Friday, November 7, 2014

မေ့မရသူ ✏ ကောင်းခန့်(ရွှေကျွန်းမြေ)

မေ့မရသူ

လွမ်းလွန်းတယ်အမရယ်
အမှတ်တမဲ့တွေကြုံတိုင်း
အမှတ်တရတွေ သတိရမိတတ်တာ
မောင်လေးရဲ့ဗီဇတစ်ခုလိုဖြစ်နေပြီ
မောင်လေးရင်ထဲမှာစွဲထင်နေတဲ့
မရဲ့ရုပ်သွင်လေး
မောင်လေးနှလုံးသားပေါ်မှာ
ရေးထွင်ထားတဲ့ မရဲ့နာမည်လေး
မောင်လေးသိပ်မြတ်နိုးတဲ့ မရဲ့အသံလေး
ဒါတွေကိုဘယ်လိုမေ့ဖျောက်ပစ်လို့
ရပါ့မလဲအစ်မရယ်....

ကောင်းခန့်(ရွှေကျွန်းမြေ)
မန္တလာမြေမှအစ်မတစ်ယောက်အတွက်
ရင်တွင်းခံစားချက်လေး