Sunday, November 2, 2014

ပန်းသခင် ✏ ငြိမ်းချမ်း+( ချစ်သူ၏ ၂၂နှစ်မြောက်မွေးနေ့ အမှတ်တရ )

ပန်းသခင်

အခက်ဝေဖြာ ပန်းတော်သာ၍
သင်းပျံအထုံ မွှေးထုံသန့်ရှင်း
လန်းဆန်းခြင်းဖြင့် ပင်ယံမြင့်တွင်
ရှိနေစေချင်

မြတ်ပန်းသခင်
ဆောင်းတွင်မြူမှုန့် လေသွေးပက်ဖြန်း လေနီကြမ်းလည်း အခက်အညှာ
ခိုင်မာသန့်ရှင် ပင်ယံမြင့်တွင်
ရှိနေစေချင်

မြတ်ပန်းသခင်
ချူသူပေါများ ခူသူဝှေ့လျှက်
ငွေကြေးမမက် လှသွေးမပျက်
်မာန်လေးဘက်ကာ ပင်ယံမြင့်တွင်
ရှိနေစေချင်

မြတ်ပန်းသခင်
တော်ဝင်သဇင် မဖြစ်ခဲ့သော်
စိတ်ဓါတ်ကိုတင်း မာနကျင်း၍
တင့်အလှနှင့် ပင်ယံမြင့်တွင်
ရှိနေစေချင်

မြတ်ပန်းသခင်
သို့သော်,...
လောကဓံရဲ့ ခြေဖဝါးအောက်
ကြွေလွင့်သော်ခါ ပန်းခရေလို
ပန်စည်ခြေမှ ဦးမြတ်ထက်တွင်
ပန်ခွင့်ရှိစေ ပန်းကလေးရေ။ ။ ။

ငြိမ်းချမ်း(ထစ်ချုံးမိုး)
ချစ်သူ၏ ၂၂နှစ်မြောက်မွေးနေ့ အမှတ်တရ