Monday, November 3, 2014

အတိတ်ဟောင်းက နွေထနောင်းသို့ ..... တမ်းချင်း ✏ နိုင် (ညောင်ဦး)

* အတိတ်ဟောင်းက
နွေထနောင်းသို့ ..... တမ်းချင်း *

ဟောင်းခဲ့ပါပေါ့ ထနောင်းရိပ်
နှောင်းအတိတ်ကလေးရယ်
အချိန်တွေကြာညောင်းလို့
ရာသီတွေသာ ပြောင်းလဲခဲ့ပေမယ့်
ကိုယ့်နှလုံးသား တစ်နေရာမှာတော့
ညီမလေးတစ်ယောက် နေရာယူဆဲပါကွယ်။
နှလုံးသား အလိုကို ပြစ်ခွါ
မင်းနဲ့ဝေးရာကို ပြေးလာခဲ့ရပေမယ့်
နှောင်းအတိတ်က ပျော်စရာ ထနောင်းရိပ်ကလေးကတော့
ကိုယ့်ရင်မှာ
အမြဲနေရာယူဆဲဆိုတာတော့
တစ်မြေရပ်ခြားက ညီမလေးတစ်ယောက် ကြားသိနိုင်ရင် ဝေးရာသို့
ပြေးလာခဲ့ရတဲ့အစ်ကို
ကျေနပ်ပါပြီ ညီမလေးရယ် .....။

နိုင် (ညောင်ဦး)