Sunday, November 9, 2014

ချစ်နှမသို့....➳ နွေဦး

ချစ်နှမသို့....

အချိန်ခါကျ
သဘာဝရဲ့တွန်းအား ကျင်လည်ရာ
မြင်ကြားခြင်းရဲ့လှုပ်ဆော်မှုကြောင့်
မင်းစိတ်တွေ ကစားနေလား

ဘယ်တော့မှ.....
အစစ်မဖြစ်နိုင်တဲ့ အတုတွေကို
မင်းခန္ဓာအိမ်မှာ ကော်ပီကူးလို့
မတပ်ဆင်လိုက်ပါနဲ့ ။

နောင်တနှင့် ဒုက္ခသို့
ဦးတည်နေသူတွေ နည်းပါး
လွဲမှားတဲ့အသိတွေရဲ့နောက်
မင်းတစ်ယောက် မလိုက်မိပါစေနဲ့။

နွေဦး