အလွမ်းငှက်
ဝေးကွာခြင်းရဲ့ဟိုကမ္ဘာတဖက်ဆီ
နှုတ်ဆက်ပျံသန်းသွားတဲ့
အလွမ်းငှက်ကလေးရယ်
တွေဝေမှောင်မိုက်လို့ခါးသီးခြင်း
စိုက်ခဲ့တဲ့ရင်ထဲမှာ
ကြယ်တွေရဲ့အလင်းလိုလဲမရှိတော့ဘုး
ရူးသွပ်ခဲ့ငါ့ကမ္ဘာမှာ
အထာမကျတဲ့ကြမ္မာဆိုး
ရိုးသားတဲ့နှလုံးသားကိုအရောင်ဆိုးလို့
အငြိုးကြီးတဲ့ခွဲခွါခြင်းက
ရင်းနှီးတဲ့တို့လက်ကို
ရက်စက်စွာ ဖြတ်ခဲ့လို့
ကံကြမ္မာကိုအပြစ်ဖို့
တို့ရင်ကိုစို့နစ်ကြေကွဲစေသူ
သတိရအချို့ကမ္ဘာတဖက်မှာ
ငါ့အတွက်ရှိနိုင်မလား
ပျံသန်းသွားတဲ့ငှက်ကလေးရယ်
ငါအမြဲလွမ်းနေရတော့မယ်ကွယ်
လွမ်းဝေ (ပဲခူး)
ဝေးကွာခြင်းရဲ့ဟိုကမ္ဘာတဖက်ဆီ
နှုတ်ဆက်ပျံသန်းသွားတဲ့
အလွမ်းငှက်ကလေးရယ်
တွေဝေမှောင်မိုက်လို့ခါးသီးခြင်း
စိုက်ခဲ့တဲ့ရင်ထဲမှာ
ကြယ်တွေရဲ့အလင်းလိုလဲမရှိတော့ဘုး
ရူးသွပ်ခဲ့ငါ့ကမ္ဘာမှာ
အထာမကျတဲ့ကြမ္မာဆိုး
ရိုးသားတဲ့နှလုံးသားကိုအရောင်ဆိုးလို့
အငြိုးကြီးတဲ့ခွဲခွါခြင်းက
ရင်းနှီးတဲ့တို့လက်ကို
ရက်စက်စွာ ဖြတ်ခဲ့လို့
ကံကြမ္မာကိုအပြစ်ဖို့
တို့ရင်ကိုစို့နစ်ကြေကွဲစေသူ
သတိရအချို့ကမ္ဘာတဖက်မှာ
ငါ့အတွက်ရှိနိုင်မလား
ပျံသန်းသွားတဲ့ငှက်ကလေးရယ်
ငါအမြဲလွမ်းနေရတော့မယ်ကွယ်
လွမ်းဝေ (ပဲခူး)