Friday, November 7, 2014

အလွမ်းအဖြစ် လောင်ကျွမ်းပြခြင်း (အညတရမောင်)

ကြေမွလွယ်တဲ့ ရင်ဘတ်နဲ့
ရင်ခုန်သံအပိုင်းအစက
တစ်စစီပြန်ကောက်ဖို့
လက်တွေ့ဘဝနဲ့ဝေးလို့ တဲ့

ကိုယ့်အိမ်မက်နဲ့ကိုယ်
အပြင်ထွက်ကျတော့
အေးစက်စက် ညနဲ့
မင်းနိုးထမဲ့ မနက်က
ိုမအိပ်ပဲ ငါစောင့်နေခဲ့တယ်။

နံရံ ကခြားနားမရှိရော့သလား
ဘဝတွေများမျှော်လင့်ခွင့်မရှိတာ
လိုက်လေဝေးလေဆိုတာကို
လက်ခံနိုင်ဖို့ခက်နေလို့
ဖျက်ရာတွေကသိပ်များခဲ့တယ်။

ဆေးတစ်စက်ရဲ့ စွန်းထင်မူက
စုတ်ချက်ကြမ်းလို့
ငါ နှလုံးသားကြမ်းပြင်မညီညာမူနဲ့
ဝေဒနာ ဆေးစက်က
စိတ္တဇ ဖြစ်လို့။


ငါလွမ်းတယ်ကောင်မလေး
ဘာမှမသဲကွဲပေမဲ့ကိုယ့်ကိုကိုယ်
လောင်ကျွမ်းပုံက ပြာစလို ပျယ်လွင့်အလွမ်းဖြစ်လို့လေ။

အညတရမောင်