Friday, November 7, 2014

ကြိုးစားသူငယ်ချင်း...❦ ဇာနည်ဘွား

ကြိုးစားသူငယ်ချင်း

ပိန်တော့ ဆေးသမား
ဝတော့ ဘီယာဗိုက်ချီးဗိုက်

ရည်းစားမရှိတော့ အခြောက်
ရှိတော့ နှာဘူး

နိုင်တော့ ကြက်ကန်းဆန်အိုးတိုး
ရှုံးတော့ သောက်သုံးမကြဘူးတဲ့

အဲဒီတော့.....ဘယ်လောက်ပဲ
ကောင်းအောင်လုပ်လုပ်
ချီးမွှမ်းခံရဖို့က နည်းနည်း
ကဲ့ရဲ့ခံရတာက များများ

ဒါကြောင့်....
ဘယ်သူတွေဘာပြောပြော
ကိုယ်ကြိုးစားသမျှအချည်းနှီးမဖြစ်စေနဲ့

ကောင်းတာလုပ်ရင်
ကောင်းသောအကျိုးခံစားရမယ်
ကံကံ၏အကြိုးကို ယုံကြည်ပါ

ဇာနည်ဘွား