Monday, November 10, 2014

ခွင့်ပြုပေးပါ ✏ ထွန်းနောင်(ဖောင်းပြင်)

"ခွင့်ပြုပေးပါ"

@ 'အတ္တ,မာနတွေကို
ခဝါချ
ငါတို့တွေ ပေါင်းဖက်ကြပါစို့'တဲ့ . .။

@ ကောင်မလေးကတိုက်တွန်း
ဒီစကားတစ်ခွန်းကို
ကြားလိုခဲ့တာ
ကြာ. .ကြာ. .ကြာ. . ကြာခဲ့ပါပကော. .။
@ လွန်ခဲ့သော ဆယ့်နှစ်နှစ်
ဟိုး . . .ဆယ်ကျော်သစ်တုန်းက
မောင်ဘုန်းက တောသား
မဖျားက မြို့သူ
ဘယ်လိုမှ အသွင်မတူခဲ့ . . .။

@ 'မကျွမ်းခင်က လွင့်နှင့်ရ'
နိမိတ်ပုံ စကားလုံး
ဘယ်ဆရာသုံးခဲ့မှန်းမသိပေမယ့်
အဲဒီတုန်းက
ကိုယ်အကြိုက်ဆုံးဖြစ်ခဲ့တယ် . . .။

@ ခုတော့ . . .
နှစ်များစွာ ကြာ
လများစွာ ကွဲ
ရက်များစွာ လွဲခဲ့ပြီးကာမှ
ဗြုန်းစားကြီးတွေ့
ပေါင်းဖက်ကြမယ်ဟေ့ ဆိုတော့
စဉ်းစားမှုအစုစု
ကြာရှည်စွာ ပြုရဦးမယ်
အချိန်ကာလတစ်ခု
ခွင့်ပြုပေးပါချစ်သူ . . . . .။

ထွန်းနောင်(ဖောင်းပြင်)