင်သန်နေရတဲ့ဘဝပါ
ညတစ်ခုရဲ့ပင်လယ်ပြင်မှာ
လေပြေလေးတွေဆော့ကစားတဲ့အခါ
မပီပြင်ဝိုးတစ်ဝါး မြင်နေရတဲ့
လတစ်စင်းဟာ
အရိပ်သက်သက်ပါ
ကောင်းကင်ယံက
တိမ်တိုက်တွေဟာလဲ
မတည်ငြိမ်ပါဘူး
လေပြေရိုင်းရယ်
ခိုင်းစေရာကိုသွားနေရတဲ့ဘဝပါ
ဒါတွေ.....အားလုံးဟာ
ဒုတိယရုပ်သေးတစ်မျိုးပါ

(ရွှေကြေးစည်း)
အညာမြေ

ပန်းသခင် ✏ ငြိမ်းချမ်း+( ချစ်သူ၏ ၂၂နှစ်မြောက်မွေးနေ့ အမှတ်တရ )

ပန်းသခင်

အခက်ဝေဖြာ ပန်းတော်သာ၍
သင်းပျံအထုံ မွှေးထုံသန့်ရှင်း
လန်းဆန်းခြင်းဖြင့် ပင်ယံမြင့်တွင်
ရှိနေစေချင်

မြတ်ပန်းသခင်
ဆောင်းတွင်မြူမှုန့် လေသွေးပက်ဖြန်း လေနီကြမ်းလည်း အခက်အညှာ
ခိုင်မာသန့်ရှင် ပင်ယံမြင့်တွင်
ရှိနေစေချင်

မြတ်ပန်းသခင်
ချူသူပေါများ ခူသူဝှေ့လျှက်
ငွေကြေးမမက် လှသွေးမပျက်
်မာန်လေးဘက်ကာ ပင်ယံမြင့်တွင်
ရှိနေစေချင်

မြတ်ပန်းသခင်
တော်ဝင်သဇင် မဖြစ်ခဲ့သော်
စိတ်ဓါတ်ကိုတင်း မာနကျင်း၍
တင့်အလှနှင့် ပင်ယံမြင့်တွင်
ရှိနေစေချင်

မြတ်ပန်းသခင်
သို့သော်,...
လောကဓံရဲ့ ခြေဖဝါးအောက်
ကြွေလွင့်သော်ခါ ပန်းခရေလို
ပန်စည်ခြေမှ ဦးမြတ်ထက်တွင်
ပန်ခွင့်ရှိစေ ပန်းကလေးရေ။ ။ ။

ငြိမ်းချမ်း(ထစ်ချုံးမိုး)
ချစ်သူ၏ ၂၂နှစ်မြောက်မွေးနေ့ အမှတ်တရ