Monday, November 10, 2014

င့ါ အတိတ်အိပ်ရာခင်း (သို့) ဖောင်းပြင်မြို့✏ ၀န်းရံခ(သလ္လာဝတီ)

''င့ါ အတိတ်အိပ်ရာခင်း (သို့) ဖောင်းပြင်မြို့''

သစ္စာတွေ ခြေရာထပ်အောင်
စည်ကားခဲ့ဖူးတဲ့မြို့ ...

မေတ္တာအလင်းရောင်နဲ့
လမင်းငိုအောင် ပြုစားနိုင်ခဲ့ဖူးတဲ့မြို့ ...

ကတ္တရာစေးပါးပါး သဲဖြူဖြူပါးကွက်ကြားနဲ့
သနားကမားလမ်းမတွေ
လမ်းသလားနေခဲ့တဲ့မြို့ ...

လူမျိုးခြားရဲ့ ဘာသာစကားတွေ
အပျိုဖော်မ၀င်ခင်ကတည်းက
တစ်သွေးလှပြီး လူကြီးဆန်နေတတ်ခဲ့တဲ့မြို့ ...

ရွှေမျောလုပ်ကွက်တွေ ရောင်းတန်းမ၀င်ခင်တုန်းက
ဇမ္ဗူရစ်ရွှေသား ရာသီတွေ
သစ္စာရေသောက် ကိုယ်ရောင်တဖိတ်ဖိတ်တောက်ခဲ့တဲ့မြို့...

သစ်ကုမ္ပဏီတွေ အလည်မလာခင်တုန်းက
ကလိုရိုဖီးစက်ရုံတွေနဲ့
အောက်ဆီဂျင်ကုန်ထုတ်လုပ်မှုစွမ်းအား မြင့်မားခဲ့ဖူးတဲ့မြို့ ...

လူပီသသူလူသားတွေ မျိုးသုဉ်းမသွားခင်တုန်းက
လူပီသသူလူသားတွေနဲ့
လူပီသဖို့ကြိုးစားသူလူသားတွေနဲ့
လူလားမြောက်ခဲ့ဖူးတဲ့မြို့ ...

"ဖောင်းလိုက် ပြင်လိုက်” နဲ့
အနိစ္စတရားတို့ တသွင်သွင်စီးဆင်းရာမြို့ ...

အဲဒီမြို့အိပ်ရာခင်းမှာပေါ့.....
လူသားဆန်ဆန်အိပ်မက်ကို
ငါခေါင်းအုံးလို့အိပ်ခဲ့ဖူးတယ် .....။

ဝန်းရံခ(သလ္လာဝတီ)