Friday, November 7, 2014

ကဗျာသမား ✉ ထွန်းနောင်

"ကဗျာသမား"

@ ဘောလ်ပင်တစ်ချောင်း
စာရွက်တစ်ရွက်
ကော်ဖီတစ်ခွက်နဲ့
ဘဝခရီးကို ရှေ့ဆက်မလား . .?

@ ဟန်းဖုန်းတစ်လုံး
နားကြပ်တစ်စုံ
ခုန်နေတဲ့ နှလုံးသားနဲ့
ဒီအတိုင်းပဲ ရှေ့ဆက်သွားမလား . .?

@ ပစ္စုပ္ပန်ကိုရှုကြည့်
သတ္တိရှိရှိနဲ့
ဘဝကို ရဲရဲရင်ဆိုင်ကြည့်မလား . .?

@ ငါ့ရင်တွင်းက
ပဋိပက္ခ
ဘယ်သူကယ်မ,နိုင်မှာလဲ . .?

@ နောက်ဆုံးမှာ
သေချာတဲ့အဖြေ
ငါကိုယ်တိုင်ပဲ ရှာဖွေပေးလိုက်ပါ့မယ်. .

@ ဘောလ်ပင်တစ်ချောင်း
စာရွက်တစ်ရွက်
ကော်ဖီတစ်ခွက်နဲ့
ကဗျာရေးရင်း ရှေ့ဆက်သွားချင်တယ် . . . .။

ထွန်းနောင်(ဖောင်းပြင်)