Sunday, November 2, 2014

ဒုတိယ ရုပ်သေးရုပ် (ရွှေကြေးစည်း)

ဒုတိယ ရုပ်သေးရုပ်

မှုန်ဝါးဝါးမျှော်လင့်ချက်တွေကို
ရေးတေးတေးထားပြီး
ရှင်သန်နေရတဲ့ဘဝပါ
ညတစ်ခုရဲ့ပင်လယ်ပြင်မှာ
လေပြေလေးတွေဆော့ကစားတဲ့အခါ
မပီပြင်ဝိုးတစ်ဝါး မြင်နေရတဲ့
လတစ်စင်းဟာ
အရိပ်သက်သက်ပါ
ကောင်းကင်ယံက
တိမ်တိုက်တွေဟာလဲ
မတည်ငြိမ်ပါဘူး
လေပြေရိုင်းရယ်
ခိုင်းစေရာကိုသွားနေရတဲ့ဘဝပါ
ဒါတွေ.....အားလုံးဟာ
ဒုတိယရုပ်သေးတစ်မျိုးပါ

(ရွှေကြေးစည်း)
အညာမြေ