Sunday, November 9, 2014

အချစ် ✈ ရွှေကြေးစည်

(အချစ်)

တဒင်္ဂနဲ့ထာဝရကို
ခွဲခြားပြီး မသိသူ
တစ်ယောက်ရဲ့ရင်မှာ
ဘာဖြစ်လို့အချစ်စစ်တွေ
ရိုက်သွင်းနေချင်ရတာလဲ
အမှန်တကယ်ဆိုကိုယ်က
လက်ကမ်းနေသူတစ်ယောက်ပါ
ဘာဖြစ်လို့မေတ္တာမဲ့တဲ့ အပြုံးတွေနဲ့
နှုတ်ဆက်ထွက်ခွါ သွားချင်ရတာလဲ
ကျန်ရစ်သူနှလုံးသား ရင်ခွင်ဟာ
ဓန,တွေ ဂုဏ်တွေ
မပြည့်စုံနေလို့လား

(တစ်ချိန်တုန်းကညီမလေး)ကျော်စိုးအတွက်
ရွှေကြေးစည် အညာမြေ