Sunday, November 9, 2014

ချစ်နေဆဲပါ ✆ နိုင်(ညောင်ဦး)

* ချစ်နေဆဲပါ *

အခြေအနေ မပေးလို့
ဝေးနေရပေမယ့် မေ့လို့မရပါဘူး
ညီမလေးရယ်...

ဟိုအရင်ချစ်ခဲ့စဉ်က တီတီတာတာ
စကားသံလေးတွေ မမေ့နိုင်စရာ
အပြုံးလေးတွေက အိပ်မက်ထဲထိ
စိုးမိုးနေဆဲဆိုတာ...
ယုံပေးပါ ညီမလေးရယ်...

အစ်ကိုရဲ့ အချစ်တွေကို
ညီမလေးတစ်ယောက် ကစားစရာ
အရုပ်လေးလို သဘောထားခဲ့ပေမယ့်
အစ်ကိုနှလုံးသားထဲမှာတော့
မုန်းမေ့လို့ မရအောင်
ချစ်နေဆဲပါ ညီမလေးရယ်.....

နိုင်(ညောင်ဦး)