Friday, November 7, 2014

အုံ့ပုန်းပန်း ♡ သက်ပိုင်

အုံ့ပုန်းပန်း

ယောက်ျားတစ်ယောက်ရဲ့
တစ်ဖက်သတ် အချစ်
ရင်ထဲမှာ နစ်ပါစေတော့။

ဖွင့်ပြောဖို့မသင့်ပါဘူး
ဝေဒနာလျှံ
အဆိပ်ဒဏ်သင့်စေလဲ
မဖြေသာ...
အံကြိတ်ခဲပါ့မယ် ။ ။

ကျွန်တော်ရဲ့ အချစ်ကို
တစ်နေ့နေ့တွင် ....
စေ့စေ့မြင်လာမလားရယ်လို့
ပုံစံလေး....
အချိုးမကျ တကျနဲ့
ဟန်ပန်လေး...
တစ်မျိုးပြီးတစ်မျိုး ပြခဲ့ပါရဲ့။

.``မရစ်လို့ မငင်တဲ့
ချည်တမျှင်နှယ်။
မချစ်လို့ မမြင်တာလား
သူရယ်"

သူ မသိတာထက်
ရင်ထဲမှာ…
အပူမိတာ ခက်တယ်ကွယ်။

သက်ပိုင်