Friday, November 7, 2014

အချစ် ♡ အညတရမောင်

တိတ်ဆိတ်ခြင်းနောက်မှာ
ဆွံအငြိမ်သက် သွားတဲ့
စကားလုံးတွေ သတိရခြင်းတွေနဲ့
အမည်ဖော်မရတဲ့
မျှော်လင့်ခြင်းတွေရှိတယ်။

နီးခြင်းဝေးခြင်းဆိုတဲ့
စကားလုံးတွေထက်မှာ
နှလုံးသားနဲ့ချစ်တာကို သိခွင့်ရနေတာ
မှတ်မိစေတာက ချစ်သူရဲ့
မျက်ဝန်းတစုံပါ။

မြင်ခွင့် တွေ့ခွင့်ရှိမှ မဟုတ်ပါဘူး
မဆုံနိင်အောင် တစ်နေရာဆီ
ဝေးနေခဲ့ရင်တောင် ကမ္ဘ္ဘာမြေထဲမှာ
အတူရှိနေသမျှတော့. . . . . . . .။

အညတရမောင်