Monday, November 10, 2014

ချစ်နေဆဲပါ ကလေးရယ်...✏ သက်ပိုင်

(ချစ်နေဆဲပါ ကလေးရယ်)

တစ်ချိန်က ...
မင်းပြောသမျှ
ခေါင်းညိတ်ဖူးတယ် ။
စေညွန်းရာ ..
လုပ်ခဲ့ဖူးတယ် ဆိုတာ
"သိပ်ချစ်လို့ပါ ကလေးရယ်"

ကိုယ်လေ မယုံနိုင်သေးဘူး
ယုံကြည်ခြင်း မြတ်နိုးခြင်းများက
ဆုံးရှုံးခြင်းမှာ လမ်းဆုံးသတဲ့"

အခုတော့...
ချစ်ဖူးခဲ့စဉ်က
ရက်စက်တဲ့ နှုတ်ခမ်းတွေ
လျှို့ဝှက်တဲ့ အပြုံးတွေ
စွဲလန်းဖူးတဲ့ အနမ်းတွေ
ပြန်တွေးမိတိုင်း
အချိန်တိုင်းလေ...
"ချစ်နေဆဲပါပဲ ကလေးရယ်"

သက်ပိုင်