Monday, November 3, 2014

အချစ်လို့ခေါ်မလား.... (နွေဦး)

အချစ်လို့ခေါ်မလား....

တိုင်းတာသတ်မှတ် ခေါင်းစဉ်တပ်
အခက်ဖြစ်နေတယ်။

မင်းလေးအကြည့်ရင်ထဲထိ
အသိခက်တယ် နားမလည် ။

မင်းလေးအပြုံး အလှဆုံးမို့
နှလုံးခုန်သံ တွေ့တိုင်းမမှန်။

တွေ့ဆုံပြီးကာ နွေးထွေးစွာဖြင့်
ကြင်နာယုယ ပေးချင်လှ၏။

ခဏများစွာ မြင်နေပါရ
အလှပုံရိပ် စိတ်ထဲစွဲထင်
ခင်သူမင်းလေး သိနိုင်ပေးပါ။

နေ့စဉ်တမ်းတ
သတိရ လွမ်းရနာရီ
များနေပြီ။

နွေဦး