Friday, November 7, 2014

ငါယုံကြည်တယ် (လျှို့ဝှက်လွမ်း)

ငါယုံကြည်တယ် (လျှို့ဝှက်လွမ်း)

ဝေးခဲ့ပေမယ့် အချစ်ရယ်
ဆွေးစိတ်တွေ ဖြေမသိပ်နိုင်ဘူး
ချစ်ခဲ့တာမှန်ပေမယ့်
ပစ်ပယ်ရမဲ့ဘဝအခြေအနေကို
ငါဘယ်လိုဖြေရမလဲ
စဉ်းစားရပေမယ့်
နင်ငါ့ပြန်ချစ်စေချင်မိတယ်
ဘဝဆိုတာ
အနိမ့်အမြင့်နောက်ကွယ်က
အတက်အကျကိုခန့်မှန်းလို့ရသလို
မသေချာတဲ့ဘဝ
ငါတို့ဝေးကြရတော့မယ်
ဘယ်ဘဝကို ဘယ်အခြေအနေ
ဘယ်ဘဝရောက်နေနေပေါ့ဟာ
ငါတို့ဆုံခွင့်ရမယ်လို့
ငါယုံကြည်ဆဲပါ.....

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)