Friday, November 7, 2014

ကဗျာဝေဒနာခြေရာ (အညတရမောင်)

ကဗျာဝေဒနာခြေရာ

နင်မပါတဲ့ ညက
နာကျင်စရာပြည့်နှက်မွန်းကျပ်လို့
တစ်နေရာစာ လောက်ဖြစ်ဖြစ်
ငါကိုခိုလုံခွင့်ပေးပါ။
မဆုံခင်မှာကြုံလာမဲ့ ငါတို့
ကံကြမ္မာကရှင်ကွဲကွဲဖို့
အဖျားခတ်သွားလို့
အနားသတ်မပါတဲ့
ကာရန်မဲ့ကဗျာအပိုင်းအစသာ
ရင်ဘတ်ကထွက်ကျ ငြိမ်သက်
အသက်မဲ့မူ အဝေးမှာ
ငါတိတ်တိတ်လေးပဲ
နေခဲ့ရတယ်လေ။

အညတရမောင်