Sunday, November 9, 2014

ချစ်သူတမ်းချင်း ❦ ငြိမ်းချမ်း (ထစ်ချုန်းမိုး)

'''ချစ်သူတမ်းချင်း'''

လပြည့်သာယာ တိမ်မာယာကင်း
အဆင်းကြည့်လဲ့ ဆူးကင်းပန်းခက်
လက်လှမ်းမမှီ ချစ်မိလေသည်။ ။

တခဏတာ မြင်ခွင့်ရစဉ်
ဖျော့တော့နှလုံး သိမ်းကျုံးယူကာ ချစ်မိသူသည် သခင်မတည်း။ ။

မျိုသိပ့်မစွမ်း ပေါက်ကွဲလွင့်ကာ
မချင့်မရဲ ရင်နှင့်တွဲ၍
ထားခဲ့တူညီ ရှိစေခဲ့သည်။ ။

ခြေရာတစ်စုံ နယ်ကျော်လာခဲ့
ဖြည်းဖြည်းစိမ့်ဝင် အသည်းနင့်အောင်
နမ်းမိမယ်သည် ယူသွားလေပြီ။ ။


ငြိမ်းချမ်း (ထစ်ချုန်းမိုး)