Friday, November 7, 2014

အုံ့ပုန်းအချစ် ✈ မျက်းဝန်းညို (ဖြူး)

အုံ့ပုန်းအချစ်

ငါ့ရင်ခုန်သံတွေကျရှုံးခဲ့ပြီ ချစ်သူ....
မင်းရဲ့ညို့ယူနိုင်တဲ့
မျက်ဝန်းတစ်စုံရဲ့အောက်မှာပေါ့...

အစွန်းရောက်အချစ်ရဲ့လမ်းမထက်မှာ
တိုးတိတ်စွာ လျှောက်လှမ်းနေတဲ့
ငါ့နှလုံးသားရဲ့ စကားသံတွေ
မင်းကြားနိုင်ပါ့မလား....
မင်းမြင်အောင်ကြည့်လိုက်ပါ
ငါ့မျက်ဝန်းထဲမှာရှင်သန်နေတဲ့
အချစ်တွေ မင်းမြင်ရမှာပါ ငါ့နှလုံးသားရဲ့ချစ်စကားသံတွေကိုပေါ့ ချစ်သူရယ်....

မျက်းဝန်းညို (ဖြူး)