* နွေကြောက်သူ *
နွေမှာပျော် နွေမှာမော်ခဲ့ပေမယ့်
နွေထနောင်းရဲ့ ရနံ့တွေ
မုတ်သုံလေတွေကြောင့် လွင့်ကာပျောက်ခဲ့ပါပေါ့
ယုံစားမိတဲ့ ကိုယ့်မှာတော့
အလွမ်းတွေ မပျောက်
သောကတွေ ရောက်ခဲ့ရပါပေါ့
ညီမလေးရယ်...
နွေဦးမှာ လေရူးတွေနဲ့
ပျော်ရွှင်ခွင့်ရပေမယ့်
နွေရောက်တိုင်း ခံစားခဲ့ရလို့
နွေရောက်မှာ ကြောက်မိတယ်
ညီမလေးရယ်.....
နိုင်(ညောင်ဦး)
နွေမှာပျော် နွေမှာမော်ခဲ့ပေမယ့်
နွေထနောင်းရဲ့ ရနံ့တွေ
မုတ်သုံလေတွေကြောင့် လွင့်ကာပျောက်ခဲ့ပါပေါ့
ယုံစားမိတဲ့ ကိုယ့်မှာတော့
အလွမ်းတွေ မပျောက်
သောကတွေ ရောက်ခဲ့ရပါပေါ့
ညီမလေးရယ်...
နွေဦးမှာ လေရူးတွေနဲ့
ပျော်ရွှင်ခွင့်ရပေမယ့်
နွေရောက်တိုင်း ခံစားခဲ့ရလို့
နွေရောက်မှာ ကြောက်မိတယ်
ညီမလေးရယ်.....
နိုင်(ညောင်ဦး)