* မှတ်တမ်း *
ကြုံလာရတဲ့ အဖြစ်ဇာတ်လမ်းကို
အချစ်မှတ်တမ်းအနေနဲ့
တင်ပြရခြင်းပါ
တဇောက်ကန်းရယ်လို့
ငေါက်ငန်းရင်လည်း ခံရမှာပါ
မပိုင်တစ်ခက်ပန်းကို
လက်လှမ်းကာ ချူချင်သူ ဒို့အတွက်
အလှတွေ ကြွယ်နေတဲ့သူ
အဖြေပေးစေရာ ရင်လေးနေမှာပေါ့
ခွင့်လွှတ်ပါတယ်....
အလှတွေ ဘယ်လိုပြိုင်လည်း
ယိမ်းယိုင်မည့် လက္ခဏာ
အချက်အချာ ပြနေသည့်အတွက်
ခွင့်လွှတ်ပါတယ်
တစ်ကယ်တော့.....
ကိုယ်တို့ခေတ်မှာ အချစ်ကိုငွေနဲ့
ဝယ်လို့ရမယ်ဆိုတာ....
အစ်ကိုထင်မထားခဲ့ဘူး
တစ်ကယ်တော့.....ကိုယ့်မှာ
သန့်ရှင်းသော မေတ္တာနဲ့
ဖြူစင်သော နှလုံးသားကို
ပေးအပ်နိုင်သည်က လွဲပြီး
ဂုဏ်လည်းမကြွယ်
ငွေလည်းမလွယ်
ဘုံဓမ္မတာအလယ်မှာ ဂုဏ်ငယ်ငယ်နဲ့
အခြေမလှတဲ့ဘဝကို စခဲ့ရသူဆိုတော့
ညီမလေးက ကိုယ့်ကိုထားသွားတာ
မဆန်းပါဘူး ညီမလေးရယ်...
အစ်ကိုခွင့်လွှတ်ရင်းနဲ့ချစ်နေပါ့မယ်
ချစ်ရတဲ့ ညီမလေးရယ်.....
နိုင်(ညောင်ဦး)
ကြုံလာရတဲ့ အဖြစ်ဇာတ်လမ်းကို
အချစ်မှတ်တမ်းအနေနဲ့
တင်ပြရခြင်းပါ
တဇောက်ကန်းရယ်လို့
ငေါက်ငန်းရင်လည်း ခံရမှာပါ
မပိုင်တစ်ခက်ပန်းကို
လက်လှမ်းကာ ချူချင်သူ ဒို့အတွက်
အလှတွေ ကြွယ်နေတဲ့သူ
အဖြေပေးစေရာ ရင်လေးနေမှာပေါ့
ခွင့်လွှတ်ပါတယ်....
အလှတွေ ဘယ်လိုပြိုင်လည်း
ယိမ်းယိုင်မည့် လက္ခဏာ
အချက်အချာ ပြနေသည့်အတွက်
ခွင့်လွှတ်ပါတယ်
တစ်ကယ်တော့.....
ကိုယ်တို့ခေတ်မှာ အချစ်ကိုငွေနဲ့
ဝယ်လို့ရမယ်ဆိုတာ....
အစ်ကိုထင်မထားခဲ့ဘူး
တစ်ကယ်တော့.....ကိုယ့်မှာ
သန့်ရှင်းသော မေတ္တာနဲ့
ဖြူစင်သော နှလုံးသားကို
ပေးအပ်နိုင်သည်က လွဲပြီး
ဂုဏ်လည်းမကြွယ်
ငွေလည်းမလွယ်
ဘုံဓမ္မတာအလယ်မှာ ဂုဏ်ငယ်ငယ်နဲ့
အခြေမလှတဲ့ဘဝကို စခဲ့ရသူဆိုတော့
ညီမလေးက ကိုယ့်ကိုထားသွားတာ
မဆန်းပါဘူး ညီမလေးရယ်...
အစ်ကိုခွင့်လွှတ်ရင်းနဲ့ချစ်နေပါ့မယ်
ချစ်ရတဲ့ ညီမလေးရယ်.....
နိုင်(ညောင်ဦး)