Wednesday, July 30, 2014

မြစ်တစ်စင်းရဲဇာစ်မြစ် (ဖိုးလူ)

မြစ်တစ်စင်းရဲဇာစ်မြစ်""

နေထွက်နေဝင်ပြီး
မိုးလင်းလိုက်
ညရောက်လိုက်နဲ့
တိုက်ခိုက်နေရတဲ့
ရှင်သန်မှုရဲ့ခရီး
ဘယ်တော့ပြီးမလဲ၊ ။ ။
သူငြီးငါငြီး
စိတ်ကြီးကြီးနဲ့
ထိပ်သီးလည်းရောက်မလာ
နောက်ချည်းလဲ ကျန်မနေခဲ့။ ။ ။
တချို့ကငို
တချို့ကဆို
အလိုတော့ပြည့်မလာခဲ့။ ။ ။

အချိန်နဲ့သွား
အချိန်နဲ့စား
အားအားမရှိကြဘူး ။ ။ ။
ရှင်သန်မှုရဲ့ခရီး
တစ်ယောက်တည်း
လျှောက်မြည်း
နေရတယ်လို့ ။ ။ ။ ။

ဖိုးလူ

Tuesday, July 29, 2014

ပုံပြင်​(​နေကာရံ )

ပုံပြင်​(​နေကာရံ )

မ...ရယ်
ပုံပြင်​ထဲကအဆိပ်​ခွက်​နဲ့
ငါ့အတိတ်​မနက်​တိုင်း
မလှပနိုင်​ခဲ့ဘူး
ရင်​ခွင်​ဦးမ​ဟုတ်​ခဲ့​ပေမဲ့
အချစ်​ဦးမို့ရူးခဲ့မိသူ
ငါ့အတွက်​​တော့
ဇာတ်​သိမ်းမလှတဲ့
ဇာတ်​လမ်း​လေးလို​ပေါ့
အ​ဖြေမဲ့တဲ့ငါ့​မေးခွန်းတိုင်းမှာ
တုန့်​ပြန်​မှုမဲ့တဲ့..မ...ရဲ့
အ​ဖြေ​လေး​ကြောင့်
ငါ့နှလုံးသား​လေး
ကြွေမွခဲ့ရပြီ

အိပ်မက်ထဲမှာခုထက် ပိုလှနေပါတယ် မမသွယ်(၂) - Nay Ya Eain

အိပ်မက်ထဲမှာခုထက် ပိုလှနေပါတယ် မမသွယ်(၂) - Nay Ya Eain

ပြောစမ်းပါဦး မမသွယ်
ကျွန်တော့်ရဲ့
အသုံးမကျမှုတွေနဲ့အသုံးမလိုတော့တာတွေ
အလေးချိန်မများခင်
အပြင်ကိုလွင့်ပြစ်လိုက်ပါတော့
ကျွန်တော်လာခဲ့ပါ့မယ် မမသွယ်
မမသွယ်ရှိတဲ့မြို့ပြကို
ပွေ့ဖတ်ခံစားဖို့
နိုးကြားတဲ့ကဗျာထဲမှာ
မြစ်တစ်စင်းလို့စီးမျောဖို့
ကျွန်တော်လာခဲ့မယ်
ကွန်တော်ချစ်ခြင်းမြင်းခွါသံပြင်းပြင်းမှာ
မြစ်တို့စီးဆင်းစေရမှာပေါ့
ဒါက ကဗျာတစ်ပုဒ်အစလည်းဖြစ်နိုင်တယ် မမသွယ်
မြို့ပြရဲ့ ရေ,မြေ,လေ,မီးထဲက
ဖွဲ့စည်းဆဲ သတ္တုစတွေနဲ့ဆန့်ကျင်ပြီး
ကဗျာရေးတဲ့အခါ
ဝေဒနာသက္ကရာဇ်ကိုဆန်တက်ဖို့
ကွန်တော့်လက်ကို
ရဲရဲတွဲထားစမ်းပါ မမသွယ်
မကြောက်တရားနဲ့အားလုံးကို
တည်ဆောက်သွားချင်တယ်

(ဟုတ်ပါတယ် အိပ်မက်ထဲမှာ ခုထက်ပိုလှနေတယ်မမသွယ်)

နေရအိမ်

အိပ်မက်ထဲမှာခုထက် ပိုလှနေတယ် မမသွယ် (၁)- Nay Ya Eain

အိပ်မက်ထဲမှာခုထက် ပိုလှနေတယ် မမသွယ် (၁)- Nay Ya Eain

သီးချင်းတစ်ပုဒ်က
ဝေဒနာအားလုံးကိုလှုပ်ဖွခဲ့တယ်ဆိုရင်
ကျွန်တော့်စကားကို မမသွယ်ယုံပါ
ရိုင်းစိုင်းလွန်းတဲ့ဘဝကံတရားထဲက
မြင်းရိုင်းလိုပြေးသွားတဲ့ညနေခင်များ
ကျနော်အားလုံးကိုပြန်ရခဲ့ပါတယ် မမသွယ်
အိပ်မက်ထဲမှာနွေဦးကိုအရောက်သွားမယ်
နှင်းဆီရထားပေါ်မှာ
အားလုံးကိုပြန်တွေ့ရမယ်
မမသွယ်လည်းပါတယ်
ပြီးတော့
ဘဝမှာကိုယ့်အစာအိမ်ကို
အကြိမ်ကြိမ်အချိန်မှားဖြည့်တင်းပြီး
သွေးကြီးနေတဲ့
ဟောဒီကောင်'နေရအိမ်'လည်းပါတယ်
"မာယာကော့ဗ်စကီး" မဟုတ်ဘူး
"ထူးအိမ်သင်"ပါ မမသွယ်
ကဗျာမဟုတ်ဘူး 'သက်ငြိမ်'သီချင်းပါ
ဒါပေမယ့် ဒါဟာကဗျာတစ်ပုဒ်ပါပဲ
'ပြန်လာခဲ့မယ်'တဲ့ ပြောခဲ့ဖူးတယ်
အဲဒါနွေဦးလေ
နွေဦးရောက်ရင် ကောင်းကင်ပေါ်လွတ်တင်ဖို့
ဒီသီချင်းကိုကူးထားပါ့မယ်
မကြာခင်မိုးရွာတော့မယ် မမသွယ်
ချောင်းတက်တွေမကောသမျှ
ဟောင်းရွက်တွေမျောရမယ်ဆိုတာလေ

(ဟုတ်ပါတယ် အိပ်မက်ထဲမှာ ခုထက်
ပိုလှနေပါတယ်မမသွယ်)

နေရအိမ်

အသည်းစွဲကဗျာဆရာ ၅ - အောင်ချိမ်

(အဲဒါတွေကြောင့် ကဗျာဆရာ အောင်ချိမ့် ဆိုပြီး အမည်ကြီးခဲ့တာ ။)

အသည်းစွဲကဗျာဆရာ ၅ - အောင်ချိမ့်

သူတို့အနုပညာက
ငွေတွေရပြီး
ငါတို့အနုပညာက
ငွေတွေ မရဘူး။

ဒါကြောင့်မို့ ငါဟာ ဒေဝဒတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ မာရ်နတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ ဦးကျောက်လုံးဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ အမေ့ အထင်လွဲ ခံခဲ့ရ။

ဆိုင်းဘုတ်တိုင်းက
အငြင်းပယ်ခံခဲ့ရ။

ဘုရားက အနုပညာကို
တားမြစ်တော်မူပါတယ်။

ငါ့မှာ
ဘုရား တားမြစ်တဲ့အရာကို
ငွေမရ ရွှေမရ
ချစ်ခဲ့ရ။

အောင်ချိမ့်

အသည်းစွဲကဗျာဆရာ ၁ (အောင်ချိမ့်) 

အသည်းစွဲကဗျာဆရာ ၁ (အောင်ချိမ့်) 

ကဂျိုးကဂျောင် ဟိုကောင်ဝတ်လာတဲ့ တီရှပ်ဟာ ငါ့အပြာရောင် တီရှပ်ပဲ။ တံဆိပ်နဲ့ စာတန်းနဲ့ ” စာတန်းက Boney’m ရဲ့ Solgan ကို ကူးရေးထားတာ ” Love For Sale တဲ့။ အသက်အရွယ်ကိုမှမထောက် မျက်နှာပြောင်ပြောင်နဲ့။
ဒီကောင် ပြီးခဲ့တဲ့ ၁၀ နှစ်မှာ မိတ်ဆွေတစ်ယောက်မတိုးဘူး။ တွဲနေကျထဲက သုံးယောက် ခွာသွားတယ်။ လက်ဖက်ရည်ဆိုင်မှာ သူတစ်ယောက်တည်း။ထိုင်ရင် ဒူးချိတ်တယ်။ ထရင် ခါးထောက်တယ်။ စိတ်ပါရင် ကဗျာရေးတယ်။ ခပ်တည်တည်ပဲ ကိုယ့်လူ။
ပေါ့သေးသေး မဟုတ်ဘူး။ ‘သူနဲ့တန်းတူတာ ကမ္ဘာမှာကို ရေ လိုက်ရင် လက်နှစ်ဖက် မပြည့်ဘူး’ လို့ အမြဲစဉ်းစားတယ်။ အချိန်ပြည့်ကို စဉ်းစားတာ။ ငါ သိတာပေါ့ကွာ။ အဲဒါ ရယ်စရာလိုလို၊ ငိုစရာလိုလို။
ဒါပေမယ့် သူ့မှာ အခိုင်အမာသူငယ်ချင်း၊ ရဲဘော်နှစ်ယောက်ရှိတယ်။ ကိုယ့် မိန်းမနဲ့ဆို သုံးယောက်ပေါ့။ ငွေယူသုံးတယ်။ ဆာရင် တစ်ယောက်နဲ့တစ်ယောက် စားတယ်။ ရန်ဖြစ်လို့ရတယ်။ အခြားသူတွေကို တစ်စက်မှ အထင်မကြီးဘဲ နေလို့ရတယ်။ ဟား လို့ရတယ်။ သနားလို့ရတယ်။ အနုပညာကို ကြီးကြီးချစ်ခဲ့တယ်။ ဟော…။ အခု ဟို ကဂျိုးကဂျောင်ကောင် လမ်းကူလာပြီ။ ငါ ရေးနေတဲ့ကဗျာကို လက်စသတ်မှ။
လုံလောက်တယ်
ငါတို့ တစ်ယောက်ကို တစ်ယောက် ကိုးကားလို့
ငါတို့ လုံလောက်တယ်။

အောင်ချိမ့်

အသည်းစွဲကဗျာဆရာ ၂ (အောင်ချိမ့်) 

အသည်းစွဲကဗျာဆရာ ၂ (အောင်ချိမ့်) 

လည်ပင်းကို တိုင်းတယ်
ရင်အုပ်ကို တိုင်းတယ်
ပခုံး၊ ခါး
လက်မောင်းကို တိုင်းတယ်။

လက်ကောက်ဝတ်ကို တိုင်းတယ်
အရှည်ကိုတိုင်းတယ်
‘ကော်တွန်နော်’ ‘ကြယ်သီး ၁၂ လုံးတပ်မယ်’
‘ကော်လာ ထောင်မယ်’။

အပ်ချုပ်ဆရာက
ပေကြိုးကို ပခုံးပေါ် ခွေတင်လိုက်တယ်။

ပြီးတော့
ငါ့ကို ရွှင်ရွှင်ပြုံးပြုံး ကြည့်တယ်။

အင်း။ ကဗျာကောင်းလေးတစ်ပုဒ်လောက် ရချင်လို့
အဲဒါ …
အဲဒီအင်္ကျီဝတ်ပြီး
ကဗျာ စပ်မလို့။

အောင်ချိမ့်

အသည်းစွဲကဗျာဆရာ ၃ (အောင်ချိမ့်) 

အသည်းစွဲကဗျာဆရာ ၃ (အောင်ချိမ့်) 

ဒီမနက် ကမ္ဘာကြီးကို နားထောင်အပြီး
ငါ ကမ္ဘာကြီးထဲ ခုန်အဆင်းမှာပေါ့
မျက်နှာသစ်ရမယ်
သွားတိုက်ရမယ်။

သွားတိုက်ရမယ် ! ။

အဲဒီမှာ . .
ငါ ဆတ်ခနဲ ကျင်စက်ထိသလို
ငါခုပဲ အဲဒီပြကွက်ကို ပြန်ကြည့်ရသလို အမှတ်ရရ
သူမရဲ့ ‘သွားတိုက်ပုံ’ သရုပ်ဆောင်ပြကွက်ကလေး။

သူမဟာ
သွားတိုက်ခဲ့
သွားတိုက်ပြီး ပလုပ်ကျင်း
ပလုပ်ကျင်းပြီး ပလုပ်ကို
မြိုချလိုက်တယ်။

ပြီး။ သူမရဲ့ဓာတ်ပုံ
သူမရဲ့ KAWABATA MAMIKO ဆိုတဲ့အမည်
သူမရဲ့ ကောက်နုတ်ချက်
ငါ ဖတ်ရတယ်။

I am not an artist.
I am a ..worker တဲ့။

ဒီကဗျာဖတ်မိတဲ့မိတ်ဆွေ
ခင်ဗျား သွားတိုက်ပြီးပါပြီလား။

အောင်ချိမ့်

အသည်းစွဲကဗျာဆရာ ၄ (အောင်ချိမ့်)

အသည်းစွဲကဗျာဆရာ ၄ (အောင်ချိမ့်) 

လမ်းထိပ်ကွမ်းယာဆိုင်က
သကြားလုံးဟာချိုတယ်။
ဂျယ်ရီလူးဝစ္စနဲ့
သန်းနွဲ့ ရယ်ရတယ်။

‘ဂျွန်လ၏ မိုးရေများ’.. မှ

အဲဒီလူတွေက ကျွန်တော်တို့ကို ရယ်စရာတွေ လုပ်ပြတယ်
ကျွန်တော်တို့က ရယ်ရမှာ အားနာတယ်
အားနာနာနဲ့ ကျွန်တော်တို့ ရယ်ပါတယ်
ရယ်ပြီးတော့ ကျွန်တော်တို့ စိတ်ညစ်တယ်။

တစ်ဆိတ် ကျွန်တော်ပြောတာ ယုံစေချင်ပါတယ်
ကျွန်တော်တို့လည်း ပေါ့ပါးသွားအောင် တကယ်ရယ်ချင်ပါတယ်။

အောင်ချိမ့်

အသည်းစွဲကဗျာဆရာ ၆. (အောင်ချိမ့်) 

အသည်းစွဲကဗျာဆရာ ၆ (အောင်ချိမ့်) 

ဗိုလ်အောင်ကျော်လမ်းမှာ သစ်ပင်အကြီးကြီးတွေ
သစ်ရွက်ကြွေ ဖွေးဖွေးတွေ
ငါတို့တွေ ကားတွေ။

ခေတ်တွေ၊ ကောင်မလေးတွေ
မဖြစ်နိုင်တာတွေ
တီထွင်ဘာသာစကားတွေ ငွေတွေ။

ပြီး။ မိုးရာသီတွေ၊ ဆောင်းရာသီတွေ
နွေရာသီတွေ၊ ပန်းတွေ။

ပြီး။ စာအုပ်တွေ၊ ဝတ္ထုတွေ
ရုပ်ရှင်ပဒေသာတွေ၊ ရှုမဝတွေ၊ သွေးသောက်တွေ
မြဝတီတွေ၊ ငွေတာရီတွေ၊ မိုးဝေတွေ။

ပြီး။ လက်ဖက်ရည်တွေ၊ အရက်တွေ
ဖိနပ်တွေ၊ ခြေသည်းလက်သည်း လှီးခုံလေးတွေ။

ပြီး။ ‘ငါ ဘယ်မှာလဲဟေ့’ ပြီး။ ‘ငါ ဘယ်မှာလဲဟေ့’
‘ငါ ဘယ်မှာလဲဟေ့’
ငါ့ဘာသာ ပုန်းတမ်းကစားတာတွေ။

တာဝှာ၊ အီကော်နောမစ်
စထရင်း ဟိုတယ်တွေ။

ဝါဇီ၊ ရွှေကြည်အေး၊ ရွှေလမင်း
ပြည်သူ့မုန့်တိုက် မရှိတော့။

အောင်ချိမ့်

မြေဖြူ - KO Naw

မြေဖြူ - KO Naw

အတောင့်လိုက် အတွဲလိုက်
တတောင့်ချင်းထုတ်ပစ်တယ်
သူ့သွေးစက်တွေက ကျောက်သင်ပုန်းပေါ်မှာ
သွေးစက်မှုန်တွေက အသိပညာတွေပွင့်စေတယ်
ဦးနှောက်တွေဝတ်မှုံကူးစေတယ်
ဓားသွေးကျောက်လိုပဲ တဖြေးဖြေးပါးလာတယ်

ကျုပ်ကနိမ့်ကျတဲ့မြေကြီးဘ၀က
လာခဲ့ရတာ
အထုအထောင်းခံ၊အဖိနှိပ်ခံ
အဲ့ဒီဘ၀မှာပဲကျုပ်ပျော်နေမိတယ်။

ဟော...........
ကျောင်းတက်ခေါင်းလောင်းထိုးပြီ။

ကိုနော်

ဗိုလ်အောင်ဒင်စိတ်ကူး ( အယ်ပိုင် )

နာရီလက်သံကိုရေတွက်ရင်း
ရူးပေါပေါအိပ်မက်တချို့ကို
ငါစိတ်ကူးယဉ်မိ....

သောက်လက်စဆေးလိပ်တိုမှ
လွင့်ပျံလာတဲ့မီးခို့ငွေ့တွေက
ငါ့ကိုနားမလည်သလိုနဲ့
ငေးကြည့်နေကြတယ်...

ငါပြုံးပြလိုက်ပါသေးတယ်....
ငါ့ရှေ့ကဖြတ်လျှောက်သွားတဲ့
အသဲကွဲဝိညာဏ် တချို့ကိုပေါ့...

နှလုံးသားကို
၁၅၀၀ နဲ့ပါးရိုက်ဖို့ရောက်လာတဲ့
မိန်းကလေးတချို့ကို
ငါမောင်းထုတ်ပစ်လိုက်တယ်..

ဒါကို....
ခံစားချက်မပြေတဲ့
ပျံလွားငှက်တွေက
တီးတိုးတီးတိုးပြောသွားကြတယ်..
ငါကို...
သိပ်ရက်စက်တယ်တဲ့.....

ဟ ဟား ဟ ဟား
လန့်သွားသလား...! မမြဝင်း
ဗိုလ်အောင်ဒင်ဘောင်းဘီချွတ်တာ
ရေးချိုးမလို့ပါ....

အယ်ပိုင်

ဘဝခါးခါး (အယ်ပိုင်)

ဘဝခါးခါး

တဖြုတ်ဖြုတ်ကြွေနေသောမိုးရေသည်
အတိတ်ရဲ့တစ္ဆေလော...
ဝေခွဲမရသော
သောကရောလေတွေကြားမှာ..
အဆုံးအစမဲ့သော
ငါ့ရဲ့မျက်ရည်တွေက
မိုးကုတ်စက်ဝိုင်းကြီးတစ်ခုလုံး
ပြိုကျသွားသလို....

နှလုံးသားရဲ့
ဝင်ရိုးစွန်းတစ်နေရာက
သင်္ချာမေးခွန်းဆန်ဆန်
နာကျင်ခြင်းတွေက....
တွက်ချက်ရခက်သော
ပုစ္ဆာတစ်ခုလား...

လေးဖြူရဲ့သံယောဇဉ်သီချင်း
ငါဝင်ခံစားမိတယ်..
ပြတ်တောက်သွားတဲ့
ကြိုးတစ်ချောင်းက
သံယောဇဉ်ဟုသမုတ်ခဲ့ရင်
သီချင်းရဲ့အဆုံးမှာ
လက်ကျန်ကော်ဖီတစ်ဝက်ကို
ငါသွန်ပစ်မိမှာပဲ..(ခါးသက်တဲ့အရသာ ဘဝမှာအရမ်းများလို့...ပါ)

အယ်ပိုင်...

စည်းခြားထားတဲ့ချစ်​သူ (​နေကာရံ)

စည်းခြားထားတဲ့ချစ်​သူ
(​နေကာရံ)

ချစ်​သူ...
နေ့ရက်​အချိန်​တိုင်းမှာ
မင်းကိုသတိရတဲ့စိတ်​နဲ့
မေ့မရတဲ့အတိတ်​ကို​တွေးရင်း
ငါမင်းကိုလွမ်းမိ​နေတုန်းပါ..
ဒါ​ပေမဲ့ချစ်​သူရယ်​....
ဆုံနိုင်​ခွင့်​မရှိတဲ့
တို့နှစ်​​ယောက်​ကြားမှာ
သူစိမ်း​တွေအဖြစ်​စည်းခြားခဲ့​တော့
နီးစပ်​ဖို့ဆိုတာ ကမ္ဘာအ္ဘပြင်​ဖက်​မှာ​ပေါ့
မင်းနဲ့အ​ဝေးဆုံးကို
ထွက်​မသွားချင်​​သေးတဲ့
ငါ့အတွက်​အ​ဖြေရှိခဲ့မရ်​ဆို
မေးချင်​ပါတရ်​...
မင်းနဲ့ နီးစပ်​ခွင့်​ရနိုင်​ဦးမှာလား
ကောင်​မ​လေးရယ်​...

နာကျည်းခြင်း (အယ်ပိုင်)

ညတွေကမှောင်မိုက်သလောက်
ကြယ်တွေကမကြွေဘူး..
ရင်ခွင်ခုလုံးလည်းတိတ်ဆိတ်နေတယ်..
ညဟူသောအရေးအသားကို
မိုက်မဲစွာရေးခြစ်မိခဲ့.....

အိတ်ကပ်ထဲကအလွမ်းတွေက
မကုန်သေးဘူး ခြေလှမ်းတိုင်း၌
အလွမ်းတွေကအသင့်စောင့်နေပြီ..
အဆက်မပြတ်ထိုးထားတဲ့
အကိုက်အခဲပျောက်ဆေးတွေကြောင့်
နှလုံးသားလည်းနာကျင်နေခဲ့

သန်းခေါင်ကျော်ရင်
လန့်လန့်နိုးတတ်တဲ့အကျင့်က
မွေးကတည်းက အစဉ်တကျရေးဆွဲထားသလိုပါပဲ...
အိပ်မက်ဆိုးတွေနဲ့ပျော်မွေ့အောင်
ငါ...လေ့ကျင့်နေရဆဲ...

ကံကြမ္မာရယ်....
မနာကျင်တတ်သောနှလုံးသားများရှိရင်
ကျနော့်ကိုပေးပါ..
ခံစားရမှာကြောက်လို့မဟုတ်ပါဘူး
တစစီဖြစ်အောင်ရိုက်ခွဲပစ်ချင်လို့ပါ

အယ်ပိုင်

အင်းလေးသို့... အယ်ပိုင် (အင်းဆားကူး)

အင်းလေးသို့...

"မဗေဒါ"ပန်းပန်လျက်
ရေပြာကိုလက်ပစ်ကူး
ရာသီမကူးခင်..
ဖောင်တော်ဦးကို ဘုရားဖူးမလို့ တဲ့

"ကိုဇင်ယော်"တောင်ပံဖြန့်
တောင်အရပ်ကိုဝဲ
လေဆန်ကိုခွဲပျံနေတယ်..
ရာသီမနှောင်းမီ
ဖောင်တော်ဆီသို့ ဘုရားဖူးမလို့ တဲ့

နံရံထက်က"ဦးအိမ်မြှောင်"
တောင်အရပ်ကိုမျှော်ဖူး
သူလည်း..ဝါဆိုဦးမို့
ဖောင်တော်ဦးကိုဖူးနေတယ် တဲ့

အို...အမောင်
လှေ,တက်ကိုဆွဲ တွဲလက်ညီစေ... ဖောင်တော်ဆီသို့ မျှော်ကာမှန်းရည်
ဘုရားဖူးလို့ ဆုထူးပန်မည်..
"ပင်နီ"များ ဆင်မြန်းကြကိုယ်စီ..

အို....နှမ
ပါးပြင်မို့ထက် ပါးကွက်ကိုတင်
ဆွမ်းချိုင့်ကိုဆွဲ လက်တွဲညီစေ...
ဖောင်တော်ဆီသို့ မျှော်ကာမှန်းရည်
ဘုရားဖူးလို့ ဆုထူးပန်မည်
"ကြာနီ" လည်း ကိုင်ထားကြကိုယ်စီ...

အယ်ပိုင် (အင်းဆားကူး)

လွမ်းစေသတည်း (အယ်ပိုင်)

လွမ်းစေသတည်း

ဒီနေ့...
တိတ်ဆိတ်နေတဲ့စာရွက်ဖြူပေါ်
ညက အိပ်မက်ကိုချရေးမိတယ်..
မျဉ်းကြောင်းတွေက
တချို့ကဖြောင့်ပြီး
တချို့ကကောက်လို့

လောကကြီးပက်လက်ဖြစ်သွားချိန်
ယ,ပလက်ကိုထမ်းပြီးငါခရီးထွက်ခဲ့တယ်
ဖြောင့်မျဉ်းပေါ်က ဒဏ်ရာရထားကြီးနဲ့ပေါ့...
လေတွေကဖြည်းဖြည်းခြင်း
ငါ့ရင်ခွင်ဇစ်ကိုဆွဲဖွင့်တယ်
ကြယ်တွေက ခေါင်မိုးကိုဖြဲပြီး
ငါ့နှလုံးသားကို ငုံ့ကြည့်တယ်..
အိပ်မောကျနေတဲ့မြူမှုန့်တွေက
ယိုင်လဲလုဆဲငါ့ခြေလှမ်းတွေကြောင့်
စောင်ကိုအသာလှစ်ပြီးမော့ကြည့်တယ်..
ထိုအချိန်၌...
ကဝေပျိုမတစ်ယောက်
ရင်ခွင်သိုက်ကိုဖောက်ဖို့
အနက်​​ရောင်​မာယာပေါ်မှာ
အဖြူရောင်ခြုံပြီးတစ်လှမ်းချင်းလျှောက်
ငါ့ရှေ့မှာဒူးလာထောက်တယ်..
ငါ...သူကိုဖေးမဖို့လက်ကမ်းတော့....
လှမ်းတဲ့လက်မရောက်ခင်...
နေမင်းကြီးပြေးထွက်လာပြီး..
ငါ့မျက်စိကိုအတင်းဆွဲဖွင့်တယ်...

နောက်ဆုံးမျဉ်းကြောင်း၏
အိပ်မက်နိဂုံးကာ...
လွမ်းစေသတည်း...တဲ့

အယ်ပိုင်

အပယ်ခံနှလုံးသား...(အယ်ပိုင်)

အပယ်ခံနှလုံးသားပါ...
ကြွေရန်အဆင်သင့်ပါပဲ
အညှာမခိုင်တဲ့သူမို့
ခြွေသူရယ်....
မင်းလှမ်းခဲ့ပါတော့လား...
ဖွဖွလေးကောက်ပြီးနမ်းချင်နမ်း
ကြမ်းကြမ်းလေနင်းပြီး
လျှောက်ချင်လျှောက်...
မင်းရှေ့မှာဒူးထောက်နေတဲ့
နှလုံးသားဟာ
အပယ်ခံနှလုံးသားပါ...

အယ်ပိုင်

သက်ပျင်းရှည်...(အယ်ခဲလူ)

သက်ပျင်းရှည်

ကြယ်စင်တွေ
မလင်းတစ်ချက်လင်းတစ်လှည့်နဲ့
လရောင်ကလည်းမပီဝိုးတဝါး
ကျေးငှက်တွေကလည်းတွန်သံစဲလို့
အိပ်မောကျကုန်ပြီ

ဒါပေမယ့်
သက်ပြင်းရှည်တွေအကြိမ်ကြိမ်ချ
ဝရံတာတိုင်အိုကိုမှီရင်း
အလွမ်းကမ္ဘာပတ်နေသူက
ငါပေါ့.....
လွမ်းချက်ကကမ်းကုန်
ဆွေးချက်ကကြွေကျလောက်တယ် ဒါပေမယ့်
ငါဘယ်လောက်လွမ်းလွမ်း
ငါဘယ်လောက်ဆွေးဆွေး
သူမှမသိနိုင်ပဲ
တလျှပ်လျှပ်ခုန်နေတဲ့ရင်ခုန်သံ
ခဏခဏသူ့ကိုအော်ခေါ်နေပေမယ့်
သူမှမကြားနိုင်ပဲ
အနေဝေးရခြင်းတွေကို
မုန်းတီးပေမယ့်
သူပြန်လာလေဦးမလားဆိုတဲ့
မျော်လင့်ချက်နဲ့
မဝံ့မရဲမျော်လင့်နေဆဲပေါ့
သြော်ငါ့ဘဝ ငါဘဝ
သက်ပြင်းရှည်တွေချနေရတဲ့အဖြစ်မှ
ဘယ်တော့အခါမှ လွတ်လိမ့်မည်လဲနော်။

Alkhaeluu

Soe YaDarNar

တွယ်တာလှပေမဲ့...
ကွယ်ရာကပဲချစ်တော့မယ်
အဆင်ခက်လေတော့ မကြင်ရက်တယ်
သခင်ဆိုမလား ငြိုငြင်ရက်တယ်
တို့အပြစ်ပါပဲ စိတ်ညစ်တယ်ကွယ်
သံယောဇဉ်ဗွေကာရစ်ပေမဲ့
ပြန်ပြောရင်ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူအမူလုပ်ပါလို
မပူရုပ်လို ဟန်ဆောင်တင်းပေမဲ့
ရင်ထဲမှာမကြည်မေ့လေတော့
ဒီနေ့လည်း စိတ်ပျက်ရပြန်တယ်။
မနက်တိုင်းလည်းဒီအတိုင်းပဲလား?

Soe YaDarNar

မျက်လုံးထဲမှာ...(SoeYaDarNar)

"မျက်လုံးထဲမှာ"

မင်းကိုယ့်ကိုအဖြေမပေးပေမဲ့
တိတ်ဆိတ်တဲ့အသံကို
ချစ်တဲ့သူရဲ့နှလုံးသားတိုင်း
ကြားနိုင်တယ်။
မင်းမျက်လုံးထဲမှာ အဖြေရှိတယ်။
အကြည့်တစ်ဝန်းကပဲ လေးနက်လှပေတယ်။
အဖြေမလိုတော့ဘူး ကလေးရယ်။
မျက်လုံးဟာ နှလုံးသားရဲ့တံခါးဆိုတာ ငါသိနေလိုပါ...

SoeYaDarNar

ငါ့ဘဝရဲ့လမင်း (စိုးရတနာ)

ငါ့ဘဝရဲ့လမင်း

မင်းနဲ့ဝေးလို့ ရင်ဝယ်ပိုက်မိတဲ့
မရှိမဲ့,ရှိမဲ့ဒဏ်ရာတွေကို
ဂုဏ်ယူစရာတခုလို
ရင်ထဲမှာပဲသိမ်းထားလျက်ပေါ့
လမ်းတွေ့လို့များ ကြုံကြိုက်ခဲ့ရင်
ရင်ဘတ်ထဲက အလွမ်းတွေ
ရှက်လန့်တကြားနဲ့
ပိုင်ရှင်မဲ့သလိုခံစားနေရတယ်။
ငါ့ရဲ့ခံစားချက်တွေကို
နင်တစ်ယောက်သိနေခဲ့ရင်
မခေါ်မပြောဘဲနေမှာလား
ရယ်သွမ်းသွေးနေမှာလား
တခုတော့ခံနိုင်စွမ်းမရှိဘူး
ဆုံတွေ့ခွင့်တွေ ခမ်းသွားတဲ့အခါ
အဖြူရောင်ကို ရင်ဘတ်ထဲထည့်လို့
သူငယ်ချင်းအဖြစ်နဲ့ အရိပ်လိုနေရမလား
မြတ်နိုးမှုတွေထုတ်ဖော်လို အဝေးဆုံးကိုပဲ ထွက်သွားရမလား....
နင်ပဲဆုံးဖြတ်ပေး...

ငါ့ဘဝရဲ့လမင်း

စိုးရတနာ

စမ်းသပ်ခြင်း (SOEYADARNAR)

စမ်းသပ်ခြင်း

လူကိုရွှေနဲ့စမ်းသပ်တယ်။
ရွှေကိုဖယောင်းနဲ့ စမ်းသပ်တယ်။
ဖယောင်းကိုမီးနဲ့ စမ်းသပ်တယ်။
အချစ်ကိုဘာနဲ့ စမ်းသပ်ရမလဲ
မင်းစိတ်ကိုဘာနဲ့ စမ်းသပ်ရမလဲ
ငါအချစ်ကိုတော့
မင်းကြိုက်ရာပေတံနဲ့ စမ်းသပ်နိုင်ပါတယ်
ငါ့အချစ်က ပေမှီတန်မှီ မာကျောပါတယ်။

ငါရင်ခွင်တံခါးဖွင့်ဟမပြခဲ့ရသောသူလေးရယ်

SOEYADARNAR

မုန်းသင့်​​လေး​လေ​ပြေ... (​နေကာရံ)

မုန်းသင့်​​လေး​လေ​ပြေ
(​နေကာရံ)

ချစ်​သူ
မဖြစ်​နိုင်​မှန်းသိ​နေလျက်​နဲ့
မေ့မရပဲ ချစ်​​နေခဲ့တာ
ကံကြမ္မာရဲ့ရက်​စက်​ခြင်းဘဲလား..?
နေ့ရက်​ကြာရှည်​ မ​မေ့​လေတာ
ဘ၀ကဒဏ်​ခတ်​ခြင်းဘဲလား..?
ဒဏ်​ရာ​တွေများတဲ့ ငါ့နှလုံးသားတွက်
အခု​တော့....သိပြီ
မုန်းသင့်​​လေ​ပြေ

အဆိပ်သင့်နှလုံးသား--- (ရင်တွင်းဖြစ်)စိုင်းဟေမာန

(အဆိပ်သင့်နှလုံးသား)

ခါးသက်သက် အဆိပ်တစ်ခွက်နဲ့
တသက်သေသွားရင် အကောင်းသား
အခုတော့ ဟန်ဆောင်ချစ်တဲ့
မုသားစကားနှင့် မာယာတွေကြောင့် ဝေဒနာ အဆိပ်တက်နေတဲ့ ငါ့နှလုံးသား
ငရဲခန်းမှာ မီးကျွမ်းသလို....
ခံစားနေရပြီ--ချစ်သူရေ

(ရင်တွင်းဖြစ်)စိုင်းဟေမာန်

ပြန်လာပေးပါ ( Rosy Wine )

'' ပြန်လာပေးပါ ''

ခဏတာပေါ့ ´´တဲ့လား
ဘယ်အချိန်မှ ပြန်ဆုံခွင့်တွေရမှာလဲ ?
မေးချင်မိတယ်....ချစ်သူ !
ငါဟာ မင်းအတွက် ဘယ်လောက်ထိများ
အရေးပါခဲ့တာလဲဟင် !
ငါ့အတွက်တော့ နင်ကလေ
ပြောမပြနိုင်လောက်အောင်ပဲ ချစ်သူ
နှိုင်းပြမရအောင် ချစ်ခဲ့တာမို့
လမ်းခွဲစကားဆိုတာ
ငါ့ရင်တွေကွဲထွက်မတတ်ကို
ငါမုန်းခဲ့တာပါ
ဖြစ်နိုင်မယ်ဆို ငါ့အနား မင်း
ပြန်လာခဲ့ပါတော့လား...ချစ်သူရယ်
ငါတစ်ကယ်လွမ်းတတ်ပါပြီ
ထပ်မနှိပ်စက်ပါနဲ့တော့ အချစ်ရယ်
ကျီစားခြင်းဆိုဒီမှာပဲ တစ်ခန်းရပ်
ပေးပါတော့ကွယ်နော်

Rosy Wine

အရူး ( Rosy Wine )

''အရူး''

စိတ်တွေအရမ်းပဲ
ညစ်လာတဲ့အခါ
လေယူရာလွင့်နေတတ်တဲ့
စက္ကူစွန်လို
ဖြစ်ချင်ခဲ့တယ် . . .

အရာရာမှာ
စိတ်တိုင်းမကျလို့
ထင်တိုင်းဖြစ်ချင်နေတဲ့
စိတ်တွေကို
တော်တော်
်ထိန်းကျောင်းခဲ့ရတယ် . . .

အချစ်ကြောင့်တဲ့လား
တချို့ကရူးသလို
တချို့ကမူးကြသတဲ့
ငါတော့ရူးပြီပေါ့ဟယ် . . .

Rosy Wine

ဲပြန်လာပါတော့....(စိုင်းဟေမာန်)ရင်တွင်းဖြစ်

တချိန်ကပေါ့...
ဆည်းဆာချိန်နေရောင်အတက်မှာ
မောင်နှံငှက်တွေလေဟုန်စီးရင်း
တေးသွားကိုယ်စီနှင့် အတောင်ခြင်းယှက်လို့
ပျံသန်းနေကြတယ်....

ကြည်နူးစရာသိပ်ကောင်းတာပဲ...သူရယ်...
ငါ့မှာတော့ တစ်ယောက်တည်းအသဲကွဲမျက်ရည်နဲ့
နူတ်ဆိတ်စွာငေးမောလို့ အားငယ်စွာတွေးတောရင်း
ဘ၀ကိုမကျေနပ်နိုင်ခဲ့...

ဒီလိုအဖြစ်အပျက်စုံတဲ့ငါ့ကို
သူနုတ်ဆက်ပြီး အဝေးကြီးကိုထွက်သွားတယ်..
အဲဒီကစ သူနဲ့ငါ မဆုံဖြစ်ခဲ့တာ
ယခုဆိုလျှင် (၅)နှစ်တောင်ကြာခဲ့ပေါ့...

နှစ်တွေချို့ခဲ့ပေမဲ့ မေ့မရနိုင်တဲ့ပုံရိပ်တွေက
အရင်တိုင်းပဲ..လန်းဆန်းနေမြဲ
သူကတော့ငါကို မေ့နေပြီလားမသိ..
ငါ့ရင်ထဲမှာတော့ သူ့အတွက်နဲ့
အလွမ်းတွေပြည့်နှက်နေပြီး
တစ်နေ့မှမေ့မရခဲ့ဘူး
လွမ်းပြီးရင်းလွမ်းနေရတယ်။

ချစ်သူရယ်....
ကြားရာအရပ်ကပြန်လာပါတော့နော်...


ရင်တွင်းဖြစ် (စိုင်းဟေမာန်)

ပါပီလွန်


ပါပီလွန်

သမုဒ္ဒရာကြီးထဲမှာ မ​ပြောပ​လောက်တဲ့ ကျွန်းက​လေးတစ်ကျွန်း
အဲဒီ ကျွန်းက​လေးတစ်ကျွန်းပေါ်မှာ အပ်ဖျားတစ်ထောက်စာ
အစက်​က​လေးတစ်စက်
အဲဒီအစက်လေးထဲမှာတော့ စကြ၀ဠာထက်ကြီးတဲ့ အလျှံရဲရဲ လွတ်မြောက်လိုစိတ်တွေ။ ။

နွယ်စိမ်းဝေ နွယ်နီမဂ္ဂဇင်း

မျက်​နှာသစ်​ခြင်း


မျက်နှာသစ်ခြင်း

ရင်​ထဲမဟူရာ၊ နှုတ်မှာပုလဲ
မျက်ဝန်းထဲမှာ၊ နီရဲပတ္တမြား…။
သင်္ကန်းတစ်ဖက်၊ လွှတစ်ဖက်နှင့်

ရက်စက်နှုတ်ချို၊ သောနုတ္ထိုနှယ်
မုဆိုးလည်များ…
နွယ်လိုမြက်လို၊ ပုတ်သင်​ညိုသို့
တိမ်လိုလှိုင်းလို၊ မြေ​ခွေးအိုသို့…
ဟိုသည်ပြောင်းနေ၊ ခုနစ်ထွေကတတ်

ဇာတ်ပျက်အချို့....။
သူတို့ချည်းလေ ရှိနေသလား၊
အားငယ်ချင်​ခိုက် `` သံလိုက်တစ်ခုသည်

မတူညီသောဝင်​ရိုးစွန်းများရှိ၏´´
နားလည်မိဆဲ၊ အ​နေရဲပြန်
လူထဲပြန်ဝင် တိုးလိုက်မိ.....

မောင်​စိန်ဝင်း ( ပုတီးကုန်း )

ကွက်​လပ်

ကွက်လပ်

နင်ရှိနေသမျှ
ငါ့ဘဝရဲ့အပျော်ရွှင်ဆုံး အချိန်ပေါ့
ငါအလွမ်းအကြောင်းတွေ ရင်ဖွင့်လိုက်တိုင်း
နင်ကဖေးမကူညီနေသူပါ
နင်ငါ့ကိုမုန်းတယ်လို့
ဘယ်လိုပဲပြောပြော
ငါဆွံ့အယောင်ဆောင်ပေးနေသူပါ
နင်မပျော်ရွှင်လို့ ငိုရှိုက်နေချိန်မှာ
နင့်ပါးမို့မို့ထက်က စီးကျမျက်ရည်ကို
ကူသုတ်ပေးနေသူပါ
တခြားသူက
နင်ရင်ခွင်တံခါး လာခေါက်မိတိုင်း
နင်ငါ့ဆီကို ရင်ဖွင့်နေတာကိုကြည့်ရင်း
ငါ့ရင်မှာဆို့နင့်လာတဲ့ အဖြစ်ရယ်က
နင့်နှလုံးသားမှာ လစ်ဟာနေတဲ့
ပိုင်ရှင်မဲ့ ကွက်လပ်တစ်ခုကို
ငါဖြည့်ဆည်းပေး ချင်လိုက်တာ
ဒါပေမဲ့လေ....
သစ္စာမဲ့ရာကျမည့်အဖြစ်မျိုးကို
ငါမလိုလားပါဘူးကွယ်
အစကတည်းက
နင်နဲ့ငါပညတ်ချက်တွေမထားခဲ့ရင်
အကောင်းသား
နင့်ဘဝနင့်ကံ ငါ့ဘဝငါ့ကံ
ကံမကောင်းအကြောင်း မလှပေမဲ့
အကောင်းချည်းတွေးပြီး
ရင်ဆိုင်ပါရစေတော့လားကွယ်

❦ N L W ❦

ပုံပြင်

ပုံပြင်

တစ်ခါတုန်းက
မီးရထားသံလမ်းတစ်လမ်းနဲ့လူတစ်ယောက်ကို
မီးရထားတစ်စင်းနဲ့ လူတစ်ယောက်က

ခုတ်မောင်းသွားတယ်။

ဘ၀တစ်ခုလို အလွမ်းစိတ်က
ဘ၀တစ်ခုလို သံထည်ဘီးမှာ
ဘ၀နဲ့ဝေးရာ အတင်းတွယ်ကပ်
သွေးသံတရဲရဲ လိုက်ပါသွားတယ်။

စင်းစင်းသေကျန်​ရစ်ခဲ့တဲ့
သံလမ်းနံဘေး
လူဝင်​စားခွေးလေးတစ်ကောင်ပေါ့
ည ... ည ...
ရထားခုတ်မောင်းလာပြီဆိုတာနဲ့
အပူတပြင်း ဆွဲဆွဲငင်​ငင်​အူသံရှည်

ပးပေးနေရတာသံသရာတစ်ဆုံး
တုန်လှုပ်ချောက်ချားလို့ မဆုံးတော့တယ်။ ။

စိုင်းဝင်းမြင့် (ချယ်​ရီမဂ္ဂဇင်း)

ဒေဟရာဇ် ပုတ်သင်

ဒေဟရာဇ် ပုတ်သင်

ငါ့ အမှားအတွက်
ငါ့လက်သန်း တစ်ဆစ်ဆိုရင်
ငါ့ အမှန်တရားအတွက်လည်း သင့်လက်သန်းတစ်ဆစ်တော့လိုလိမ့်မယ်။

သားတကွဲမယားတကွဲအလွမ်းတွေက ငယ်ငယ်ကစာသိုက်ဖျက်မိတဲ့နောင်​တလိုမျိုး

ဝဒနာက ရင်​ကိုဖောက်စူးတိုင်း
ငါ့ဖြစ်တည်မှုကို ရွံ့ရှာမှုအပြည့်နဲ့
ပဌာနာခဲ့ရတယ်
တစ်လောကလုံးရဲ့အ​ကြောက်တရားကိုမှ
ငါက လှောင်​ရယ်ချင်​သူပေပဲ။

သားရေပြားတင်းနေတဲ့ ဒရမ်လို မျက်နှာတွေလည်း တင်းသထက်တင်းခဲ့
ငါ့ကိုတီးတဲ့အခါ အသံမာမာတွေသာထွက်ခဲ့

နှုတ်ပိတ်ဖို့ရေငုံထားခဲ့ မပြုပြင်​ဘဲနေခဲ့
စိတ်ခန္ဓာလည်း အကျင့်ပါခဲ့
ရင်​ခုန်သံချင်းညီမှ
နှုတ်ခမ်းချင်းရိုက်ချင်​ခဲ့
တံငါလုပ်မယ့်ကောင်ငါးဖမ်းနည်းသင်​ခဲ့ ပုတ်သင်​လို ရာသီပြောင်းပြီးခေါင်းညိတ်ခဲ့ လူအဖြစ်ကို

ငြီးငွေ့ကျွမ်းလောင်​ခဲ့တာလည်း ကြာခဲ့။

တီကျူး

စင်​သီယာ ၅

စင်​သီယာ ၅

မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်းများစွာမှာ
လူတွေဒါပဲ ပြောကြတယ်
ငါ့အတွက်စကား (၅) လုံး
မင်းအပြုံးက ၀ါးမြိုခဲ့
သ​ရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ် မြေကြီးသားဘ၀မှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့အာရုံလူသတ်ကွင်းထဲ သားရဲတွေအစာတောင်းပြီး အသက်နဲ့အညီအမျှ
ကျိန်ဆိုမိုးပြိုတယ်
စင်​သီယာ မင်းကိုငါချစ်တယ်

သျှပ်မှူးကျော်

ဆန္ဒ {​စောလွင်​}

ဘဝမှာခဏတာလက်တွဲပျော်ချင်ပေမဲ့ 
ကံကြမ္မာလှည့်ကွက်အောက် 
ဒူးထောက်မိမှာစိုးလို့ပါ... 
ရင်ထဲ့ကနှောင်ကြိုးမျှင်
ထပ်ထိုးလိုချည်ချင်ပေမဲ့..
ဝေဒနာတွေတခဲ့တလုံးကျန်ခဲ့မှာစိုးလို့...
ဆန္ဒကို ဦးနှောက်နဲ့ ထိန်းချုပ်အမိန်ပေးလိုက်တယ်
မိန်းကလေး...
ရှေ့ဆက်မတိုးနဲ့တော့လိုပေါ့...

သိပ်​ချစ်​လို့. (​ရေ​ပျော်​ငှက်​)

သိပ်​ချစ်​လို့. (​ရေ​ပျော်​ငှက်​)

ချစ်​သူ
အရူံး​တွေကြားမှာ အမုန်း​တွေနဲ့
မင်းမုန်းခဲ့လဲ ငါမမုန်းရက်​ဘူး
ချစ်​သူ
ရက်​စက်​မှု​တွေကြားမှာ
မင်းထားခဲ့လဲ ငါမခွဲရက်​ဘူး
ချစ်​သူ
မင်းရဲ့​ပျော်​ရွှင်​မှုအတွက်
နောက်​တစ်​​ယောက်​​ပြောင်းလဲ
ငါ​နောက်​တစ်​​ယောက်​မတွဲရက်​ဘူး
အဲဒါ မင်းကို သိပ်​ချစ်​လို့

Sunday, July 27, 2014

အချစ်နဲ့အသက် ( သက်ပိုင် )

(အချစ်နဲ့အသက်)

ဘယ်ကိုစေမလဲ မြေအဆုံးလား?
ငါ မသွားနိုင်ဘူး ။

ဘယ်လိုစမ်းမလဲ ပင်လယ်ကြမ်းလား?
ငါ မဖြတ်ကူးနိုင်ဘူး ။

ဘာကိုခိုင်းမလဲ ဓူဝံကြယ်လား?
ငါ မဆွတ်ခူးနိုင်ဘူး ။

သေချာတာတော့....
နင်သာ ငါ့ဘုရင်မ
နင်သာ ငါ့ဘဝ

နင်ပြန်ချစ်ရင် ပြည့်စုံလို့
နင်မုန်းရင်တော့ ဘဝဆုံးပြီ။
စာနာနိုင်ပါ့မလား?
အချစ်နဲ့ အသက်ဆက်နေရတာ။

သက်ပိုင်

ဂျူလိုင်မိုး...( သက်ပိုင် )

ဂျူလိုင်မိုး...

အညာကို အပြစ်ပေးတာလား
စိမ်းကားတဲ့ မိုးရေးးး
အခုဂျူလိုင်လ မှာတောင်
မိုး မသိချင်ယောင်ဆောင်နေတယ်

မိုးရှိမှဖြစ်မယ့်
ဘဝတွေအတွက်
မိုး မရက်စက်သင့်ပါဘူး

ညညတွေဆို
အိုက်စပ်လွန်းလို့
ဟင်းလင်းပြင် ကွတ်ပစ်ကြီးပေါ်မှာ
မိုးသားတွေကို မော့ကြည့်ရင်း
မိုးကို တမ်းတအိပ်စက်နေရတာလဲ
အိုး.... အိုက်စပ်စပ်ပဲ ။ ။ ။

သက်ပိုင်

လက် (သူ့ရှင်-ကလေး)

"လက်´´
♨ ♨ ♨ ♨
ပေးတတ်​သလို
ယူလည်းယူတတ်​သည်​ ။

ဆုပ်​ကိုင်​နိုင်​သလို
လွှတ်​ချမှုလည်းပြုနိုင်​သည်​ ။

ကြင်​နာခြင်းကို ဖြစ်​​စေနိုင်​သလို
နာကျင်​ခြင်းကိုလည်း
ဖြစ်​​စေနိုင်​သည်​ ။

လက်​တွဲ​ခေါ်နိုင်​သလို
လက်​တွဲကိုလည်း .....

တကယ်​​တော့ ...
လက်​ဆိုတာ ကကြိုးရုပ်
တစ်​ခုမျှရယ်​ပါ ....
အင်း ...စိတ်​ရဲ့
ကကြိုးရုပ်​တစ်​ခုမျှရယ်​ပါ ။

သူ့ရှင်​{က​လေး}

အဖြည်​ခံ (ရေ​ပျော်​ငှက်​)

အဖြည်​ခံ

ကောင်​မ​လေး
မင်းနားဆင်​ဖို့ နှလုံးသားထဲ
သီချင်းကိုဖွင့်​ပြမယ်
ကောင်​မ​လေး
မင်း​ပျော်​ရွင်​ဖို့ ငါ့မျက်​ရည်​​တွေစ​တေးခဲ့မယ်
ကောင်​မ​လေး
မင်းသာယာဖို့ ငါရဲ့အချစ်​ကို
လမ်းခင်း​ပေမယ် 
ကောင်​မ​လေး
မင်းစိတ်​ချမ်းဖို့ ငါဘ၀တစ်​ခုလုံး
အသုံး​တော်​ခံခဲ့မယ်
ရေ​ပျော်​ငှက်

ချစ်​သူဆီသို့......( N L W )

ချစ်​သူဆီသို့

ဟိုး....အ​ဝေးကမ္ဘာမှာ ​မျောလွင့်​​နေတဲ့
ချစ်​သူရယ်
တသွင်​သွင်​ စီးဆင်း​နေတဲ့
စမ်း​ချောင်းငယ်​​လေးထဲ
နှလုံးသားကျမ်းစာ တစ်​​စောင်​​ရေးပြီး
လွင့်​​မျောလိုက်​ပါတယ်​ ချစ်​သူ

ရွှေဖူးစာဆုံလို့ ကံကြုံခဲ့ရင်
ချောင်းကမ်းပါးမှာလဲ မငြိတွယ်​​စေလို
ဝဲဂယက်​နဲ့လဲ ​ရှောင်​ကာလွှဲ
ချစ်​သူရှိရာမြစ်​ဝဆုံမှာ
နှလုံးသား ကျမ်းစာတစ်​​စောင်
ရောက်​ပါ​စေသားလို့
မေတ္တာဆက်​သသန္နိဌာန်
ချလိုက်​ပါရ​စေလား ချစ်​သူရယ်​....

N L W

Saturday, July 26, 2014

ငါ့နာမည် သေမင်း (သက်ပိုင်)

(ငါ့နာမည် သေမင်း)

နင့်အလှတွေ ဘာလုပ်ရမလဲ?
သွား...အမိုက်ပုံးထဲထည့်ပစ်လိုက်။

နင့် ချမ်းသာမှု့လား?
ပေါနေရင်အိတ်နဲ့ထည့်
မြစ်ထဲလွှတ်ပစ်လိုက်။

နင့်ရဲ့ပညာဂုဏ်ပကာသနတွေလဲ
သိပ်မက်မောမနေနဲ့။

ဒီမှာ ငါနဲ့တွေ့ရင်
နင်...ဆွဲကိုင်ထားတဲ့
မာနထုပ်ကြီးကို ပစ်ချထားပြီး
လေးလေးစားစား ဆက်ဆံတတ်ရင် စဉ်းစားပေးမယ်

ငါ့နာမည် သေမင်း ပဲ။


သက်ပိုင်

အိမ်မက်မဟုတ်တဲ့အိမ်မက်...(လွမ်းရသူ)

(အိမ်မက်မဟုတ်တဲ့အိမ်မက်)

နှလုံးသားတစ်ခုကိုအသက်သွင်း
အချစ်ကိုဖန်ဆင်းယူ
စကားလုံးလှလှလေးနဲ့
ငါ့ရင်ကိုလာရိုက်ခတ် ပျော်ရွှင်မှုတွေကို
နင်ကိုယ်တိုင် ယူဆောင်လာပြီးမှ
အမုန်းနဲ့လမ်းခွဲ အိမ်မက်မဟုတ်ပဲ
လက်တွေ့ဖြစ်နေချိန်မှာ ငါဟာအလွမ်းတွေကို
လက်ကိုင်ထားမိပြီ
အပြုံးနဲ့နှုတ်ဆတ်မသွားပေမဲ့
အမုန်းနဲ့လမ်းခွဲမသွားပါနဲ့
ထာဝရမဟုတ်တဲ့ အချစ်တစ်ခုအတွက်.…

လွမ်းရသူ

မာယာနှလုံးသား (လွမ်းရသူ့)

(မာယာနှလုံးသား)

ခွဲမသွားပါနဲ့...ခွဲမသွားပါနဲ့....
အကြိမ်ကြိမ်ပြောလဲ
အိနြေ္ဒရှင်မာယာမင်းသမီးက
လက်ပြနှုတ်ဆက်သွားခဲ့တယ်
အပြုံးတစ်ပွင့်နဲ့ ငါ့နှလုံးသားကို
နှင်းချေရက်သူ ကြေကွဲသွားတဲ့
ငါ့နှလုံသားကို ပြန်ဆက်ကြည့်တော့
ငါ့နှလုံးသားအက်ကြောင်းတိုင်းမှာ
မင်းကိုချစ်တယ်တဲ့ အစားထိုးမရတဲ့
အချိန်နဲ့အတူ ငါ့နှလုံးသားအတွက်
လျော်ကြေးမတောင်းပါဘူး
မင်းနှလုံးသား ငါ့လိုမနာကျင်ဖို့
ငါဆုတောင်းနေပါတယ်

လွမ်းရသူ့

မင်းရှိနေပေးပါ ( လွမ်းရသူ )

"မင်းရှိနေပေးပါ"

ငါ့ဘဝရဲ့ လမိုက်ညတွေထဲမှာ
အလင်းရောင်လေးအဖြစ်
မင်းရှိနေပေးပါချစ်သူ…
ကြမ်းတမ်းလွန်းတဲ့ဘဝရဲ့
သဲကန္တာရထဲမှာ
OAစစ်လေးတစ်ခုအဖြစ်
မင်းရှိနေပေးပါချစ်သူ...
ငါ့ဘဝရဲ့
လမ်းပျောက်ခဲ့တဲ့ ညတွေထဲမှာ
မင်းလက်တစ်ဖက်ကို ဆုပ်ကိုင်ရင်း
ဘဝကိုအဆုံးစွန်အထိ
ရင်ဆိုင်ခွင့်ပေးပါချစ်သူ

လွမ်းရသူ

အချစ်ဦးသို့. ( လွမ်းရသူ )

"အချစ်ဦးသို့…"

ရင်မှာတွယ်တာ လွမ်းရက်များစွာနဲ့
သိပ်ချစ်ရတဲ့သူ အချစ်ဦးမို့
ရူးမတတ်ချစ်သူ ဒီကောင်ရဲ့အသည်း
ကြေကွဲနေပါပြီ ကောင်မလေးရယ်…

လွမ်းရသူ

Friday, July 25, 2014

ဝိညာဉ်

လူတော်လိုလို ...
ဝယ်သင်ထားတဲ့ ... ပညာတွေနဲ့.
လူမှန်သမျှကို ..  ဘောင်တွေခတ်ကြည့်
မင်းပညာဟာ .... ဖိတ်စာတွေအတွက်ဘဲ ...
အသုံးဝင်မှာပါ...

လူကြားကောင်းအောင် နိုင်ငံတွေဖြတ်ကူး ...
ပြည့်စုံပြီးရင်းပြည့်စုံချင်တာ
တကယ်တော့
အဆန်းတကျယ်မဟုတ်ပါဘူး..

မဖြစ်နိုင်ခြင်းတွေ ..
လက်ခံနေတဲ့ ...  ဘ၀..?
ခံစားချက်တွေ... နာကျည်းမူ့တွေနဲ့
ပုံမပေါ်ခဲ့တဲ့ ..အိမ်မက်....
ကြယ်တွေကြည့်ပြီး ...
ငိုနေခဲ့တာ ...
ဘယ်သူတွေ သိချင်နိုင်မလဲ...

ထီလက်မှတ်ကို ... အကြိမ်ကြိမ်ရှိခိုးပြီး ...
ဘုရားစင်မှာ ... ရည်ရွယ်ထားတဲ့ ..
စာရွက်လေး ...
ငါ့အတွက်တော့ ...?
ဘာနဲ့မှလဲလှယ်မယူနိုင်ဘူး...

မိုးယိုနေတဲ့  ကုတင်ထက်မှာ
ရုံးကန်နေတဲ့ ဘ၀...
မပြည့်စုံတာတွေနဲ့
အိပ်ပျော်ရင် ပျော်နေပါရစေ...
အကြွေးတွေနဲ့တော့ ...ငါ
မနိုးထချင်ဘူးဟာ.....

ဝိညာဉ်

ပျော်စံရာ (သက်ပိုင်)

+ ပျော်စံရာ+

ငှက်တို့ရဲ့
ပျော်စံရာ ကောင်းကင်
ငါးတို့ရဲ့
ပျော်စံရာ ရေပြင်
သားတို့ရဲ့
ပျော်စံရာ တောတခွင်
ငါ့ဘဝရဲ့ ပျော်စံရာ
နင်ပဲပေါ့ ချစ်သူရယ်းး ။

သက်ပိုင်

ကြေကွဲနေတဲ့နှလုံးသား (လွမ်းရသူ)

အလွမ်းတွေက နှလုံးသားကို
စာဖွဲ့ထိုးသတ်နေတဲ့ တိုက်ပွဲတစ်ခု
သွေးရဲရဲနဲ့ ကွဲကြေနေတဲ့ အစိတ်ပိုင်းတစ်ခု
ကောက်ကြည့်မိမှ ငါ့နှလုံးမှန်းသိတယ်
သြော်တော်တော်လေး ကွဲကြေနေပါပေါ့

ကြေကွဲနေတဲ့နှလုံးသား
(လွမ်းရသူ)့

ကာရံမဲ့အမုန်း

မမြင်တာကြာပေမဲ့ ငါ့နှလုံးသားက
နင့်ကို အလွတ်မှတ်မိနေတုန်းပဲ.....

ရက်စက်လိုက်တာ....
ပြောမထွက်ခဲ့တဲ့ ငါ့နှလုံးသား
အမုန်းတွေနဲ့ပဲ ထားရစ်ခဲ့ပါအုံး
အပြုံးမပျက်တဲ့ ငါ့နှလုံးသား
နင့်အပြုံးလေးနဲ့ပဲ ထာဝရကျဆုံးခွင့်ပြုပါ

ကာရံမဲ့အမုန်း

Thursday, July 24, 2014

အချစ်မဲ့စွာရှင်သန်ခြင်း ( စိုင်းဟေမာန် )

(အချစ်မဲ့စွာရှင်သန်ခြင်း)

အရမ်းချစ်တယ် ညီမရယ်ဆိုတော့
မတည်မကျ စကားတခွန်းနှင့်
အွန်း"ဆိုတဲ့ အသုံးအနုန်းကို
တန်ဖိုးမဲ့စွာ သူသုံးသွားတယ်
မြတ်နိုးစရာမပါတဲ့ ဟာကွက်တစ်ခုမှာ ငါနှစ်မွှန်းခဲ့ပြီး သူတကယ်ချစ်တယ်ထင်ခဲ့ပေါ့
ငါ့ အထင်မှားလေခြင်း အပေါ်ယံပတ်ကားနဲ့
ချစ်တတ်သူရဲ့ နှလုံးသားကို
ကျားကစားသလို ကစားပြီး
ခုန်ကျော်ကာ အခြားရင်ခွင်တစ်ခုမှာ
ကင်းဝင်တဲ့ပုံစံနဲ့ မှေးစက်လို့
သူပျော်နေခဲ့တယ်
ငါ့ကိုနုတ်ဆက်ဖော် တောင်မရဘူး
စိမ်းရက်လေခြင်း အပြစ်မဲ့တဲ့ငါ့ချစ်ခြင်းကို
နှောင်တခါ မချစ်မိဖို့ သူသတ်ပစ်တယ်
ယခုတော့ ငါ့မှာအချစ်နဲ့ မဆုံဖြစ်ဖို့
လမ်းလွဲကာ ကျောခိုင်းရင်း
အသက်ဆက်နေခဲ့ရပြီ ချစ်သူရေ ---

စိုင်းဟေမာန်

အလွမ်း ( စိုင်းဟေမာန်-- )

(အလွမ်း)

အတိတ်စာမျက်နှာကို နှစ်ခါပြန်ဖတ်ရင်
ရင်နှစ်ခါနာမိတယ် ချစ်သူ
ခဏတာချစ်ကြဖို့ ခွင့်ပြုတဲ့ကံကြမ္မာကို
ကျေးဇူးပါပဲ လို့ ဟစ်ကြွေးကာ
ပြောဖို့ကြံရွယ်သေး နုတ်ဆက်ခဲ့ပါတယ်တဲ့
ကြေကွဲစွာ ကျန်ရစ်ခဲ့ရပြီ
ကျောက်ဆစ်ရုပ် နှလုံးသားကို
သူထုဆစ်လို့ ချစ်ခြင်းရဲ့အခြားတစ်ဖက်မှာ
ဝေဒနာစုံတဲ့ ဒုက္ခဘုံရှိတယ်ဆိုတာ
ပုံဖော်ပြခဲ့တာလား ချစ်သူ
ငါ့မှာတော့ တစ်ကိုယ်တည်းကျန်ရစ်ရင်း
ကိုယ်ရောင်မထင်တဲ့ မင်းပုံရိပ်ကိုမြင်ယောင်လို့
လွမ်းယုံ မှတပါး အခြားမရှိပြီ....
ချစ်သူရေ

စိုင်းဟေမာန်--

မျက်ရည်လုပ်ဇာတ် ( Gipsy Kaunglay )

မျက်ရည်လုပ်ဇာတ်

ဖာထေးထားတဲ့
ထောင်တန်တစ်ရွက်ရဲ့
ဂုဏ်သိက္ခာတွေနဲ့
လှည်းတန်းဈေးပေါ်
ကြားညှပ်ခဲ့ဖူး...

အရူံးတွေအတွက်...
ကမ္ဘာမြေထက်..?
ဖင်ပျက်နေတဲ့သရေဖိနပ်နဲ့ဘဲ
ပလာဇာပေါ်တက်ခဲ့သေးတယ်..

ချစ်သူတို့ရဲ့ ပျော်မွေ့ရာ ..
ကန်ဘောင်ပေါ်ထက်
အချစ်သီချင်းတွေ ကို...
အ၀တ်နွမ်းလေးနဲ့....
သယ်ယူခဲ့ဘူးပြီ...

ပြဇာတ်မဟုတ်သော လုပ်ဇာတ်
ဟန်ချက်ညီမလိုလိုနဲ့
ချော်လဲသွားခဲ့ပြီ..
သူမကိုတွေးမိတိုင်း
မျက်ဝန်းအိမ်ကို
ဖြုတ်ချထားလိုက်ပြီ....
အဲ့ဒီမျက်ရည်များမှာ
ကျိန်စာတွေမပါဝင်ဘူးဆိုတာ.....

Gipsy Kaunglay

ကြောက်မိသူ ( Rosy Wine )

''ကြောက်မိသူ''

ကမ်းခြေ
လှိုင်းပုတ်မှာကို
သူမကြောက်ခဲ့ဘူး . . .

သစ်ပင်
ခုတ်လှဲမှာကို
သူမကြောက်ခဲ့ဘူး . . .

စက္ကူ
စုတ်ဖြဲမှာကို
သူမကြောက်ခဲ့ဘူး . . .

ပန်းပွင့်လေး
ကြွေလွင့်မှာကို
သူမကြောက်ခဲ့ဘူး . . .

ချစ်သူ
ငါ(လူသား)
မင်းမုန်းမှာကိုတော့
ငါကြောက်မိပါတယ်
ချစ်သူရယ် . . . . . . .

Rosy Wine

သူငယ်ချင်းပဲလား? ( သက်ပိုင် )

သူငယ်ချင်းပဲလား?

အဖြူရောင်ကို ဆေးဆိုး
ငါ့အကြည့်တွေ
မရိုးသားခဲ့ဘူးး ။
ရေလာဖို့ မြောင်းဖောက်ရတာလဲ
ပနားမားတူမြောင်းထက်
နက်တော့မယ် ။ ။
နင်လိုအပ်ရင် အသင့်
နင်ငြိုငြင်ရင် မနေတတ်ခဲ့သူ
နည်းပရိယာယ်တွေ
အမျိုးမျိုးသုံး
ကြိုးစားခဲ့သမျှ အဆုံးမှာ
နင်ပြောတာ ---
"သူငယ်ချင်း" ပဲတဲ့လား?

သက်ပိုင်

တိတ်တခိုးဝေဒနာ (သက်ပိုင်)

တိတ်တခိုးဝေဒနာ

ရင်တွင်းကို ဘယ်သူမှမသိသော်လဲ
သခင်ကြည့်လျှင်
မြင်နိုင်မယ်ထင်ပါရဲ့ ။ ။
ကြွေခဲ့တဲ့ ပန်းကြွေခများ
နွေပမာ မြေမှာပဲ
စွဲမြဲစွာ တစာစာနဲ့
အသဲထဲမှာ နာ-နာ-နာလို့
သာယာစဉ် အတိတ်ဟောင်းကို
စိတ်ပြောင်းကာ ပြန်သွားမိသမျှ
သတိတရ ခံစားမိသူ
ရင်မှာအပူ ဘယ်လိုရှိနိုင်မလဲ?
သခင်သိချင် သည်မှာကြည့်
မှားမိသူ အပြစ်အယွင်းကြောင့်
ပါးထက်မှာအပူ မြစ်နှစ်ရယ်က
ခါးသက်စွာ ယူ-ယူ
ယူကာ ဆင်းခဲ့ပေါ့ ။
အသူရာ နွေလှောင်ချိုင့်အတွင်းမှာ
ယူဇနာရှည် ဝေဒနာအပြည့်နဲ့
သခင်ရယ်
ရင်ထဲမှာ နွေတစ်ရာအတိ ။ ။

သက်ပိုင်

Wednesday, July 23, 2014

မာယာသံ၌ကျရှုံးခြင်း- (ရင်တွင်းဖြစ် စိုင်းဟေမာန်)

(မာယာသံ၌ကျရှုံးခြင်း)

သိပ်ချစ်ပါတယ်-မောင်တဲ့
မမြင်ရာကနေ ကြင်နာသံနောလို့
မာယာသဘောနှင့် မာကျောတဲ့ငါ့နှလုံးသားကို
သူအပိုင်စီးတယ်

မချစ်ဘူးတဲ့ ငါကဂုဏ်ထူးထွက်တယ်ထင်ပြီး
မာယာနှံဖူးမှာ ကြည်နူးခဲ့တယ်
အလွန်ပြင်းတဲ့ အဆိပ်တခွက်ကို
အားဆေးတလက်ထင်ပြီး
မျက်စိမှိက် အံကြိုက်မျိုချတယ်
အတွင်းသန္တာန်ရောက်တော့....
အဆိပ်တွေ ပျံနှံပြီး နီရဲတဲ့ ငါနှလုံးသားကို
အပြာရောင်နှင့် ဘောင်ခတ်လို့
အချစ်မရှိတဲ့ ကမ္ဘ္ဘ္ဘ္ဘ္ဘာပြင်ရောက်အောင်
နှင်ထုတ်တယ်

အဲဒီကစ
အချစ်ဆိုတာ မာယာနှင့်မိတ်ဖက်
အပေါင်းအသင်းဝင်တယ်ဆိုတာ
ငါ သိလိုက်ပြီ ချစ်သူရေ

ရင်တွင်းဖြစ် စိုင်းဟေမာန်

ရင်လေးမိတယ် ( နွေဦးကို )

ရင်လေးမိတယ်

အမေရေ
ပျက်လုလုဖြစ်နေတဲ့ခေတ်ကြီးမှာ
ယိုင်မလဲသွားအောင်
ကိုယ့်ကိုယ်ကိုမနည်းထိမ်းနေရတယ်
စေစားနေတဲ့အာရုံတွေက
သားကိုအောက်ထဲပို့မလို့တဲ့
တစ်ခါတစ်လေမျက်စိလည်လမ်းမှားချင်မိတယ်
ခေတ်ပျက်နေတာလား
ခေတ်ကိုဖျက်နေတာလား
သားမဝေခွဲတတ်တော့ဘူး
ယဉ်ကျေးတယ်ဆိုတဲ့
သားတို့မြန်မာအမျိုးသမီးတချို့
အတော်ကိုဆိုးလာတယ်အမေ
သူတို့ရဲ့အလှတရားကို
တလွဲဖေါ်ပြနေကြတယ်
ဟိရီဆိုတဲ့အရှက်တရားနဲ့
သြတ္တပ္ပဆိုတဲ့အကြောက်တရား
ဒီနှစ်ပါးမရှိတော့ရင်
လူတွေဟာတိရစ္ဆာန်နဲ့အတူတူပဲလို့
သားတို့ဗုဒ္ဓဘုရားမိန့်မှာခဲ့တယ်လေ
မြန်မာ့ဓလေ့မြန်မာ့စရိုက်တွေ
ပျောက်တော့မလိုဖြစ်နေတာတွေးပြီး
သားရင်လေးမိတယ်အမေ
အမေ့သားသမီးတွေဆုံးမပါ
ဦး ။

နွေဦးကို

ဝဋ်ကြွေးရှိခဲ့ပါရင် (အလွမ်းသင်သူ့)

ဝဋ်ကြွေးရှိခဲ့ပါရင်

သတိမရချင်တော့ပေမယ့် တမ်းတမိတဲ့စိတ်က
တားမနိုင်ဆီးမရ တာ,ပြိုခဲ့လေပြီ။
အတွေးများက
အတိတ်များဆီးသို့ပြေးသွား
အသည်းခွဲသူကို
သွားနုတ်ဆက်နေလေရဲ့။
ငါရဲ့ဒဏ်ရာတွေ တစစ်စစ်နာကျင်
ကိုက်ခဲလာခဲ့တရ်။
လွမ်းစရာတွေကို
နာကျင်စရာတွေနဲ့အစားထိုး
မေ့ပျောက်အောင်ကုစားခဲ့ပေမယ့်
နာကျင်မှု့တွေ အိပ်ပျော်နေခိုက်
ခိုးဝင်လားသော အလွမ်းများစွာက
အသည်းခွဲသူရင်ခွင်ထဲ
ပျော်မဆုံးဖြစ်နေလေရဲ့။
ချစ်တတ်လွန်းတဲ့ ငါ့အသည်းနုနုမှာ
ထုတ်ချင်းပေါက်စူးနစ်နေတဲ့
သူ့ရဲ့အလှတရားများ
ငါဘယ်လို ဆွဲနုတ်ရလေမလဲ။
အိုး....
မတွေးတတ်တော့ဘူးကွယ်
ကံကြမ္မာကိုယိုးမယ်ဖွဲ့
အပြစ်လဲမဆိုချင်တောပါဘူး
စိန္တေမြတ်ရှင်ပါးကို
ဦးချီဆိုတောင်းမိလိုက်တရ်
ဝဋ်ကြွေးရှိရင်
ကျေပါစေတော့လေ။။

အလွမ်းသင်သူ့

ရင်ထဲမှာခါးတယ် အောင်ဇော်မင်း(ဈေးလလုံ)

မမြင်ရာခင်အဝေး
တမင်သာနင်ပြေးပေါ့
လိုက်နေလဲဝေးတော့မယ်
အဆွေးနဲ့သာခါခါမော
ငယ်အခါဟိုကာလကတည်းက
တွယ်တာပိုကာငါ့အသည်းမှ
စွဲလမ်းမိတာမို့
ခွာလို့လည်းမဖြစ်
ပစ်လို့လည်းမရ
အချစ်ကသိပ်သည်း
စိတ်ထဲပိတ်ကပ်
နှိပ်ပဲနှိပ်စက်ပေါ့
အခုလည်းအရင်လို
ဘာပိုများထူးလဲကွယ်
တနယ်စီပါပဲ
တကယ်ဒီတခါလဲအလွမ်းတွေနဲ့
ငယ်ကျွမ်းဆွေရဲ့အဖြေစကား
ရင်ထဲမှာခါးတယ်

အောင်ဇော်မင်း(ဈေးလလုံ)

သူငယ်ချင်း (ကောင်းကင်)

သူငယ်ချင်း
✌ ✌ ✌ ✌

တချိန်တုန်းက ဒိုဘ၀တွေ
မိုးတွေသဲသဲ ရွာနေဆဲမှာ
ခမောက်ဗြဲဗြဲ ထ္မင်းကြိုက်ဆွဲကာ
ကျောင်းသွားခဲ့တာ မမေ့ပါဘူး
သူငယ်ချင်း.....
မိုးတောထဲမှာ တုန်ခါခါလမ်း
စိတ်ရွှင်လန်းလို့ သစ်ပင်ရိပ်အောက်
ဝင်ခိုဖူးတယ်နော် သတိရပါတယ်
သူငယ်ချင်း......
ပြီတော့
မိုးတောထဲမှာ ဆော့ကစားလို့
အမေဆူတော့ ငိုခဲ့တာတွေ
မမေ့ဘူး သူငယ်ချင်း
အခုတော့ကွယ်
ဇာတိကိုခွာ အဝေးရပ်မှာ
ငါ့ တစ်ယောက်တည်း အဖော်ကွဲလို့
မိုးတွေရွာတိုင်း သတိရနေတာ
ယနေ့ထက်တိုင်ပေါ့
သူငယ်ချင်းတို့ရေ

ကောင်းကင်

နွေ ( ကောင်းကင် )

အရိပ်တစ်ခုက
သံယောဇဉ် တံတားလေးပါ
အလွမ်းရဲ့ သစ်ပင်များအကြားမှာ
နှလုံးသားကိုသနားပါ
အပူးဒဏ်ကိုမခံနိုင်လိုပါ
ပန်းလေးတွေလည်း
မညှိုးနွမ်းဖို့ အရိပ်တစ်ခုတော့
ပေးလိုက်ပါ နွေ....

ကောင်းကင်

မေးပါရစေ...(ကောင်ကင်)

လှည့်ကွက်များကို သဘာဝဆန်ဆန်
တမင်ရှောင်တိမ်းခဲ့တာလား
ခဏတာ ကြည်ဖြူမှုက
တိတ်တိတ်ငိုနေတဲ့အသဲကို
သွေးစက်များနဲ့
အက်အက်ကွဲအောင်
နှိပ်စက်လေခြင်းလား
ချစ်သူရယ်....
ပြန်ဆုံနိုင်ဖို့ အလွမ်းလမ်းက
တရေးရေးနဲ့ပျောက်ကွယ်လုပြီနော်
ငါ နင့် ကိုမေးပါရစေ
နင့်နှလုံးသား
ကြံခိုင်မှုရှိပြီလားလို့
ချစ်သူရယ်

ကောင်ကင်

ဗိုလ်ချုပ်သိပါစေ.... အောင်ဇော်မင်း(ဈေးဖလုံ)

ဗိုလ်ချုပ်သိပါစေ....

ဗိုလ်ချုပ်တိုင်းပြည်က မြေမြုပ်နေတယ်
ပြီးတော့ ခရိုနီတွေလဲခြေရှုပ်နေတယ်
ဝန်ကြီးတချို့က
အလုပ်လုပ်ဖို့ပဲတိုက်တွန်းနေတယ်
လုပ်အားခမလောက်မငှကို
ထမင်းကတစ်နပ်လျော့စားဖို့
ကျွန်တော်တို့ကိုပြောတယ်
သိမ်းလိုက်ဆည်းလိုက်တာလဲလွန်ပါရော
ယာတောလဲကုန်
သာသနာ့အဆောက်အုံတွေလဲမချန်
ကြာတော့သေရင်တောင်မြုပ်ဖို့မြေတွေ
ရှားပါးလို့နေပြီ
လူတချို့ကလည်း ရှေ့သို့ရှေ့သို့နဲ့
နောက်လှည့်ဖို့ပြင်နေတယ်
ဗိုလ်ချုပ်ရေ
မြန်မာပြည်က မြန်မာတွေရဲ့
ဝိသမအောက်မှာ ဇောက်ထိုးမိုးမျှော်
အတော်ကြည့်ရဆိုးနေပြီလေ။ ။

အောင်ဇော်မင်း(ဈေးဖလုံ)

လွမ်းတယ် (နွေဦးကို)

လွမ်းတယ်(နွေဦးကို)

ဒီမိုးစက်တွေနဲ့အတူလွမ်းတယ်
ဘယ်လိုအလွမ်းနဲ့မှမတူတဲ့
အလွမ်းတွေနဲ့လွမ်းတယ်
အလွမ်းတွေကို
ကော်ဖီခါးခါးနဲ့မျှောချရင်း
မလွမ်းမိအောင်ကြိုးစားကြည့်တယ်
ဒါပေမဲ့
အလွမ်းတွေပိုခါးလာတယ်
ပျောက်ဆုံးခဲ့တဲ့သက္ကရာဇ်တွေ
ရေတွက်ကြည့်လိုက်တော့
ပြက္ခဒိန်တွေထပ်နေတယ်
မျှော်ကြည့်လေတိုင်း
မောခဲ့ရတဲ့မျှော်လင့်ချက်တွေရယ်
သူဘယ်မှာရှိတယ်ဆိုတာ
သူ့ကိုတွေ့ရင်ပြောပြပါလားကွယ်။

နွေဦးကို

မောင့်မှာ....... (စာရိတ္တသတ္တိ မှ)

ပျိုမြစ်နုနယ် လှမျိုးသွယ်ကို

ချစ်လျက်သာ ခွဲရပါသည်

ကမ္မာဝါထမ်း ရွှေစာကျမ်းနှင့်

မောင့်မှာ ရဟန်းဖြစ်သောကြောင့်

စာရိတ္တသတ္တိ မှ

အလွမ်းည သူ့ရှင်​{က​လေး}

အလွမ်းည
♥ ♥ ♥ ♥ ♥

လေတ​ရွေ့​ရွေ့
တိုးကာ​ဝှေ့လဲ
မ​မွေ့ရင်​မှာ
ဝေဒနာသည်​ ..။

သူ​ပေါ်လာနိုး
မျှော်​ကာကိုး၍
ပျော်​နိုး​မျှော်​ရ
မောင့်​ဘဝသည်​ ...။

ရေကြည်​စမ်းနှင့်
ခ​ရေတန်းလည်း
မငြိမ်​မချမ်း
သောကလွှမ်းသဖြင့်
မ​အေးမြနိုင်
မ​မွှေးနိုင်​ပြီ ...။

သူ့ရှင်​{က​လေး}

မပြောင်းလဲသောနေ့ရက်များ... (ဖိုးလူ)

မပြောင်းလဲသော
နေ့ရက်များ...

ဘဝကညကြမှ
သိရတယ်။
ဖြာကျနေတဲ့ အလင်းများက
မျက်နှာလာနမ်းကြပြီ။
လေအပေါင်းကလည်း
စမ်းကျရေအလား
ငါကျောနားဝိုင်းဖွဲ့ကြပြီ။။
ညကဘဝ
ပြန်မရချင်လည်း
ခါချလည်းမကျခဲ့။

ဖိုးလူ။

Tuesday, July 22, 2014

မပြောင်းလဲသောနေ့ရက်များ... (ဖိုးလူ)

မပြောင်းလဲသော
နေ့ရက်များ...

ဘဝကညကြမှ
သိရတယ်။
ဖြာကျနေတဲ့ အလင်းများက
မျက်နှာလာနမ်းကြပြီ။
လေအပေါင်းကလည်း
စမ်းကျရေအလား
ငါကျောနားဝိုင်းဖွဲ့ကြပြီ။။
ညကဘဝ
ပြန်မရချင်လည်း
ခါချလည်းမကျခဲ့။

ဖိုးလူ။

Monday, July 21, 2014

(ခရေ အထီးကျန်) သက်ပိုင်

(ခရေ အထီးကျန်)

စံပါယ်လိုလဲ ဂုဏ်မတင်း
သဇင်လိုလဲ မာန်မဝင်
သော်တာလှလို့ မလှချင်
ဒါ..ငါ့ဘဝရဲ့
ခြားနားချက်ပေါ့။

အားမငယ်ပါဘူးးးးး
ငါ့ရှိတဲ့ အင်အား
စွမ်းပကားပေးပြီး
ကြွေလဲမွှေး ဝေလဲမွှေး
နွမ်းလဲမွှေး လွမ်းလဲမွှေးစေချင် ။

အလှအပ မြတ်နိုးသူတွေကို
စိတ်မဆိုးရက်ပါဘူးးးး။
ကြင်နာသူ ပြစ်ခွာသွားရင်လဲ
ကြည်ဖြူစွာ ရနံ့သင်းပေးလိုက်မယ်
အဆုံးတော့ ......
ငါဟာ ခရေအထီးကျန် ....။


သက်ပိုင်

ကျီစယ်​ခြင်း သူ့ရှင်- ကလေး

"ကျီစယ်​ခြင်း´´
~~~~~~~~
ငါက
ညခင်းကို ဖက်​တွယ်​မိချိန်
နံနက်​ကအ​စောကြီး ထတယ်​။

ငါက
အိပ်​မက်​နဲ့ စစ်​တိုက်​​နေချိန်​မှာ
နံနက်​က မပွင့်​ဟနိုင်​ဘူး..
နံနက်​ကိုဖွင့်​ဖို့
သော့​ပျောက်​​နေတယ်
ဆိုပါ​တော့ ...။

ငါက
သူ့ရဲ့ရဲရင့်​မှုကို
ကြုံးဝါးတုန်းရှိ​သေး
သူက...​တောင်​စွယ်​မှာ
မေးတင်​​နေ​လေပြီ ..။

ငါက
သူ့ရဲ့အလှတရားကို
ဖွင့်​ဟ သီဆိုချိန်
သူက​တော့ တ​နေရာမှာ
ရှိပါ​စေ​တော့ .....
လေ​ပြေအနမ်းကို
ငါရခဲ့လဲ
လွမ်း​မောခြင်းက​တော့
ညခင်းနှင့်​အတူ
ငါ့ကိုကျီစယ်​လို့
နံနက်​ကို ပုန်း​နေအုံးမှာပဲ ...။

Thushin[kalay]

မန္တလေး - အောင်ဇော်မင်း(ဈေးဖလုံ)

မန္တလေးက
ဟိုတုန်းက...မန္တလေးမဟုတ်
ကုလားကရှုပ် တရုတ်ကရှုပ်
သရုပ်ပျက်နေတဲ့မန္တလေး
အခုလဲပုဒ်မ ၁၄၄ နဲ့
အေးအေးဆေးဆေး
မနေရတဲ့မန္တလေး
ဇာတိသွေးဇာတိမာန်
ဟန်ချက်မညီတဲ့မန္တလေး
အရောင်အသွေးတွေရောထွေးရှုပ်ခက်
ကာလာမျိုးစုံထွက်နေတဲ့မန္တလေး

ငါတွေးကြည့်တယ်
ဘယ်နေ့ထိသူ့ရင်ဘတ်ကြီး
တောင့်ခံထားနိုင်မလဲ
မတွေးရဲဘူး
ခေါင်းထဲမှာချာချာလည်သွားတယ်
ဪ မန္တလေး
ဟိုးတုန်းကလို
နွေးထွေးမှုတွေကိန်းခို
နုပျိုသာယာနေစေချင်တယ်
ရင်ထဲကဆန္ဒအစစ်ပါကွယ်

အောင်ဇော်မင်း(ဈေးဖလုံ)

စိမ်းရက်တယ် - အောင်ဇော်မင်း(ဈေးဖလုံ)

စိမ်းပင်စိမ်းလျက်
စိမ်းကားတတ်သူ
စိမ်းရွက်ထူမြဲ
စိမ်းမိုးသဲကာ
စိမ်းရဲတာမို့
စိမ်းလို့ရှောင်ခွာ
စိမ်းကမ္ဘာဝေး
စိမ်းကာပြေးနေ
စိမ်းလေသူရယ်
စိမ်းရက်တယ်

အောင်ဇော်မင်း(ဈေးဖလုံ)

ငါ့အ​တွေး... (သူ့ရှင်-ကလေး)

ငါ့အ​တွေး...
***
ဒီ​နေ့ ...
ဘယ်​သူမှငါ့အ​ပေါ်
မေတ္တာမထားလည်း
ငါ့ကိုယ်​ငါ ​မေတ္တာထားမည်​။

ဘယ်​သူမှ
မကြင်​နာလဲ
ငါ့နှလုံးသားကို
ငါကြင်​နာမည်​.. ။

ပွင့်​ပြီးရင်
ကြွေရမှာမို့
ငါ့ကို​ခြွေချလည်း
ငါ..​ကျေနပ်​တယ်​.. ။

သူ့ရှင်​/

နွယ်​ (သူ့ရှင်-ကလေး)

" နွယ်​ "
~~~~~~
တစ်​ပင်​နှစ်​ပင်
သံ​ယောဇဉ်​မျှင်​အတန်း
ကြင်​နာတဲ့ရပ်​ဝန်းဆီမှ
စ၍ရစ်​ချည်
ဪ...
ဖြတ်​ဖို့ခက်​ပြီ..နွယ်​..။

သူ့ရှင်​/

အချစ်တခုသေဆုံးခြင်း... အောင်ဇော်မင်း(ဈေးဖလုံ)

အချစ်တခုသေဆုံးခြင်း...

ချစ်ချစ်သမျှ
ချစ်သောကပင်
ချစ်နယ်တွင်မှ
ချစ်ပွဲကျသွား
ချစ်သားတယောက်
ချစ်ပျောက်ရှာဖွေ
ချစ်နေသူက
ချစ်မရတဲ့
ချစ်ရဲ့အပြင်
ချစ်ကြိုးသွင်လေး
ချစ်နဲ့ဝေးပြီ
ချစ်ခန်းဘဝဆုံးရှာပြီ

အောင်ဇော်မင်း(ဈေးဖလုံ)

Sunday, July 20, 2014

ဝေဒနာတိုင်းကို နင်....ခြေရာ ( Rosy Wine )

ဝေဒနာတိုင်းကို
နင် ....ခြေရာတိုင်းချင်ခဲ့တာလား
အချစ်မှာ
အစကတည်းက ဝေဒနာဆိုတာ
အဆစ်ပါလာပြီးသားပဲ
ဒါကိုချစ်မိတဲ့ငါ လွန်ဆန်ခြင်းဖြင့်
မတားဆီးနိုင်ခဲ့ဘူး
အချစ်ကို အဆိပ်ဆို
အစကတည်းက
နင်မသောက်သုံးခဲ့ပါနဲ့လား
နှစ်ခြိုက်စွာနဲ့ နင့်စိတ်တိုင်းကျ
သောက်သုံး....မျက်စိမှိတ်ပြီး
ဆင်ကန်းတောတိုးခဲ့တယ်နော်
နောက်ဆုံး !
အချစ်ကိုအပြစ်လို့
မြင်သွားရက်တဲ့ နင့်ကို
ငါအံ့သြလိုက်တာဟာ . . . .

Rosy Wine

နှုတ်ဆက်ခြင်း (သက်ပိုင်)

နှုတ်ဆက်ခြင်း"

နှုတ်မဆက်ခဲ့ကြပေမယ့်
ရုတ်တရက် ခွဲလိုက်ပြီ
မွှေးရယ်.... ။

မွှေး နင်းမယ့်ငြမ်း မွှေးဆင်
မွှေး လျှောက်မဲ့လမ်း မွှေးဖောက်
လမ်းခွဲရောက်မှတော့ ဝမ်းနည်းချင်ယောင်
ငိုမပြပါနဲ့တော့....
ဟိုအဝေးမှာပဲ......
သူစိမ်းပြင်ပြင်လိုနေပါတော့မယ်။

ခဏတာအပျော်ချစ်ခဲ့တာ မဟုတ်ခဲ့ပေမယ့်
ဘဝမှာအဖော်မဖြစ်လေတော့
မျှော်လင့်ရင်း
သူနောက်ဆန်တင်းနေမလား?
သံယောဇဉ် အကြွင်းအကျန်တို့လဲ
မာန်တင်းကာမွှေးရယ်
ဖြတ်လိုက်ပါတော့.... ။

အနေဝေးတဲ့ ရှေ့ခရီးတွင်
မေ့ပြီးလျင် မွှေး ပျော်နိုင်မှာပါ။
စိမ်းမျက်နှာ မာနမမွေးပေမယ့်
မွှေးနဲ့သာ ထာဝရ
ဝေးသင့်ပြီမို့.....။

ဝဋ်ကြွေးကျန်သမျှအပူစ ကိုလဲ
ယူမျှကာတစ်သက်စာ
လွမ်းပါရစေတော့..... ။

မွှေး လျှောက်မယ့်လမ်း
မွှေး...လျှောက်ကာ
ဝမ်းမြှောက်ကြည်ရွှင်နေခဲ့ပါလို့
ကျေနပ်စွာ အဖော်သစ်နဲ့
မွှေး ရယ်......
ပျော်ရစ်ကျန်ခဲ့...။

(တစ်ချိန်က ကလေးဆိုတဲ့
ကောင်မလေးအတွက် သက်ပိုင်)

ရင်ကွဲတဲ့ဥယျဉ်မှုး - သွေးသစ် (ရွှေကူး)

သံယောဇဉ်မြေယာမှာ

အချစ်ကိုစိုက်ပျိုးခဲ့ပေမယ့်

အလွမ်းပွင့်တွေပွင့်တယ်

အလွမ်းပွင့်ကို

ပန်းပွင့်လိုမွှေးကြူရင်း

မျက်ရည်မိုးတွေစွေ့ရွာချတယ်

သွေးသစ် (ရွှေကူး)

Saturday, July 19, 2014

မာယာ (ကောင်းကင်)

နာလို့နာနေမှန်းမသိတဲ့
ငါနှလုံးသားကို
နင်ဘယ်လို့ဖြေသိမ့်ပြီးတော့
သတ်အုန်းမှာလဲ့ မာယာ

နင်ရဲ့လှည့်ကွက်တွေက
မကုန်သေးဘူးလား
လုပ်လိုက်ပါ မာယာရယ်

ကိုယ် ကံကြမ္မာက နင့်နဲ့ဆုံဖြစ်အောင်
ဖန်တီးထားတာကို မာယာရယ်
ဒါပေမယ့်.....မာယာ
နင့်ကိုသိပ်ချစ်တယ်ဆိုတဲ့
အချစ်နဲ့တွေ့ရင်နင့် နှလုံးသား
ဖူးစာနတ်ကိုတော့ မလှည့်စားနဲ့နော်
နင့် နှလုံးသွေး ရပ်သွားမှာဆိုလို့
မာယာ

ကောင်းကင်

အချစ်လုပ်သား (ကောင်းကင်)

မမေ့နိုင်တာကိုသိပေမဲ့
တစ်ခါတလေဆို နှလုံးသားကို
ဥပေက္ခာပြုချင်နေမိတယ်းးးးးးးး
ဒါပေမယ့်......
စိုးရိမ်မှုတွေလွန်ကဲလို့ အချစ်ဆီကို
အပြေးလှမ်းလားချင်တာပေါ့....
အလွမ်းများနဲ့ နေ့ ခစား ဘ၀က
အရမ်းပင်ပန်းလှတယ်
ချစ်သူရယ်......
ထောင်ငါးရာလေးရဖို့အတွက်
ကြိုးပန်းခဲရတဲ့နေ့တွေရယ်
ပိတ်ရက်တစ်ချို့ကြောင့်
ထိုင်ပြီး ငိုင်ခဲ့ရတဲ့နေ့တွေရယ်
ဒီလိုနဲ့
အနာဂါတ်လမ်းက အလွမ်းများနဲ့
ဆင်းရဲတော့မှာ...
ကွဲရှတဲ့ သံစဉ်တစ်ပုဒ်နဲ့
လွမ်းသူကိုစာနာပါတော့
တစ်ဘက်သတ်ဘ၀နဲ့
အသည်းကွဲမတတ်ခံစားရတာ
အိမ်အိုလေးပဲ သိစေချင်တယ်
ချစ်သူလေးရယ်

ကောင်းကင်

လက်ကျန်....( အောင်ဇော်မင်း(ဈေးဖလုံ) )

လက်ကျန်နှလုံးသားတစ်စုံက
ကျိန်စာသင့်ခဲ့တာ
ကဗျာတွေနဲ့ကုစားပေမဲ့
ချုပ်ရိုးမပြယ်ခဲ့ဘူး
အသက်ထက်ချစ်ပါရဲ့
အခုတော့ကွက်မျက်ပစ်ခဲ့ပြီ
သူပစ်သွားတဲ့နေ့မှာပဲ
အသဲတွေကြေမွ
အိပ်မက်တွေပြာကျသွားတယ်
ဖွဖွလေးနမ်းဖူးတဲ့နှုတ်ခမ်းမှာ
ငါ့အတွက်ပန်းမပွင့်ခဲ့ဘူး
လွင့်ကြွေမြေခ
ပြန်ကောက်လို့ရတာဆိုလို့
အလွမ်းတို့ပဲရှိတာလေ...

အောင်ဇော်မင်း(ဈေးဖလုံ)

မျက်နှာမသစ်ချင်ဘူး...( အောင်ဇော်မင်း(ဈေးဖလုံ) )

မျက်နှာမသစ်ချင်ဘူး
နင့်ပါးပြင်ကရနံ့လေး
အဝေးကိုလွင့်မျောသွားမှာစိုးလို့
အသက်ရှူလိုက်တိုင်း
ရင်ထဲမှာလှိုင်းထန်သွားတယ်
ရနံ့လေး တစ်ပေါက်
နှလုံးသားရဲ့တနေရာကိုရောက်သွားလို့
နင့်ကိုသတိမရစေချင်ရင်
ငါ့ကိုသေခွင့်ပေးပါ
ငါအသက်ရှင်နေသရွေ့
မေ့မရနိုင်တာသေချာလို့ပါ

အောင်ဇော်မင်း(ဈေးဖလုံ)

အလွမ်းရင့်ရင့် (အညတရမောင်)

ပန်းကြွေတဲ့လမ်းတွေထက်က
နှလုံးသားကိုဆူးနစ်လို့
စိတ်နံရံမှာလိပ်ပြာလေးဝဲပျံလာသလို
သခင်မသိတဲ့ရင်အရှိကိုဖွင့်ကြည်
လိုက်မိတယ်။

ဒါပေမဲ့သခင
်ဒီရင်ဟာနေရာမှန်မဟုတ်တဲ့
အလွမ်းတွေသက်သက်နဲ့
ဘယ်လိုမှ..ရှေ့ဆက်မရတဲ့
နေ့ရက်ကအလွမ်းတွေမှောက်
ကမ်းပါပျောက်လို့
လွဲမှားနေတဲ့မျော်လင့်ခြင်းတွေနောက်မှာ
အေးစက်ရင်းသာဝေဒနာကမ်းစပ်ရဲ့
အဝေးမှာမျှော်လင့်ရင်း
ဆွေးခဲ့ရပေါ့။

အညတရမောင်

တပိန်ပိန်နဲ့တလိမ်လိမ် ( နိုင်မြန်မာ )

တပိန်ပိန်နဲ့တလိမ်လိမ်

ဖြစ်ချင်တာဖြစ်လို့ရနေတဲ့လူတစ်စုနဲ့
မဖြစ်ချင်တာတွေချည်းပဲ
ဖြစ်နေရရှာတဲ့ လူထုကြီးကြားထဲမှာ
တရားမျှတချင်ယောင်ဆောင်နေတဲ့
ကျုပ်တို့ရဲ့....
''နေရစ်တော့ခေတ်ဟောင်း''ရှိတယ်။
ပြောချင်တိုင်းပြောနေတဲ့
ပါးစပ်တွေကြားမှာ
လွတ်လပ်ချင်ယောင်ဆောင်နေရရှာတဲ့
ကျုပ်တို့ရဲ့ဘဝတွေရှိတယ်။
စားချင်တိုင်းစားနေတဲ့ ပါးစပ်တွေနဲ့
စားစရာမရှိလို့ မစားရတဲ့
ပါးစပ်တွေကြားမှာ
ဒီမိုကရေစီ ရချင်ယောင်ဆောင်နေတဲ့
ကျုပ်တို့ရဲ့ တိုင်းပြည်ရှိတယ်။
ကိုယ့်ကိုကိုယ်တောင်မှ
ဘယ်သူ့ခွင့်ပြုချက်နဲ့
လူဖြစ်နေမှန်းမသိ
ကိုယ့်ဆီမှာမရှိတော့တဲ့လူတွေကို
ဒီမိုကရေစီရပြီလို့ ထထအော်နေတာ
ဘယ်က. . . .လူလိမ်တွေပါလိမ့်။

ဆရာ . . . နိင်မြန်မာရဲ့
ကဗျာပါ။

ပြင်​ရန်​ရှိသည်

``ပြင်​ရန်​ရှိသည်​´´
*
[၁]ဒီ​နေ့မှလျှင်
တွေးဆဆင်​ခြင်
ကိုယ့်​ကိုမြင်​သည်
ဘာသိသလဲ ...
ရေ​ရေရာရာ ဘာမျှမသိ
မသိ​သော်​လဲ
သိ​လေသလို ဟန်​ကပိုမြဲ ။

[၂]ဘာရှိသလဲ ...
ရေ​ရေရာရာ ဘာမျှမရှိ
မရှိ​သော်​လဲ
ရှိသည့်​သူလို မာန်​ကပိုမြဲ ။

[၃]ဟိုဒီနားလည်း
စပ်​စပ်​လွန်​​ရောက်
ဒိုးဒိုး​ဒေါက်​လျှင်
အ​ရောဝင်​လျက်
ဆရာ့ဟန်​လို ဂိုက်​ကပိုမြဲ .။

သူ့ရှင်​{က​လေး}

Friday, July 18, 2014

ခေါင်းလောင်းသံစာတမ်း စာပိုဒ် (၁၃) ၊ တာယာမင်းဝေ

ခေါင်းလောင်းသံစာတမ်း
စာပိုဒ် (၁၃) ၊ တာယာမင်းဝေ

နောင်....နှစ်ပေါင်းများစွာကြာရင်
မေမေ့အုတ်ဂူကို၊ ဝတ်ရုံဖြူနဲ့လူတစ်ယောက်လာမယ်
အနက်ရောင်ကတ်ပြားမပါ၊ လွမ်းသူ့ပန်းခွေမပါ..
လေထန်လမ်းမှာဆံမျှင်တွေလွင့်ဝဲ...
အဲဒီလူဟာ...သားပဲပေါ့မေမေ
ဘယ်သံသရာမှာပြန်ရှာရင် မေမေ့ကိုတွေ့နိုင်မလဲ....
ကျွန်တော့်ရှေ့မှောက် လရောင်တွေကွေ့ကောက်လွန်းလှချည့်။

အမေ့ကိုယ်စား....
အမေ့ကိုယ်ပွား....
ကြယ်စင်များကိုလက်ဖဝါးနဲ့ပန်၊ မြင်းခွာသံမှာအပ်နှံလိမ့်ဆင်း
အ၀ါရောင်မီးရှူးမီးပန်းလို
လင်း ပြီးမှပျောက်မယ် ။

ကျွန်တော်...
မေမေ....
မာယာတောင်ခြေမှဒရမ်တီးသူများ... မျက်လှည့်တီးလုံးများ...
သီချင်းအကွဲအစ...
တစ်ပုဒ်ပြီးဆုံးသွားပါပြီ....။

မေမေ....
ကောင်းရာသုဂတိလားပါစေ....
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ....
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ....
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ....

တာရာမင်းဝေ

ပြီးဆုံးပါပြီ...

ခေါင်းလောင်းသံစာတမ်း စာပိုဒ် (၁) တာရာမင်းဝေ

ခေါင်းလောင်းသံစာတမ်း
စာပိုဒ် (၁) တာရာမင်းဝေ

ကြယ်တာရာတွေ
ွစူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ ကဝေည
မေမေ့ကိုကျွန်တော်သတိရလိုက်တာ..
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာလူးလာပျံသန်း
လရောင်ကိုတောင်ပံနဲ့
တဖျန်းဖျန်းရိုက်ကြတယ်.. ။

လောကအတုမှာ လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်းကိုယ်ထမ်းပြီး
လမ်းလျှောက်နေတယ်
မေမေ..
ကျွန်တော့်အတွက်တော့
မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့
ငြိမ်းချမ်းရေးနယ်ပါ
အခု ဘယ်မှာလဲ
ဘယ်မှာလဲ .. ။

မြူမှုန်မိုးနှင်းတွေကရွှေရောင် တ၀င်းဝင်းတောက်
မေမေ့အုတ်ဂူကို
စောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ ။

နောက်အပိုဒ်ဆက်ရန်..

ခေါင်းလောင်းသံစာတမ်း စာပိုဒ် (၂) တာယာမင်းဝေ

ခေါင်းလောင်းသံစာတမ်း
စာပိုဒ် (၂) တာယာမင်းဝေ

ကျွန်တော်မှတ်မိသမျှ
မေမေ့မျက်လုံးဟာ
ဆောင်းရာသီဆန်လွန်းတယ်
မြူတွေဖုံး၊ နှင်းစက်တွေဖုံး
နေရောင်တွေလည်း
ခါးကုန်းအောင်ရုန်းခဲ့ရပေါ့

သစ်ကိုင်းခြောက်ကြီးက
မီးတောက်ကလေးကိုမွေးဖွား
ပြာအနန္တတိုင်အောင်
ထွေးပိုက်ပျိုးထောင်သွားသလို
မေမေဟာ...
သူ့ကိုယ်သူဖြန့်ခင်းပြီး
ကျွန်တော့်ကိုလျှောက်နင်းခိုင်းခဲ့တယ် ။

မုသားတစ်လွှာမာယာတစ်ထပ်၊ ဝတ်ရည်တစ်စက်နဲ့
အို...ခတ္တာရေ
ပုခက်လွှဲသောလက်တွေနဲ့
ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက
သူမ..ကိုယ်တိုင်က..
ကျွန်တော့်အတွက်ဆိုရင်
ပုခက်ဖြစ်ပြခဲ့တယ် ။

အမေအဖြစ်
စုန်ရေသစ်စီးကြောင်း၊
တောင်ကျချောင်းကလေး
အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။

နောက်အပိုဒ်ဆက်ရန်.....

ခေါင်းလောင်းသံစာတမ်း စာပိုဒ် (၃) ၊ တာယာမင်းဝေ

ခေါင်းလောင်းသံစာတမ်း
စာပိုဒ် (၃) ၊ တာယာမင်းဝေ

ခြေထောက်တွေက
လှေကားထစ်အတိုင်းတက်သွားပြီး..
လူကလှေကားခြေရင်းမှာကျန်ခဲ့ရတယ်
ဘယ်သူမဆို
ကိုယ့်အရိပ်ထဲမှာကိုယ်ပြန်ခိုချင်လို့မရဘူး
ကျွန်တော့်ကိမေမေပြန်ပေးကြပါ..။

ပြက္ခဒိန်ထဲမှာကြယ်ပွင့်ပြရေးစရာမလိုတဲ့
သာမန်အညတရမွန်းလွဲအိုတစ်ခုက
မေမေ့ကိုလုသွားတယ် ။

နေပူအရပ်ရဲ့
ကောင်းကင်နက္ခတ်ဖြူများဟာ
လင်းအားပြင်းထန်၊ လူငယ်တစ်ယောက်ရဲ့
နှလုံးသားအတွင်းကို
တရှူးထိုးဆင်းချတယ် ။
လက်ဖမိုးနဲ့ဖျက်ဖျက် လက်ဖ၀ါးနဲ့ဖျက်ဖျက်
ပါးပေါ်စီးတဲ့မျက်ရည်စက်လေးကတော့
ပျက်သွားမှာပါ ။
ဒါပေမယ့် မေမေရယ်.......

နောက်အပိုဒ်ဆက်ရန်...

ခေါင်းလောင်းသံစာတမ်း စာပိုဒ် (၄) ၊ တာယာမင်းဝေ

ခေါင်းလောင်းသံစာတမ်း
စာပိုဒ် (၄) ၊ တာယာမင်းဝေ

မေမေ့မှာ
နာကျင်ခဲ့ရတဲ့ ဂန္တဝင်သက္ကရာဇ်များ
ဆက်ထုံးရှည်လျားလျားနဲ့ရှိခဲ့တယ် ။

ငယ်ငယ်တည်းက
ဝလုံးဘယ်မှာစဖတ်ရမှန်း
မသိတဲ့ကျွန်တော်ဟာ
မေမေ့အကြောင်းကိုလည်း
ခုထိစာလုံးမပေါင်းနိုင်ခဲ့ဘူး ။

မေမေ့မှာ
ဘာသာဗေဒမတူ၊
ဖတ်တဲ့စာချင်းမတူ၊
ခူးတဲ့ပန်းချင်းမတူ
မိတ်ဆွေနဲ့မတူတဲ့
မိတ်ဆွေတွေရှိတယ် ။

မေမေဟာ
အက္ခရာနဲ့ဖော်ပြလို့မစွမ်းတဲ့၊ ယဉ်ကျေးမှုအခန်းခန်းကို
လွှမ်းရုံဖန်ဆင်းထားသူဖြစ်တယ် ။

ကျွန်တော့်မေမေဟာ
သူများမေမေတွေထက် နို့ရည်ပိုမထွက်ပါဘူး....
ဒါပေမယ့်....
မျက်ရည်တော့ပိုထွက်ရင်ထွက်မယ်...
ကျွန်တော်ကလည်းဆိုးခဲ့တယ်လေ...။

နောက်အပိုဒ်ဆက်ရန်.....

ခေါင်းလောင်းသံစာတမ်း စာပိုဒ် (၅) ၊ တာယာမင်းဝေ

ခေါင်းလောင်းသံစာတမ်း
စာပိုဒ် (၅) ၊ တာယာမင်းဝေ

ဖုန်မှုန့်ပျံ့စင် ကျွန်တော့်ရဲ့
စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း
အခု..လင်းနို့တွေအောင်းနေပြီမေမေ ။

လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်
ကျွန်တော်မြင်းရုပ်စီးပြီး၊ သစ်သားခွာကြီးနဲ့ခရီးတွေနှင်
မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့ ။

စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ်ကိုဆွဲဖြဲ
ဂျစ်ကားတွေတက်နင်း၊
ရထားတစ်စင်းလုံးဆောင့်ကန်
ကျွန်တော့်ထမင်းပန်းကန်အထူအပါး
မေမေခွံ့ကျွေးမှစားခဲ့တယ် ။

မေမေက ဥုံဖွလို့မန်းမှုတ်ရင်
ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက်
ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ် ။

လူကလေးရဲ့အိပ်ချိန်တန်၊
ဗျိုင်းရှေ့ကပျံ ´´ တဲ့
မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်း
ကျွန်တော်ကလည်းအိပ်ပုပ်ကြီးတယ်
ကျွန်တော်အိပ်တိုင်း
မေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ် ။

ကျွန်တော့်အိပ်မက်
မေမေ့လည်တိုင်ကိုဖက်လို့ပေါ့..။

နောက်အပိုဒ်ဆက်ရန်......

ခေါင်းလောင်းသံစာတမ်း စာပိုဒ် (၆) ၊တာယာမင်းဝေ

ခေါင်းလောင်းသံစာတမ်း
စာပိုဒ် (၆) ၊တာယာမင်းဝေ

ဟင်းလင်းပွင့်နေတဲ့
ကျွန်တော့်ရင်ဘတ်ကိုဖုံးဖို့
အင်္ကျီမှာကြယ်သီးတစ်လုံးလိုနေပြီ....
မေမေ ။

ငယ်ငယ်ကတည်းက
မေမေကခံတပ်လုပ်၊ ကျွန်တော်ကသူရဲကောင်းလုပ်
ရန်သူတွေနဲ့ဝေဝေဆာဆာ
ဓါးချင်းခုတ်ဖူးတယ် ။

ကျွန်တော့်ဘဝတောက်လျှောက်
မေမေဟာခံတပ်ဆန်သူ
တစ်ယောက်ပါပဲ...
ကျွန်တော့်ဘက်မှာရပ်တည်
ကာကွယ်၊ တိုက်ခိုက်
သူမကိုတော့...
မြားအစင်းစင်းစိုက်ခဲ့တယ် ။

ကျွန်တော့်ကိုအလိုလိုက် ကျွန်တော့်ကိုမရိုက်
ကျွန်တော့်ကိုရိုက်လည်း
ကျွန်တော်မငို မေမေပဲငို ။

မေမေပြောတဲ့
ကျေးလက်နီတိမတတ်ဘဲမန်းရင်
တစ္ဆေမုန်းလိမ့်မယ်..
ဆေးမျက်လုံးနဲ့ကြည့်...တဲ့။

နောက်အပိုဒ်ဆက်ရန်...

ခေါင်းလောင်းသံစာတမ်း စာပိုဒ် (၇) ၊ တာယာမင်းဝေ

ခေါင်းလောင်းသံစာတမ်း
စာပိုဒ် (၇) ၊ တာယာမင်းဝေ

လေကိုလေနဲ့မှုတ်တာကမှလွဲဦးမယ်
ကျွန်တော့်ကိုမေမေက
ပညာလှလှတတ်စေချင်တာ အသေအချာပေါ့။

ကောင်းကင်ပေါ်က လ နဲ့
ဗျည်းစာလုံးထဲက လ
ဘာကြောင့်မတူတာလဲ …
ကျွန်တော်နဲ့အဖော်များ
ကျောင်းတော်မှာသဘောကွဲပြားကြ ။

ကျွန်တော်ကလူပျင်း
သစ်ပင်ခြေရင်းမှာရပ်လိုက်၊ သစ်ပင်ဖျားကိုတက်လိုက်
စာမေးပွဲတွေမှာ
အဆင့်တွေက ၁ မှ ၁၀၀ မရေရာ ။

တစ်စတစ်စ
လူငယ်သီချင်း၊နှင်းဆီဓားသွား၊ ရင်ကြားစိုက်နစ်
ကျွန်တော်ဟာ တေလေကုန်းမှာ ကဗျာဆရာဖြစ်လာတယ် ။
လူငယ်တစ်ယောက်ရဲ့ရင်ခေါင်းမှာ
အိပ်မက်တွေအမြှောင်းမြှောင်းထ
ဂမ္ဘီရလမင်းကလည်း
ဝိုက်အုပ်ဖြာဆင်းကျနေတော့တယ် ။

နောက်အပိုဒ်ဆက်ရန်...

ခေါင်းလောင်းသံစာတမ်း စာပိုဒ် (၈) ၊ တာယာမင်းဝေ

ခေါင်းလောင်းသံစာတမ်း
စာပိုဒ် (၈) ၊ တာယာမင်းဝေ

တစ်ရက်မှာ မြူပြာမှိုင်းမှုန်၊ အိပ်မက်ကိုစောင်လိုခြုံဆဲ
ကြယ်တွေအကုန်ကြွေတဲ့ည
ကျွန်တော့်အပေါ်ကြိုးပြတ်ကျတယ် ။
ကျွန်တော် မပျော်လေလွင့်၊ ရင်အနင့်ဆုံးဆောင်း
နှင်းတွေပြောင်းပြန်စီးမျောလာ ။

မေမေဟာ....
ကျွန်တော်ပြန်လာမယ့်သန်းခေါင်ယံကို ခြံရံစောင့်ကြပ်
အလင်းရဲ့နတ်သမီးလို.. မီးအိမ်ကိုင်ပြီးစောင့်နေတယ်...။

နာကြည်းပင့်သက်၊ အရက်သောက်လာတဲ့သား
အမေ့အားစကားမဆို
အမေကားသားကိုယ်စား
မျက်ရည်မဲ့စွာငို ။

သား ဘဝဆိုတာရေစီးထဲကဗေဒါ မရေရာဘူးကွဲ့
ဒါပေမယ့်....
မျှော်လင့်ချက်ရဲ့ အရုပ်များ၊ အရောင်များ၊ အရိပ်များ
လွှင့်မပစ်နဲ့သိမ်းထား..
ဝိညာဉ်ရုန်းကန် တစ်နေ့မှာသူတို့ပြန်ရှင်သန်လိမ့်မယ် ။

မေမေ့စကားက
ကျွန်တော့်ရဲ့မိုးခါးရေများကို
တစ်စက်ချင်း တစ်စက်ချင်း
တစ်စက်ချင်း ချိုစေခဲ့ ။

နောက်အပိုဒ်ဆက်ရန်....

ခေါင်းလောင်းသံစာတမ်း စာပိုဒ် (၉) ၊ တာယာမင်းဝေ

ခေါင်းလောင်းသံစာတမ်း
စာပိုဒ် (၉) ၊ တာယာမင်းဝေ

ဝါဆိုပန်းခူး စံပယ်ဦးတို့မွှေးသက်ဝေဝေ
မုတ်သုန်လေရဲ့မှတ်တမ်း
မီးကိုလည်းကျွန်တော်နမ်းခဲ့... ရေကိုလည်းကျွန်တော်နမ်းခဲ့..။

မေမေဟာ
ခြံထောင့်မှာဒေလီယာတွေပျိုးရင်း
မိုးစိုနေတဲ့ဆံနွယ်ခက်ကိုလက်နဲ့သပ်တင်
သူမလည်းရင့်ကျက်ကြည်လင်နေတယ် ။

မေမေချုပ်တဲ့ဇာမဏီရုပ်နဲ့
အင်္ကျီချည်မျှင်ကြမ်းကြမ်း
ကျွန်တော် လမ်းမှာဝတ်ရန်....။

နွားကသူငုံ့စားတဲ့မြက်တွေကို
ဝံပုလွေတစ်ကောင်ရဲ့
အော်သံကြားတယ်လို့ပြောဆိုနေဆဲ
သွားကြစို့လေ....

မုဆိုးခြေထောက်များနဲ့
ကျွန်တော်သွားရာကျွန်တော်လိုက်
လေဆန်တွေ
ပစ်စလက်ခတ်တိုက်တဲ့ခင်တန်း
ပဒိုင်းပန်းတွေလည်းဗောင်းလန်အောင်
ခါရမ်းပွင့်ဝေ ။

နောက်အပိုဒ်ဆက်ရန်.....

ခေါင်းလောင်းသံစာတမ်း စာပိုဒ် (၁၀)၊ တာယာမင်းဝေ

ခေါင်းလောင်းသံစာတမ်း
စာပိုဒ် (၁၀)၊ တာယာမင်းဝေ

သား....
၁။ တိမ်တွေပျံတာ
မိုးပေါ်မှာဘာနဲ့မှမငြိဘူး
၂။ တစ်တောလုံးကိုလည်းကြည့်
တစ်ပင်ချင်းလည်းကြည့် ” တဲ့

မေမေ့ဆုတောင်း
ဘုရားကျောင်းမှဝတ်ပြုသံ
လောကဓံအသစ်သစ်တွေနဲ့မြင့်ရိုင်း
မိုးကုတ်စက်ဝိုင်းတစ်ခြမ်းကိုထိုးဖောက်
ကျွန်တော်ဆက်လျှောက်နေတယ် ။
ဖိနပ်လည်းအခါခါပေါက်ခဲ့...

ညပေါင်း ၁၄၀၀
ဝင်္ကပါတောင်ကြားမှာ ကံနတ်ဘုရားနဲ့စီးချင်းထိုး
ကျွန်တော်ကြိုးစား၊ အမှားများလည်းချင်းချင်းနီ ။

ဧရာဝတီမေမေ၊
ပိတောက်ပင်ဟာမေမေ
ဖယောင်းတိုင်ဖြူဖြူဟာမေမေ၊ နံနက်ခင်းကြေးရုပ်ဟာမေမေ ။

ခု...မေမေဆုံးပြီဆိုတဲ့သတင်းမှာ
ကျွန်တော်ဟာအရာရာ
ဝင်းရှင်းပေါက်ကွဲ နီလဲ့..
လူတဆုံး ဝိညာဉ်တဆုံး၊
အကြွင်းမဲ့ဗုန်းဗုန်းလဲကျ
မေမေ ..

နောက်အပိုဒ်ဆက်ရန်....

ခေါင်းလောင်းသံစာတမ်း စာပိုဒ် (၁၁)၊ တာယာမင်းဝေ

ခေါင်းလောင်းသံစာတမ်း
စာပိုဒ် (၁၁)၊ တာယာမင်းဝေ

မေမေဟာနာရီသံနဲ့အိပ်၊
နာရီသံနဲ့နိုး....
ဘယ်တော့မှထမင်းအိုးဝေမကျတတ်တဲ့
မိန်းမမျိုးဖြစ်တယ်....။

မီးလောင်နေတဲ့ငရဲပင်ပျိုမှာ၊ ပွင့်အိုလေးပမာ၊ ဝါဝါနွဲ့နွဲ့
သတ္တိသစ်တွေနဲ့ဝေရဲခဲ့တယ်....။

သားငယ်ရဲ့မျက်နှာကို
အလင်္ကာလိုလည်းဖတ်၊ ပုစ္ဆာလိုလည်းဖတ်
ဆိုလိုရင်းကိုချက်ချင်းရှာဖေ
ွတွေ့တတ်တယ်... ။

လင်မရှိတော့ပေမယ့်
သားငယ်အတွက်
ရင်ခွင်တစ်ခုရှိတဲ့မိန်းမ
လူကန္တာရတို့ရဲ့ကျောက်တိုင်၊
မြေခိုးမြေငွေ့ကိုပိုင်တယ်...။
(အလင်းပြာမှတ်ကျောက်အတွက် မှင်တစ်ပေါက်ဖြစ်တယ် )

နောက်အပိုဒ်ဆက်ရန်......

ခေါင်းလောင်းသံစာတမ်း စာပိုဒ် (၁၂) ၊ တာယာမင်းဝေ

ခေါင်းလောင်းသံစာတမ်း
စာပိုဒ် (၁၂) ၊ တာယာမင်းဝေ

အမေမရှိတဲ့သားမှာသာ
စေတန်ရဲ့လွှသွားကိုခါးသီးကွဲရှ
အရိုးမြုပ်အောင်ကိုက်မြိုခဲ့ရပြီ ။

မျက်နှာကိုလက်ဝါးနဲ့အုပ်ရုံကလွဲလို့
ဘာမှလည်းလုပ်မပေးနိုင်တဲ့နေရာ အဝေးမှာကျွန်တော်က....
ဟိုး....အဝေးကြီးမှာ ။

ကျန်တာတွေကတော့
ဘာမှမပြောင်းလဲပါဘူး
မီးခိုးငွေ့တွေကလည်း
ရိုးရာအခြေအနေအတိုင်း၊
လှိုင်းထကော့လန်
ဒရွတ်တိုက်ပျံတက်ဆဲ ။

အမေ့ရဲ့ခြေလို၊လက်လိုနေခဲ့တဲ့ကောင်
အမေမရှိချိန်မို့လမ်းပေါ်မှာ
ပြန့်လို့...ကျဲလို့...။

အမှားလက္ခဏာ၊ အမှန်လက္ခဏာ၊ ဘာနဲ့မှလာမတိုင်းတာနဲ့
အမေ ဆိုတာ....
ထာဝရအကန့်အသတ်မဲ့တယ်
ချစ်သောမေမေ.... ကောင်းရာဘုံသို့ရောက်ပါစေ ။

(ကောင်းရာဘုံတို့၏တံခါးသည်
မိခင်များအတွက်ပွင့်စေသတည်း)

နောက်အပိုဒ်ဆက်ရန်....

မိုးခေါင်လို့တီးတဲ့ဗုံသံ - တာရာမင်းဝေ

မိုးခေါင်လို့တီးတဲ့ဗုံသံ - တာရာမင်းဝေ

ဆောင်းခေတ်က ပေးခဲ့တဲ့
မောင်းကွဲသံ ခပ်လေးလေးတစ်ချက်ပါပဲ။
တစ်ယောက်တည်းနေရတဲ့ငါ့ကို
ဘယ်သူနဲ့မှ မနေရအောင်
ယိုင်ယိုင်ရွဲ့ရွဲ့ လှီးခွဲသွား။

နံပါတ်စဉ် မတပ်ရသေးတဲ့
သဲကန္တာရ တစ်ရွက်ပေါ်မှာ ပြိုလဲကျတယ်။

အဲဒီညနေပေါ့
ကောင်းကင်ကို ဆွဲချွတ်ပြီး
မြေကြီးကိုပဲ ငါပြန်ဝတ်ခဲ့ရ။

ပြီးဆုံးသွားတာ သေချာပါတယ်
နှင်းခိုးတွေ..
ပြီးတော့ဒိုင်ယာရီချို,ခါးတစ်ခွက်
ပြီးဆုံးသွားတာက သေချာပါတယ်။

မိုးတွေကို တိုးတိုးကလေး ရွာရဦးမှာပေါ့လေ
ပန်းရနံ့တွေကလည်း
ခပ်မြင့်မြင့်ကနေ ပျံသန်း
ငါနဲ့ ငါ့ဖိနပ်ကလေး
သီချင်းမဆိုတော့ပဲ
ဟိုး...အဝေးကို ငေးခဲ့ရတယ်။

တာရာမင်းဝေ

ဘာလဲကွယ် -တာရာမင်းဝေ

ဘာလဲကွယ် -တာရာမင်းဝေ

ဘာအကြောင်းမှ မရှိဘဲ
မင်းကို ချစ်မိသွားတယ်..

ဘာအကြောင်းမှ မရှိဘဲ
မင်းကို လွမ်းတယ်..

ဘာအကြောင်းမှ မရှိဘဲ
မင်းဒီကဗျာကို ရေးမိတယ်..

တစ်ကယ်တော့လည်း
ဘာကြောင်းမှမရှိပါဘူး
သူငယ်ချင်း..

တာရာမင်းဝေ

စိတ်ဓာတ်မကျပါနဲ့ ဧရာဝတီ ( အောင်ကိုကိုလတ် )

စိတ်ဓာတ်မကျပါနဲ့ ဧရာဝတီ


ဧရာဝတီ.....
မင်းမျက်ခုံးမွှေးပေါ် လျှောက်ချင်တဲ့
သေနတ်ကျည်ဆန်က
ငါတို့ရင်ဘတ်ကိုလာမှန်တယ်

ဧရာဝတီ
မင်နှလုံးသွေးကို ဖောက်ချင်တဲ့ဓားက
ငါ့နှလုံးသားကိုလာစိုက်တယ်

ဧရာဝတီ
မင်းဟာငါတို့ရဲ့ အသက်ဆိုလဲဟုတ်တယ်
မင်းဟာငါတို့ရဲ့ ဝိညာဉ်ဆိုလဲဟုတ်တယ်

ဧရာဝတီ
မင်းပျော်ရင် ငါတို့လဲပျော်ရတယ်
မင်းငိုရင် ငါတို့လဲငိုရတယ်

ဧရာဝတီ
ရေတစ်ပေါက်စာ အတ္တကြောင့်
ရေတပေါက်စာ လောဘကြောင့်
မင်းစိတ်ဓာတ်မကျပါနဲ့

ဧရာဝတီ
မင်းရဲ့ရှေ့မှာ မင်းရဲ့နောက်မှာ
မင်းရဲ့ဘေးမှာ မင်းနာမည်ကိုရွတ်
မင်းအသက်ကိုကာကွယ်
မင်းအသွေးအသားကို
စောင့်ရှောက်မယ့် ပြည်သူပြည်သား
ငါတို့စိတ်ဓာတ်က ကိုယ့်ကိုကိုယ်ချစ်တဲ့
ကိုယ်ချင်းစာတရားတွေမဟုတ်ဘူးဧရာဝတီ။။

အောင်ကိုကိုလတ်

ဗိုလ်အောင်ဒင်စိတ်ကူး (အယ်ပိုင်)

ဗိုလ်အောင်ဒင်စိတ်ကူး


နာရီလက်သံကိုရေတွက်ရင်း
ရူးပေါပေါအိပ်မက်တချို့ကို
ငါစိတ်ကူးယဉ်မိ....

သောက်လက်စဆေးလိပ်တိုမှ
လွင့်ပျံလာတဲ့မီးခို့ငွေ့တွေက
ငါ့ကိုနားမလည်သလိုနဲ့
ငေးကြည့်နေကြတယ်...

ငါပြုံးပြလိုက်ပါသေးတယ်....
ငါ့ရှေ့ကဖြတ်လျှောက်သွားတဲ့
အသဲကွဲဝိညာဏ် တချို့ကိုပေါ့...

နှလုံးသားကို
၁၅၀၀ နဲ့ပါးရိုက်ဖို့ရောက်လာတဲ့
မိန်းကလေးတချို့ကို
ငါမောင်းထုတ်ပစ်လိုက်တယ်..

ဒါကို....
ခံစားချက်မပြေတဲ့
ပျံလွားငှက်တွေက
တီးတိုးတီးတိုးပြောသွားကြတယ်..
ငါကို...
သိပ်ရက်စက်တယ်တဲ့.....

ဟ ဟား ဟ ဟား
လန့်သွားသလား...! မမြဝင်း
ဗိုလ်အောင်ဒင်ဘောင်းဘီချွတ်တာ
ရေးချိုးမလို့ပါ....

အယ်ပိုင်

အပယ်ခံနှလုံးသားပါ... (အယ်ပိုင်)

အပယ်ခံနှလုံးသားပါ...
ကြွေရန်အဆင်သင့်ပါပဲ
အညှာမခိုင်တဲ့သူမို့
ခြွေသူရယ်....
မင်းလှမ်းခဲ့ပါတော့လား...
ဖွဖွလေးကောက်ပြီးနမ်းချင်နမ်း
ကြမ်းကြမ်းလေနင်းပြီး
လျှောက်ချင်လျှောက်...
မင်းရှေ့မှာဒူးထောက်နေတဲ့
နှလုံးသားဟာ
အပယ်ခံနှလုံးသားပါ...

အယ်ပိုင်

...သောအခါ (မင်းလူ)

...သောအခါ

လရောင်မှာပွင့်တဲ့ ကုမုဒြာ
လပြည့်ညမှာ
မပွင့်အာဘဲ
စူငုံနေတဲ့ နှုတ်ခမ်းလွှာ
ဘာကို စိတ်ကောက်နေတာလဲကွယ်။

နေရှိရာဘက်
မျက်နှာမူတတ်တဲ့ နေကြာ
နံနက်ခင်း ရောင်ခြည်အောက်မှာ
အနောက်ဘက်
ခေါင်းလှည့်နေတဲ့အခါ
ဘာကို ရှက်နေတာလဲကွယ်။

ရေပြင်ကျယ်မှာ
သင်းဖွဲ့ တဲ့ဗေဒါ
နေရာလွဲမှား
ပတ်ကြားအက်ထဲ
အဖော်ကွဲတဲ့အခါ
ဘာကိုလွမ်းနေတာလဲကွယ်။

တံလှပ်တွေကြား
ပျော်ပါးတဲ့ တမာ
အညာမှာ မနေ
ပင်လယ်ရေစပ်
လှိုင်းပုတ်ခတ်ခံရတဲ့အခါ
ဘာကိုဝမ်းနည်းနေတာလဲကွယ်။

နှလုံးသားပေါ်ကျက်စား
သစ္စာတရားအတွက်
ဘက်လိုက်တတ်တဲ့ ကဗျာ
သံယောဇဉ်ကို စုံကန်လျက်
ဆန့် ကျင်ရာဘက်ကို
ပြေးထွက်တဲ့ ဥပက္ခာ
ဘာကို ခံစားရမှာလဲကွယ်။ ။

(မင်းလူ)

အိမ် မိုးခင်ခင်(မဟာဝိဇ္ဖာ)

အိမ်

ညမှာ
ဘာမှမရှိတဲ့ ကောင်းကင်ထဲ
ကြယ်ကလေးတစ်လုံး ဖြစ်ချင်တယ်။

အဲဒီလိုဖြစ်ခဲ့ရင်
အိပ်ပျော်နေတဲ့ ငါ့မြို့လေးကို
အိပ်ပျော်နေတဲ့ ငါ့အိမ်လေးကို
ဖွေရှာရင်း
အလွမ်းတွေ ထိမ်းမရတဲ့အခါ
တိတ်တဆိတ် ကြွေဆင်းလာချင်တယ်။

မိုးခင်ခင်(မဟာဝိဇ္ဖာ)
The Light မဂ္ဂဇင်း(လ၊ ခုနှစ် မမှတ်မိပါ)

Thursday, July 17, 2014

Handset တစ်လုံးဆိုရင်... အောင်ဇော်မင်း(ဈေးဖလုံ)

Handset တစ်လုံးဆိုရင်
Restart ချပစ်လိုက်ချင်တယ်
ခံစားချက်တွေလွင့်စင်သွားအောင်
အခုတော့ Local က Internal ထဲမှာရော
SD ထဲမှာပါ အလွမ်းတွေလေးလံလို့
နင့်အသံလေးကြားတိုင်း
ငါ့ရင်ဘတ်ထဲမှာ
Vibration တွေများသွားတယ်
ချစ်သူရယ်
Miss call လေးတစ်ခါပေးရုံနဲ့
ငါကရင်ခုန်တတ်တာပါ
အခုတော့နင်က
ငါ့အိပ်မက်တွေကို
Blacklist လုပ်ပစ်တယ်လေ ။ ။ ။


အောင်ဇော်မင်း(ဈေးဖလုံ)

Wednesday, July 16, 2014

အချော့တော် - မောင်လှမျိုး (ချင်းချောင်းခြံ)

အချော့တော် - မောင်လှမျိုး (ချင်းချောင်းခြံ)

မျက်လုံမှိတ်လည်း
တိတ်ဆိတ်သံစဉ်
သူ့ရင်ခွင်မှာ
ရင်ခုန်သံနှိုး
သည်တန်ခိုးကြောင့်
ခဏခဏ နိုးနေတယ် ။

- မောင်လှမျိုး (ချင်းချောင်းခြံ)

ပန်းတိုင် - မောင်လှမျိုး (ချင်းချောင်းခြံ)

ပန်းတိုင် - မောင်လှမျိုး (ချင်းချောင်းခြံ)

မေ...
နေ အရမ်းပူပေမယ့် 
ခြေလှမ်းအတူ လှမ်းပြီး
နွေလမ်းထဲမှာ လျှောက်ချင်တယ် ။
နွေမှာ ပိတောက် ..
ရေလာသောက်တယ် ။
နွေနဲ့  ပိတောက်,
ရွှေနဲ့  ကျောက်လို
( မောင်လည်း )
မေ နဲ့  နှစ်ယောက်တည်း နေချင်တယ်… ။

မောင်လှမျိုး (ချင်းချောင်းခြံ)

အချစ်၏တည်နေရာ - မောင်လှမျိုး (ချင်းချောင်းခြံ)

အချစ်၏တည်နေရာ - မောင်လှမျိုး (ချင်းချောင်းခြံ)

လွမ်းသမျှ..............မပျော်

တမ်းတ,.............. မျှော်....ငေး

ဖော်မဲ့ ,.......... ဝေးကွာ

သောက,.......ရွာ ။ ။

မောင်လှမျိုး (ချင်းချောင်းခြံ)

အချစ်ငှက်ဆိုး - - မောင်လှမျိုး (ချင်းချောင်းခြံ)

အချစ်ငှက်ဆိုး - - မောင်လှမျိုး (ချင်းချောင်းခြံ)

လွမ်းတယ် .. လို့
ငါအော်ပြောတာ
တလောကလုံး ကြားတယ်
မင်းကြားရဲ့လား
ချစ်တယ်... လို့
ငါအော်ပြောတာ
တကမ္ဘာလုံး.. ကြားတယ်
မင်း .. သိရဲ့လား ။
ကမ္ဘာလောက
ငါ..ပြောသမျှ ကြားယောင်
အမှောင်မှာစိုးမိုး
မင်းရဲ့ အိမ်ခေါင်မိုးပ်ါက
ငှက်ဆိုးထိုးသံ
ငါ့ရင်ကွဲခြင်းရဲ့
ပဲ့တင်သံပါကွယ် ။

- မောင်လှမျိုး (ချင်းချောင်းခြံ)

ညလွမ်းဖော်- မောင်လှမျိုး (ချင်းချောင်းခြံ)

ညလွမ်းဖော်- မောင်လှမျိုး (ချင်းချောင်းခြံ)

မင်းရှိမှ
သတိရတတ်တာ မဟုတ်ပါဘူး။
မင်းမရှိတဲ့အခါ
သတိရတဲ့ ..စိတ်
အအိပ်ခက်တာ မင်းသိပါ ။

မင်းမြင်မှ
ခင်တွယ်တတ်တာ မဟုတ်ပါဘူး
မင်းမမြင်တဲ့အခါ
ခင်တွယ်မြတ်နိုးစိတ်
အရိပ်အဖြစ် တည်ရှိတာ
မင်း .. သိမှာပါ ။
ဘယ်လောက်ဝေးဝေး
ဘယ်လောက်ခွဲခွဲ
ရင်ထဲက မင်းရဲ့အရိပ်
ငါနဲ့အတူ အိပ်နေတယ် .. ။ ။

- မောင်လှမျိုး (ချင်းချောင်းခြံ)

ကြွေတဲ့လမ်း- မောင်လှမျိုး (ချင်းချောင်းခြံ)

ကြွေတဲ့လမ်း- မောင်လှမျိုး (ချင်းချောင်းခြံ)

မင်းပြုံးရင်.. ပျော်တယ်
မင်းမုန်းရင် ..ငိုမယ်
မင်းထားခဲ့တဲ့အခါ
ခွေယိုင်ညွတ်ကျ
မင်ထူမနိုင်။
မပြိုင်ဘဲ .. ရှုံး
တစ်ကိုယ်လုံး .. ကြွေ ..
ငါ့ခန္ဓာ မြေမှာ .. ပြိုကျ
မင်း ..လိုမှချိုမြစွာပြုံး
ကောက်ယူသုံးစွဲပါဦး
ငါ့အချစ်ဆုံးရေ
ပြန်ကောက်ယူတဲ့အခါ
ကြေမွနေတဲ့ ငါ့နှလုံးသား
မင်းအတွက်
ပန်းကုံးများပါကွယ် ။ ။

- မောင်လှမျိုး (ချင်းချောင်းခြံ)

နှစ်ကိုယ်သိ - မောင်လှမျိုး(ချင်းချောင်းခြံ) 

နှစ်ကိုယ်သိ - မောင်လှမျိုး(ချင်းချောင်းခြံ) 

သူက. . .
အခြားတစ်ယောက်ရဲ့
တယ်လီဖုန်းကို
မျှော်စောင့်နေရစဉ်မှာ. . .

ကိုယ်က. . .
သူရောက်အလာ သူ့မျက်နှာကို
တမ်းတ,လွမ်းဆွတ်
မျှော်ရတယ်။

တယ်လီဖုန်းဆက်ပြီး. . .နောက်,
သူရောက်အလာ၊
ကြင်နာကြေကွဲ
ကိုယ့်အသည်းက,
သူ့ကို. . .
ပြုံးပြပြီးတော့ ကြိုရတယ်။ ။


မောင်လှမျိုး(ချင်းချောင်းခြံ)

ချစ်လွန်းလို့ - မောင်လှမျိုး(ချင်းချောင်းခြံ) 

ချစ်လွန်းလို့ - မောင်လှမျိုး(ချင်းချောင်းခြံ) 

မင်း...ဘယ်သွားသွား
တားဆီးမိတာ
မင်း .. ဘာလုပ်လုပ်
ချုပ်ချယ်မိတာ
( မချစ်လို့တော့ မဟုတ်ဘူး )

မင်း.. ဘာပြောပြော
ဒေါသဖြစ်တာ
မင်း .. ဘယ်ရောက်ရောက်
သောက .. ဖြစ်တာ
(မချစ်လို့တော့ မဟုတ်ဘူး )

ချစ်လို့စိုးရိမ် ၊ စိတ်ငြိမ်မှုမဲ့
ဒေါသလက်သီး ၊ ဘီလူးစီးတယ်
မြင်တတ်အောင်သာ၊ကြည့်လှည့်တော့
ရင်ထဲကိုသာ၊ မြင်လှည့်ပေါ့ .. ။ ။

- မောင်လှမျိုး(ချင်းချောင်းခြံ)

ပင့်ကူအိမ်- မောင်လှမျိုး(ချင်းချောင်းခြံ) 

ပင့်ကူအိမ်- မောင်လှမျိုး(ချင်းချောင်းခြံ) 

" တက် " တခေါက်ခေါက်နဲ့
အလွမ်းမီးတောက်တွေကြား
ငါ ......ဗျာများခဲ့တာ ။

မျက်ရည်တ၀ဲဝဲနဲ့
ပူပန်မှုမီးခဲတွေကြား
ငါ ........ခိုနားခဲ့တာ ။

ဆံပုတ် ...ခေါင်းပုတ်....
မင်းလုပ်သမျှ
အမှားတွေကြား..
ငါ .. ပျံသန်းခဲ့တာ ။

ငါ့အတွက်
ရင်နာစရာ မဟုတ်ပါကွယ် ။
မင်းအနားကို ငါ မလာချင်ဘူး
ဒါပေမဲ့
မင်းအနားက
ငါ....မခွာနိုင်ဘူး...။

- မောင်လှမျိုး(ချင်းချောင်းခြံ)

လွမ်းရဲတယ် -  မောင်စိန်ဝင်း (ပုတီးကုန်း)

လွမ်းရဲတယ် - 
မောင်စိန်ဝင်း (ပုတီးကုန်း)

သူမေ့ပြီလား...
လူတွေ့ရန်မဆိုထားနဲ့၊
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ
ဪ... မုန်းရက်ပြီလို့ထင်။

ကြားယောင်ကာ၊
နားထောင်ရတော့မလားရယ်နဲ့၊
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့၊
(သူပြောလျှင်)...
ပုံပြင်ပင် တကယ်မှတ်ပြန်တော့၊
မလည်ပတ်သူလို့ သူငြိုငြင်။

မလွမ်းတတ်လို့လား၊
လွမ်းတတ်သူ မပူရှိနိုင်ပါ့၊
သူသိအောင်ဘယ်လိုပြောရမလဲ၊
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်၊
ခင်မို့လို့ သူစိမ်းပြင်ပြင်၊
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်။

ခင်ခင်စိမ်းပေမယ့်၊
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့၊
အပူဇာတ်ကို အခန်းဆက်နေတဲ့၊
ပန်းသက်သေ ဝေဒနာပွင့်တွေက၊
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့၊
ခင်ခင့်လို ဘယ်သူခွဲနိုင်မလဲ၊
ပူရဲတယ် သည်ရင်ကျွမ်းအောင်၊
လွမ်းတော့ဆယ်သက်။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

သွေးချောင်းစီးစေသား

"သွေးချောင်းစီးစေသား"

မနက်တစ်ခေါက် ညတစ်ခေါက်
ခွေးအူသံတွေပေါက်
မှုတ်ဆိတ်တကားကား ခွေးသားများ
ခွေးကျောင်းထဲကိုသွား....
ဒို့ရေကိုသောက် ဒို့မြေရောက်
ဧကန်ခွေးစိတ်ပေါက်
ငါးတို့ စီးပွါး သမီးသား
ဝင်ရောက်ကာစော်ကား
ဒို့ဘိုးဘွားမွေ ပိုင်တဲ့မြေ
ခွေးနဲ့မတန်ပေ
မင်းတို့စီးပွါး မျိုးနွယ်များ
သွေးချောင်းစီးစေသား။ ---

ဖွဖွလေးနမ်းချင်တယ်(နွေဦးကို)

ဖွဖွလေးနမ်းချင်တယ် (နွေဦးကို)

ပန်းတစ်ပွင့်ရဲ့
နွမ်းလျတတ်တဲ့ အလှတရားမျိုးနဲ့
အလွန်လှပနေကြတဲ့
ကောင်မလေးတွေကိုကြည့်ပြီး
သားရင်မောမိတယ်အမေ
အနိစ္စဆိုတဲ့
မတည်မြဲခြင်းသဘောကို
ဥပေက္ခာပြုလို့
လောဘတွေမောဟတွေ
ဖုံးလွှမ်းနေလေရဲ့....

အလှအပဆိုတာ တစ်ခဏပါအမေ
ရုပ်လှဖို့ထက် စိတ်လှဖို့က
ပိုအရေးကြီးပါတယ်
အလှအပတွေရှိနေသလို
နွမ်းလျတတ်တဲ့
သဘောလေးတွေလဲ
ရှိနေလေရဲ့လို့
ဆင်ခြင်မိတတ်ကြရင်
သူတို့တစ်တွေ
အလှအပဆိုတာကို
စွဲစွဲလမ်းလမ်းကြီး
ခုံမင်မိကြမှာမဟုတ်လေဘူး
အမေရေ.....
အမေ့သားကျွန်တော်
သနပ်ခါးပါးကွက်ကျားနဲ့
တောသူမလေးတွေရဲ့
အလှတရားလောက်
မြို့ပြကြီးကကောင်မလေးတွေရဲ့
ရောင်စုံအလှအပတွေကို
မခံစားတတ်လေဘူး
အမေရေ....
ဟောဒီကမ္ဘာပေါ်က ကောင်မလေးတွေ
ဘယ်လောက်လှလှ ဇရာလွှမ်းနေတဲ့
အမေ့ရဲ့ပါးပြင်လေးကိုပဲ
သား.....ဖွဖွလေးနမ်းချင်တယ်။

နွေဦးကို

မုန်း​တော့မည်​ဆိုလျှင်​.... (သူ့ရှင်)

မုန်း​တော့မည်​ဆိုလျှင်​....

မင်းကိုမုန်းလိုက်​လို့
ငါ​ပျော်​ရွှင်​ရမယ်​ဆိုရင်
မုန်းလိုက်​မှာပါ
ရက်​ရက်​စက်​စက်​...။

ငါ့ကိုမုန်းလိုက်​လို့
မင်း​ပျော်​ရွှင်​ရမယ်​ဆိုရင်
မုန်းလိုက်​စမ်းပါ
ရက်​ရက်​စက်​စက်​ ...။

တကယ်​မ​ပျော်​ရွှင်​ရပဲနဲ့​တော့
ရက်​ရက်​စက်​စက်
မမုန်းမိပါ​စေနဲ့ ...
အဲဒီအမုန်းကို
မင်းပဲ ...
ရက်​ရက်​စက်​စက်
ခံစားရမှာမို့ပါ ....။

သူ့ရှင်​ /

ငြိမ်း.. (သူ့ရှင်)

ငြိမ်း..

အချစ်​ကို
မြင်​စဉ်​ခဏ၌
အမုန်းတို့ ငြိမ်းကြသည်​..၊

အမုန်းကို
မြင်​စဉ်​ခဏ၌
အချစ်​တို့ ငြိမ်းကြသည်​..၊

အချစ်​နှင့်​အမုန်းတို့၏
အပြစ်​ကို ..
မြင်​စဉ်​ခဏ၌မူ
သောကတို့ ငြိမ်းကြ​လေသည်​ ။

သူ့ရှင်​[က​လေး]

ခဏလေးတော့ ပြန်ခဲ့ပါ (သက်ပိုင်)

ခဏလေးတော့ ပြန်ခဲ့ပါ"

ဘယ်လောက်ဝေးဝေး
မမေ့ကြေးနော်
ဝေးတဲ့အခါ ပိုလွမ်းလာမယ်
လွမ်းလာရင်တော့
ပြန်လာခဲ့ပေါ့ ။
တစ်နွေ တစ်မိုး
တစ်ဆောင်းညိုးရင်
မြတ်နိုးပွင့်တွေ ဝေလို့နေမယ် ။
သိတယ်မဟုတ်လား ?
သခင့် အနားမှာ
တအားဖြူစင် သံယောဇဉ်နဲ့
ခင်မင်ယုယ ပြုစုပြဖို့
ခဏလေးတော့ ပြန်ခဲ့ပါ ။

အဝေးရောက်ချစ်သူအတွက်
သက်ပိုင်

ဒါ ဒို့မန္တလေး (သက်ပိုင်)

ဒါ ဒို့မန္တလေး"

မန္တလေးတောင်ကြီး တည်နေသရွှေ့
ဒါ ဒို့မန္တလေး ဒါ ဒို့မြေ။
ကျုံးတော်ရေတွေ မခမ်းသရွှေ့
ဒါ ဒို့မန္တလေး ဒါ ဒို့မြေ။
တို့ဘိုးဘွားအမွေတွေ မပျောက်ပျက်သရွှေ့
ဒါ ဒို့မန္တလေး ဒါ ဒို့မြေ။
ဧည့်သည်ဆိုငြား သင်တို့ကါး
ရိပ်နေခက်ချိုး စိတ်မျိုးမွေးက
ဟော ဒီမှာ တံခါး.....
သင် ထွက်သွားလော့။
သို့မဟုတ်
ဒို့ပြစ် မဆိုနဲ့လေ။

သက်ပိုင်

Sunday, July 13, 2014

နင်သိစေချင်...(war war)

အတိတ်ဆိုတာ
ငါ့ဘဝမှာမရှိခဲ့ရင်
အနာဂတ်ဆိုတာ
ဖြစ်လာစရာအကြောင်းမရှိဘူး
ငါ့ဘဝမှာ နင်ရှိခဲ့ရင်
နောက်တစ်ယောက်ဆိုတာ
ထပ်ရောက်မလာတော့ဘူး

war war

သိမ်းဆည်းခွင့်. (@tp)

သိမ်းဆည်းခွင့်

ညနေချိန် တိမ်တောက်တွေလား
ငါ့အတွက်တော့ မင်းလေးဟာ
ဒဏ္ဍာရီထဲက နတ်သမီးတစ်ပါးပါ
နင့်ရဲ့မျက်ဝန်းတစ်ချက်အဝှေ့မှာ ဘာကိုမှကြည့်လို့မမြင်နိုင်အောင် အရာရာသေးငယ်သွားခဲ့
အချိန်တွေကို ရပ်တန့်ထားလိုက်ချင်တရ်...
မေရယ်..
နင့်မျက်ဝန်းမှာ ငါ့မနက်ဖြန်ကို သိမ်းဆည်းခွင့်ပြုပါမေရယ်...

@tp

အားငယ်.....(@tp)

အားငယ်

တွေ့ချင်မြင်ချင်ပါလျှက်
မချစ်သူငြင်းပယ်ပြေး
ရင်မှာဆန်းစစ်အဖြေညှိတော့
ဘဝကနွမ်း အဆင်းကမရှိ
ဗလာနတ္ထိ ဒီလိုလူကို
ဘယ်မိန်းခလေးက
ချစ်နိုင်မှာလည်း
ပူဆွေးဒေါသ ရင်ဝကပူ
ဒီအပူကို ဘယ်သူငြိမ်းနိုင်မှာလဲ...
သိခဲ့လို့ရှိရင် အဖြေပေးလှည့်ပါ
ချစ်သူမေရာ....

@tp

သမိုင်းသိစေ ဉာဏ်ရှိစေ ( မျိုးစောင့် သတိုး )

သမိုင်းသိစေ ဉာဏ်ရှိစေ''

ဗန္ဓသရက် ခါးသက်ခြင်းကြောင့်
ရှေ့ထုံးဟောင်းမှာရှိခဲ့သည်
ညောင်ပင်ငယ်လေး ခပ်သေးသေးဟု
ဂရုမထား အစဉ်သနားလို့
ပင်ညောင်ကြီးကြီး ဒီမြေကြီးကို
ဝါးဖို့သူကြံ အပင်မှန်သမျှ
ဦးခိုက်ရတာ သမိုင်းမဟုတ်
လက်တွေ့သရုပ်ပါ
အမောင့်...ချစ်နှမ မှာချင်လှသည်
နှမငယ်သွေး အသိရေးရေးပေါ်ရင်
ဒီစာရေးရ အမောင်ကျေနပ်ပါပြီ။
ခေတ်စနစ်အရ ဦးကြီးဦးလေး
ဓါး'ထမ်းလို့ပေးလည်း လူမျိုးမပြုတ်ရေး
စိတ်အေးစရာ မဟုတ်ဘူး
လူကိုလူချင်း လူနဲ့ရင်းလို
သားစပ်သွေးနှော သူတို့သဘောကို
နှမအဆွေ သိပါလေလော့
ဗုဒ္ဓဟောအပ် အမျိုးနဲ့ဇာတ်ကို
ငါ့နှမလက်ထက် တို့လက်ထက်မှာ
စောင့်လေပါမှ ငါတို့မြေးမြစ်
ကုလားမဖြစ်မှာ သမိုင်းသင်္ခန်းစာ
ဝေးဝေးမှာမကြည့်နဲ့ ထိုင်းတောင်ပိုင်းမှာရှိတယ်
အဆွေနှမ'ချစ်နှမတို့ ကမ္ဘာနဲ့ယှဉ်
အသိမြင်ပါ ဝံသာနုတရား
ရင်မှာထားမှ ငါတို့မြန်မာ
ဓွန့်ရှည်ကြာလို့ ကမ္ဘာတည်သမျှ
မြန်မာရှိရအောင် သမိုင်းလည်းသိ
ဥာဏ်အမြင်ရှိပါ အော်''ချစ်နှမတို့.....

''မျိုးစောင့် သတိုး'''

အရူး (သူ့ရှင်-ကလေး)

အရူး
-----
လပြည့်​ညမှာ
လ မသာဖို့
မင်း​မျှော်​လင့်​လို့ရတယ်​..
ဒါ​ပေမယ့်
လကွယ်​ညမှာ
လမင်းသာဖို့
မင်း​မျှော်​လင့်​မိရင်
သေချာပြီ...
မင်းရူး​နေုပြီ...သူငယ်​ချင်း..။

သူ့ရှင်​[က​လေး]

Saturday, July 12, 2014

ပြန်လာပါတော့....

လန်းဆန်းတဲ့ ကဗျာတောမှာ
ပီိတိမနောနဲ့ ငါဝင်ရောလို့
အလွမ်းရဲ့သွေးကိုဖောက်ထုပ်ပစ်ပြီ
သူငယ်ချင်း

ဒီည
မိုးသည်းတယ် ရှေ့ညနဲ့မတူဘူး ရှမ်းမြို့ပြင်လမ်း တလျှောက်လုံး
ရေတွေဖုံးခဲ့ပေါ့
အဲဒီည ငါအိပ်မရဘူး
အလွမ်းတွေရဲ့ ထုဆစ်ခြင်းခံထားရတဲ့
ငါ့နှလုံးသား မိုးစက်နှင့်အပြိုင်
ရှမ်းမြို့တနေရာမှာ ငိုကြွေးခဲ့ရပေါ့ သံစဉ်မဲ့မျက်ရည်မိုးတွေက
အတိတ်စာမျက်နှာကို ပြန်လှန်ကြည့်တယ်
ထူးခြားမှုပါမလားဘူး.....
ငါ့အတွက် အလွမ်းဟာ အလွမ်းပဲတဲ့
ငါငိုညဉ်းခဲ့ရပြန်ရောပေါ့.....
ကံကြမ္မာကပျက်ရယ်ပြုတာလား ချစ်သူကလှည့်စားတာလား.....
ဝေခွဲမရတဲ့ ပုစ္ဆာအောက်မှာ အလွမ်းတွေကိုပွေ့ဖက်ရင်း
ငါအိပ်ပျက်ခဲ့ရပေါ့...
တိုးတက်နေတဲ့ ခေတ်တခေတ်ပေမို့ ဖုန်းဆက်ကာအလွမ်းဖြေဖို့ ဖုန်းခေါ်မိသေး ကံကဆိုးပါ့ "လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ
ဧရိယာပြင်ပ"တဲ့ငါကိုသူထားပစ်လို့ အဝေးဆုံးကိုထွက်သွာပြီလားတွေးရင်း
လွမ်းနေမိပါသည် ပြန်လာနှင့်တော့
ချစ်သူ

အပြစ်တခု၏ ဖြေရှင်းချက် (war war)

''အပြစ်တခု၏ ဖြေရှင်းချက်''

လမင်းဆိုတာ
သာတလှည့် ကွယ်တလှည့်မို့
ကိုယ့်အပြစ်လို့ မင်းဆိုနိုင်ပါတယ်
အချစ်ရယ် မင်းအတွက်ဆို
ကိုယ်ညတိုင်း လသာချင်ခဲ့မိပါတယ်
သို့ပေမယ့် အများတကာ
ကြိုက်အောင်ပျားသကာလောင်းမှဆိုလို့
ကွယ်ခဲ့ရတဲ့ အချိန်ကလည်း မနဲမနောပေါ့ ဒါတွေကို
နားလည်ရင်များမင်း
အပြစ်လို့ခေါ်ရက်ဦးမလား ချစ်

war war

နင်ထွက်သွားပါ....(war war)

''နင်ထွက်သွားပါ''

လွမ်းမောစရာတွေကြားမှာ
အသက်ရှုမှားလောက်တဲ့ထိ
ငါရူးသွပ်မိဖူးပါရဲ့
ချစ်သူရေ
ဘဝကခြောက်ကပ်လွန်းနေသလို
ခံစားနေရလို့ အလွမ်းတွေတော့
ထပ်မပေးပါနဲ့
တစ်သက်တာသာကိုယ့်အနားက
ရှောင်ခွါသာပြေးပေတော့
ကိုယ့်အနား မင်းယောင်လို့တောင်
ပြန်မလာမိစေနဲ့
ငါဒီထက်ပိုရူးသွားမှာစိုးလို့ပါကွယ်

war war

ကောင်းကင်....

အရိပ်တစ်ခုရဲခြေရာနဲ့
ဝေးကွာလာခဲ့တဲ့သံယောဇဉ်
တံတားလေးမျှော်ငေးပြေးထွက်လေတော့
နှလုံးသားတစ်ခုရဲ့ရင်ခုန်ခြင်းတွေက
တံတိုင်းလေကာ ပိုင်းခြားခဲ့ပြီကော.....

အတွေးနယ်တစ်ချို့ရဲ့
လွမ်းမောဖွယ်လွင်ပြင်ထဲမှာ
ကမ္ဘာတစ်ခုကမှောင်အတိကျလို့
ချော်ရည်တွေပွက်ဆူနေတဲ့
ခါးသက်သက်ရင်ခွင်အလယ်မှာ
တစ်ခါတစ်ခါမျက်ရည်နဲ့
ချွေးကျမိတယ်ကွယ်

မျှော်လင့်ချက်တို့လမ်းစပျောက်လို့
ဒဏ်ရာများနဲ့ဒီအသည်းက
အမာရွတ်တွေကို
တယုတယနဲ့ထုဆစ်
ငါ ခြေလှမ်းမနက်ဖြန်များပာာ
အချစ်တစ်ခုပျောက်ရှချိန်မှာ
နေ့ ည များစွာကို
အမောဖောက်တဲ့ချိန်
ငါ့ အသက်နဲ့ ငါ့မျက်ရည်အတွက်
ရှင်သန်မှုကို မုန်းမိတယ်ပာာ....


ကောင်းကင်

အချစ်ဋီကာ (war war)

အချစ်ထမင်းဝိုင်းမှာ
ဒုက္ခရဲ့ငပိရည်နဲ့ချည်း
ငါတွဲစားနေရတယ်နော်
အလွမ်းဆိုတဲ့
တို့စရာလေးတောင်
အဆစ်ပါလိုက်သေးတယ်
ဒီကြားထဲ
အမုန်းငရုတ်သီးလေးများ
တစ်ချက်တစ်ချက်
ဝါးမိလိုက်ရင်
အသက်ထွက်မတတ်
ခံစားရသေးတယ်
သြော် အချစ် အချစ်
ပူပူလောင်လောင်နဲ့
အဝင်ရောဆိုး
အထွက်လည်းဆိုးနေပါပေါ့နော်

war war

ပုံရိပ်​ ( war war )

ဒီမှာ ဒီမှာ
ငါ့စိတ်ကိုပုံဖော်ကြည့်မယ်ဆိုတဲ့
မင်းစိတ်ကူးတွေ
ပြောင်းပြန်လှန်ပစ်စမ်းပါ
ငါ့ဆီမှာ မင်းမြင်အောင်
ကြည့်နိုင်မယ့်
ပုံရိပ်စစ်မရှိဘူး
ကဗျာတွေနဲ့ ကာရံထားတဲ့
ပုံရိပ်ယောင်တွေပဲရှိတယ်
ရသပေါင်းစုံလွန်းလို့
မင်းရူးသွားမှာစိုးရတယ်

war war

War War

လွမ်းတိုင်းသာ
မျက်ရည်ငါကျပြရင်
ငါ့မျက်ရည်တွေ
တန်ဖိုးကျကုန်မှာပေါ့
တန်ဖိုးမထားသူအတွက်
အချစ်ကိုတောင်
သူဥပေက္ခာပြုရက်တာ
မျက်ရည်ကျပြလို့
ဘာများထူးခြားလာမှာလဲ
မကြင်နာလို့ရှောင်ခွါပြေးရက်တာကို
နာကျင်လို့ငါ့မျက်ရည် ကျမရဘူး
အချစ်ရေ ဒီတစ်သတ်တော့
အပြီးအပိုင်ပဲပေါ့ဟေ့ . . . .

war war

ငြင်းပယ်​ခွင့်​ပြုပါ (ဆောင်းရဲသွေး - တောင်ငူ)

ငြင်းပယ်​ခွင့်​ပြုပါ

မတူညီတဲ့ဘဝနှစ်​ခု အစပြုလို့သိခဲ့တာ​ကြောင့်
ချစ်​ခြင်းတရား​တွေ ဘယ်​​လောက်​ရှိရှိ
နိဂုံးရဲ့အဆုံးရလာဒ်​က ​ဝေးကွာခြင်းပါပဲ
မျက်​ရည်​​တွေယိုဖိတ်
လွမ်းစိတ်​​တွေနဲ့ခွဲခွာတဲ့အခါ
အပူဒဏ်​​ပေးသူလို့
တယူသန်​​ တွေးမယူပါနဲ့​နော်
မချစ်​လို့ကြဥ်​မခင်​လို့တိမ်း
မကြင်​လို့ယိမ်းခဲ့တာမဟုတ်​ပါဘူး
အချစ်​တခုတခုတည်းနဲ့
ဘဝတခုမဖြစ်​နိုင်​လို့
ဖြစ်​တည်​​နေတဲ့ဘဝတခုမှာ
အချစ်​တခုကို
ပယ်​ဖျက်​လိုက်​လိုက်​တာပါ
သံသရာဘုံတ​ကွေ့မှာ​ပေါ့
တကယ်​လို့သာ ပြန်​ဆုံ​တွေ့ဖြစ်​ရင်
မတူညီတဲ့အထုံဘဝကို
မကြုံပါရ​စေနဲ့လို့ဆု​တောင်းရင်း
မဖြစ်​နိုင်​တဲ့ဒီဘဝမှာ
မပြတ်​နိုင်​တဲ့သံ​ယောဇဉ်​ကို
ငြင်းပယ်​ခွင့်​ပြုပါ

ဆောင်းရဲ​သွေး​{​တောင်​ငူ}

Friday, July 11, 2014

အင်းလေးဘုရားပွဲ

အင်းလေးဘုရားပွဲ

ညို့ညို့မှိုင်းမှိုင်း
တောင်စဉ်ဝိုင်းပတ်
ရေလှိုင်းရွှေကြာ
ရေဇလာထက်
လှော်တက်စုံညီ
အားမာန်ချီလျှက်
တူညီစိတ်ထား
သဒ္ဓါအားဖြင့်
အများကြည်ညို
ကုသိုလ်ယူဖို့
ငါးဆူဘွဲ့ထူး
ဖောင်တော်ဦးဟု
ကြည်နူးခေါ်ရ
မြတ်ဗုဒ္ဓကို
ကိုင်းဝတ်ခိုရာ
ထိုထိုရွာ(မြို့)သို့
ဆောင်ပို့ကရဝိုက်
ရွှေဖောင်သိုက်ဖြင့်
စဉ်စိုက်လှည့်ကာ
ဆောင်ပို့ပါသည်
အင်းလေးဆီမှ
ဧည်စည်ဘုရားပွဲ။ ။

အချိန်တန်ပြီ (အညတရမောင်)

အချိန်တန်ပြီ

အခန်းဆက်ပေါင်းများစွာရဲ့နောက်မှာ
ရင်းနှီးမြုတ်နှံမူအရင်းအမြစ်က
အခွင့်ထူးခံလူတစ်စုအကျိုးအမြတ်နဲ့
ကောင်းစားဖို့အတွက်လေ။
သူတို့သမိုင်းကညစ်ကျယ်လို့
ခေတ်သမိုင်းအကြွင်းအကျန်ကို
ဆေးချယ်တော့ အဓမ္မ္မပေါင်းစား
အရပ်တကာမှာ လှည့်လည်ရောင်းစားလို့
တိုင်းပြည်ရဲ့အညွှန့်တွေခူးစားတတ်သူတွေသာ
ကောင်းစားတာဆန်းတော့
မဆန်းတော့ပါဘူးလေ။
ဒါပေမဲ့ . ..
တစ်ခါတစ်ရံမှာ
ဘောင်ထဲကဆိုတဲ့ဖိနိုပ်မူနဲ့
ယဉ်ပါးလာတဲ့အစဉ်အလာကို
ငါတို့ခေါင်းညိတ်လက်မခံဖို့တော့
ချိန်တန်နေပြီလေ။

အညတရမောင်

အုတ်ကြားမြက် (war war)

အုတ်ကြားမြက်မို့
ကိုယ်အထင်မသေးဝံ့ပါဘူး
သူဆိုတာက
ကိုယ့်အားကိုယ်ကိုး
ရှင်သန်ရတဲ့ ဘဝမျိုးမို့
သူ့ဘဝက ပိုလို့တောင်
ရင့်ကျက်နေမှာမို့
သူတစ်ကာထက်
ကိုယ်ပိုလို့တန်ဖိုးထားမိမှာ
အမှန်ပါလို့
ယုံစေချင်ပါတယ်ကွယ်
မသိသူကျော်
သိသူဖော်မို့
ကိုယ်ကတော့ မင်းအတွက်
ပိုလို့တောင်ဂုဏ်ယူနေဦးမပေါ့
အုတ်ကြားမြက်လေးရေ . . .
war war

လမိုက်ည(နွေဦးကို)

လမိုက်ည(နွေဦးကို)

ဒီနေ့ည
ကြယ်တွေက,က
လေရာင္ကမွိန္ပ်ပ်
မှိန်ပျပျအလင်းည
လမသာတဲ့လပြည့်ည
ဟောဒီညကို
လမိုက်ညလို့ခေါင်းစဉ်တတ်ကြစို့
ဟော့ဒီလမိုက်ညမှာလေ
မင်းအကြောင်းတွေးရင်း
မင်းအကြောင်းငေးရင်း
စိတ်ကလိုက်ရေးတဲ့
အရုပ်တစ်ရုပ်လို
မင်းပုံရိပ်တွေ
လေထဲထင်ဟက်နေတယ်ချစ်သူ
မရေရာတဲ့ဘဝမို့
မသေချာတဲ့စကားတွေ
ငါမပြောချင်ဘူး
သေချာတာတစ်ခုက
ချစ်တယ်ဆိုတာပဲ
ဘယ်လိုဖျောက်ဖျောက်
မပျောက်နိုင်တဲ့မင်းပုံရိပ်
ညညတိုင်းငါ့ကိုခြောက်တယ်
ဒီတစ်ညတော့
အိပ်စက်ခွင့်လေးပေးပါတော့လား
ချစ်သူရယ်။

နွေဦးကို

နောင်တ... သီရိချစ် (မန်း)

နောင်တ...
ငါတိတ်တိတ်လေး ငိုဖူးတယ်
မနက်ဖန်တွေတိုင်း နင်စိတ်ဆင်းရဲမှာမို့...
ပျော်ခဲ့ဖူးတယ် ညစဉ်တိုင်း
အိပ်မက်မှာ နင်လာခဲ့ပေးလို့..
ချစ်သူ. . .
နေ့ရက်တွေနဲ့ချီ ပြီး
ငါနင့်ကိုမြတ်နိုးတယ်. .
ငါပထမဦးဆုံးတွေ မြတ်နိုးမှ
ငါ့ကိုနောက်ကောက်ကျစေ
အထီးကျန်စေတဲ့
ချစ်နတ်ဆိုးတွေကိုမုန်းတယ်
ချစ်ဦးသူတွေ
ဆုံဆည်းခွင့်ရပေမဲ့
ငါ့မှာလွတ်လပ်ခွင့်မရှိတဲ့
နောင်တ တွေနဲ့ချစ်သူ

သီရိချစ် (မန်း)

မိုးစက်အလွမ်း (N.L.W)

မိုးစက်အလွမ်း

နွေတကြော့မှာ ပူလောင်မှုတွေနဲ့
ပြည့်နက်နေခဲ့တဲ့ ငါ့နှလုံးသား
အခုလို'ဂျူလိုင်မိုးစက်အောက်မှာ
အေးမြခြင်းတွေပေးစွမ်းနိုင်လိမ့်မယ်လို့
ထင်ခဲ့မိတယ်
တဒင်္ဂသာ အေးချမ်းခဲ့ပါတယ်
ချစ်သူရယ်

နင့်ကိုလွမ်းဆွတ်မှုတွေက
ဂျူလိုင်မိုးစက်ပွင့်နဲ့အတူ
'မျက်ရည်ပူဖြစ်ခဲ့ပေါ့''ချစ်သူ

နင်ငါ့ကိုအလွမ်းတွေပိုအောင်လုပ်ခဲ့ပေမဲ့
ဂျူလိုင်မိုးစက်ပွင့်တွေဟာ'င့ါအတွက်
အမှတ်တရဖြစ်ခဲ့ပေါ့
နင်င့ါရင်ခွင်ဆီက ထွက်ခွာသွားခဲ့ပေမဲ့
သွေမပျက်တမ်း

နင်ပေးခဲ့တဲ့မေတ္တာပန်းတစ်ပွင့်ကိုတော့'
ထာဝရငါ့ရင်ခွင်ဆီမှာ
သိမ်းဆည်းထားဆဲပါ
ချစ်သူရယ်

N L W

Thursday, July 10, 2014

ချစ်သူ.....(ဆောင်းရဲသွေး - တောင်ငူ)

ကဗျာစပ်​ရာ မင်းမျက်​နှာသည်
ရှေ့မှာလာဝဲ​ ဖျောက်​ရခဲမို့
လွဲမှာကာရန်​ အဖန်​ဖန်​တည်း....

ပန်းချီဆွဲရာ မင်းမျက်​နှာသည်
ရှေ့မှာလာဝဲ​ ဖျောက်​ရခဲမို့
လွဲမှာစုတ်​ချက်​ အထပ်​ထပ်​တည်း ...

စာကျက်​​လေရာ မင်းမျက်​နှာသည်
ရှေ့မှာလာဝဲ​ ဖျောက်​ရခဲမို့
လွဲမှားစိတ်​ကူး ရင်​မှာမြူး၍
ကြည်းနူးမိကာ စာမှခွာသည်
ငါ့မှာ​အောင်​ဖို့​ ဝေးပြီတည်း...

ဆောင်းရဲ​သွေး{​တောင်​ငူ}

သံဝေဂ. (နွေဦးကို)

သံဝေဂ

ဒီနှစ်ထဲမှာ
ပဋိပက္ခတွေကြားက
လူနေမှုစရိုက်တွေကိုငါတွေ့ခဲ့ရ...
ဒီနှစ်ထဲမှာပဲ
အဆင်မပြေတဲ့ငြီးတွားသံတွေကို ငါကြားခဲ့ရ....
အပြစ်မရှိအပြစ်ရှာ
အာဃာတတရားတွေလဲငါတွေ့ရ....
ဒီနှစ်ထဲမှာပဲ
မိုးလုံးပြည့်ညံတဲ့
ဆဲဆိုသံတွေလဲငါကြားခဲ့ရ....
ဒီနှစ်ထဲမှာပဲ
စိတ်ကောင်းရှိသူ မရှိသူတွေကိုလဲ
သရုပ်ခွဲခဲ့ရ....
ပျက်လုလုဖြစ်နေတဲ့ခေတ်ကြီးမှာ
အမှန်တရားတွေရှာဖွေဖို့အရေးကြီးတယ်
နောက်ပြီးတော့
ကိုယ့်ရဲ့ဂုဏ်သိက္ခာတွေအဖတ်ဆယ်ဖို့
အရေးတယ်
နောက်ထပ်အမှားတွေမကျုးလွန်မိဖို့လဲ
အရေးကြီးတာပဲ
နောက်ပြီးတော့
ကိုယ့်ကိုယ်ကိုဘာလဲဆိုတာ
ပြန်ဖတ်တတ်ဖို့အရေးကြီးတယ်
နောက်ပြီးတော့
နောက်ကြောင်းပြန်မယ့်အတိတ်တွေကို
သတိထားမိဖို့လဲအရေးကြီးတယ်
ဒီနှစ်ဒီနှစ် ဒီနှစ်ကစပြီး
ရှေ့ဆက်မဲ့သက္ကရာဇ်တွေတိုင်း
ရိုးရိုးသားသားနေတတ်ဖို့
ပိုအရေးကြီတယ်။

နွေဦးကို

ကံဆိုးမ. (သူ့ရှင်)

ကံဆိုးမ

သူ​ပေါ်လာနိုး
ပျော်​ရနိုးဖြင့်
မျှော်​လင့်​ကာ ​စောင့်​စားခဲ့
မျှော်​ကိုးခဲ့ တကယ်​ပါ၊
ဒါ​ပေမဲ့ ဗလာသာ
လက်​ထဲမှာကျန်​ခဲ့ ၊
အချိန်​တန်
သူ့ဟန်​ဖြစ်​လို့ရယ်
မှားခဲ့တဲ့ အစ
ဘဝကခပ်​နနမို့
သိလျက်​က မ​ရှောင်​နိုင်
မဆုံးနိုင်​ မပြုံးနိုင်​ဇာတ်​လမ်း
ဪ...အမိ​ရေ
ဘယ်​ဂုံတိုင်​ ဘယ်​မြိုင်​နန်းတိုင်
သောကရယ်​လှိုင်း ....။

သူ့ရှင်​ /

ကိုယ်ရေးကိုယ်တာ | ဝေမှူးသွင် | 

ကိုယ်ရေးကိုယ်တာ | ဝေမှူးသွင် | 

သစ်ရွက်ကြွေသံတစ်ခုက
ငါ့နားထဲမှာဝုန်းခနဲ
မြည်ဟိန်းသွားရဲ့။

အချိန်မတန်သေးဘဲ
ငါ့တန်ဖိုးတွေကို
မင်းဘာကြောင့်များတိုက်ချပစ်လိုက်ပါလိမ့်။

ဘယ်သူမပြု
မိမိမှုတဲ့ .. ။

လကွယ်သီချင်းတစ်ပုဒ်က
ညထဲကိုဗီဇပြပြီး
ရက်ရက်စက်စက်လွင့်ပျံ့လာတယ်။

ငါ့ရင်ထဲက
အဖြူရောင်စည်းကမ်းတွေအားလုံး
ချိတ်ပိတ်ထားလိုက်ပြီ။
ငါဟာရိုင်းစိုင်းရမ်းကားဖို့
အမြဲအဆင်သင့်ရှိနေသူဆိုတာ
မင်းသိစေရမယ်။

ဘာသဘောလဲ
လှည့်မကြည့်နဲ့.....
အပျော်ကြေးဆိုပေမယ့်
အန္တရာယ်ရှိတယ်။

နောက်ဆုံးတော့လည်း
ပတ်သက်မိခဲ့သမျှတွေကို
ရယ်မောလွှင့်ပစ်လိုက်ရုံပေါ့။

ငါမပြောချင်ဘူး
မင်းမသိနိုင်ဘူး
အစွန်းမရောက်ရင်
အဲဒါဘယ်တော့မှ အချစ်မဟုတ်ဘူး ။ ။

| ဝေမှူးသွင် |

မိဝေဖတ်ဖို့(၂) - ထွဏ်းသွေး အိမ်

မိဝေဖတ်ဖို့(၂) - ထွဏ်းသွေး အိမ်

သောက်လက်စ
မြန်မာဘီယာပုလင်းကို
ရိုတ်ခွဲပြီးပုလင်းကွဲစနဲ့
ငါ့လက်ဖျံပေါ်မှာမင်းနာမည်ကို
ရေးသည်ထိတော့
ငါမရူးသေးဘူးမိဝေ။

အရိပ်ပြရင်
အရိပ်ပဲမြင်တတ်တဲ့
ငါ့ရဲ့ရိုးသားမှုအရောင်ကိုနင်းပြီး
နင်အကွက်ပေါင်းစုံနဲ့
လျောက်သွားရက်တယ်။

တကယ်ဆို
တစ်နေ့သုံးမျိုးလောက်အရောင်
ပြောင်းနေတဲ့
နင့်နှုတ်ခမ်းကနှုတ်ခမ်းနီတွေကို
ငါသတိထားမိသင့်တယ်။

ပွဲဈေးတန်းက
ဆင်ရယ် ကျားရယ်
ဘယ်အကောင်ဆိုတာကို
ဖါတောင်းလေးနဲ့အုပ်ပြီး
ငွေချထိုးပြီးကစားရတဲ့နည်းလိုပဲ
နင်လည်း
လွယ်မယောင်နဲ့ခက်တဲ့မိန်းမပဲ။

မိဝေရေ
မီးစိမ်းမှကူးတာတောင်
မသေချာတဲ့ခေတ်ထဲမှာ
ငါတို့လူဖြစ်ခဲ့ကြတယ်နော်
ချစ်ခြင်းမေတ္တာကို
နင်မလှည့်စားပါနဲ့
အလှည့်စားခံနေကြတဲ့ကာလမှာ
နင်ကပါထပ်လုပ်ရင်
ငါ...ငါတို့
လူမွေးဘယ်ပြောင်တော့မှာလဲ။

ထွဏ်းသွေးအိမ်

ထွဏ်းသွေးအိမ်

စာအုပ်ထဲမှာအပြည့်
မင်းနာမည်ကိုရေးမယ်။
လမ်းထိပ်မှာဆော့နေတဲ့
ကလေးတွေအားလုံးကို
သကြားလုံးတစ်လုံးဆီပေးပြီး
ငါဟာမင်းကိုမေ့လိုက်ပြီဆိုတာ
အကျယ်ကြီးသုံးခါအော်ခိုင်းမယ်။
စာအုပ်ကိုမီးရှို့လိုက်တဲ့အခါ
အပေါ်တတ်လာတဲ့
မီးခိုးတွေနောက်မှာသံသယကိုငါရှာမယ်။
ငါ့ကိုဘာမီတွန်တွေပဲပေးပါ။

ထွဏ်းသွေး အိမ်

နောက်ဆုံးခံတပ်မှာငါနေတဲ့အတွက်.... ထွဏ်းသွေး အိမ

နောက်ဆုံးခံတပ်မှာငါနေတဲ့အတွက်.... ထွဏ်းသွေး အိမ်
October 17, 2012 at 11:39am


မြို့ကိုပတ်လည်ဝိုင်းထားတဲ့
ဆရာတော်တွေရဲ့ဘုန်းကြီးကျောင်းတွေဟာ
ဒီမြို့ရဲ့ခံတပ်ပဲ။

ထစ်ကနဲဆို
ရှေ့ကိုရောက်လာပြီးသား
အကာအကွယ်ပေးပြီးသား။

မေတ္တာပို့တဲ့အသံတွေက
တစ်မြို့လုံးဖုံးလွှမ်းလို့
သူရဲတွေနေလို့မရ
တစ္ဆေတွေနေလို့မရတဲ့ဒီမြို့မှာ
မျက်နှာဖုံးစွပ်နဲ့လူတွေ
များလာတဲ့အကြောင်းလည်း
သူတို့သိတယ်။

ငါမကြောက်ဘူး ငါဂုဏ်ယူတယ်
မန္တလေးသားတစ်ယောက်ဖြစ်ခဲ့ရတဲ့အတွက်
လက်အုပ်ချီထားပါတယ်
ဆရာတော်တွေအတွက်ပါ
ဓါးသွေးထားပါတယ်
တိုင်းပြည်အတွက်ပါ။ ။

ထွဏ်းသွေးအိမ်

အစွဲအလမ်းဟာ - ထွဏ်းသွေး အိမ်

အစွဲအလမ်းဟာ - ထွဏ်းသွေး အိမ်
October 13, 2012 at 2:58pm

ဟိုတုန်းကလို
ပိတောတ်ကိုင်းခြောက်ကို
အဝတ်အစိုနဲ့အုပ်ပြီးမစောင့်တော့ဘူး။

လေလာရာအလိုက်သင့်
မျောလိုက်တတ်ဖို့အရေးကြီးပြီ
မင်းယုံလား
ငါတော့ရုတ်တရက်ထထပျံတဲ့ခိုတွေလို
အစာစားရင်း နောက်ကျောမလုံဘူး
ဖျာကိုတုတ်နဲ့နေပူထ
ဲတဖြောင်းဖြောင်းရိုတ်ခဲ့လည်း
ရောဂါဟာကျွမ်းခဲ့ပါပြီ။

မရဲတရဲ
တရှပ်ရှပ်ဆိုပြန်ကြည့်နေရတာနဲ့
ပန်းတိုင်ကိုမရောက်တော့ဘူး
စက်ဝိုင်းထဲက
လေးထောင့်အကွက်ထဲက
အဲဒီမှာပဲနေဆိုတဲ့ခေါင်းစဉ်အောက်ကရုန်းခဲ့ကြပြီ။

ရေလေးတော့ဆောင်ထားပါတယ်
လောင်ခဲ့ရင်ငြိမ်းဖို့မဟုတ်ဘူး
အဖေပြောတာမှန်တယ်လို့ပြောပြီး
အဖေ့ကိုတိုတ်မလို့ပါ။ ။

ထွဏ်းသွေးအိမ်
၅း၂၇မိနစ်

ဇာတ်ပျက် (ထွဏ်းသွေးအိမ်)

လူတစ်ယောက်အတွက်
ဒီအရွယ်မှရူးရတယ်ဆို ဘယ်ဟုတ်တော့မှာလဲ?
ငှက်တွေလာနားဖို့အတွက်ငါက
ခြေထောက်မှာကြိုးချည်
ငုတ်ရိုက်ခံထားရတဲ့လေထဲမှာ
ပျံသန်းခြင်းကိုဟန်ဆောင်ခဲ့ရတယ်။
သခင်အပေါ်အရမ်းသစ္စာရှိတဲ့
ကြောင်လိုပဲ
မလိုချင်လို့ကို့ကိုမျက်စိမှိတ်ပြီး
လွှင့်ပစ်ခဲ့တာတောင်
သခင်ထက်စောပြီးအိမ်ကိုအရင်ကြိုရောက်နေတဲ့
ကြောင်တစ်ကောင်က ငါပါထက်ထက်ရာ။
လမင်းဟာသူ့အလင်းရှိပေမဲ့
ကြယ်တွေကိုအားကျတာ
ဘယ်သူမှမသိခဲ့ဘူး။
မနက်စောစော
ငါ့အသက်ရူခြင်းမှာ
အလကားရနေတဲ့လေကိုတောင်
မင်းကြောင့်ငါအသက်ရူမဝခဲ့ဘူး
ဇာတ်လမ်းတစ်ခုကို ဇာတ်သိမ်းမပါဘဲ
ကျေးဇူးပြုပြီး
ဒီတိုင်းထားခဲ့လိုက်ပါတော့။ ။

ထွဏ်းသွေးအိမ်

ညနေခင်းကောက်ကြောင်း ( နေသွန်းခ )

ညနေခင်းကောက်ကြောင်း ==================

ဟောဒီ စိမ်းစိမ်းလန်းလန်း
စပါးခင်းတွေအပေါ်
ရွှေရောင်နေခြည်ကငုံ့အနမ်း 
ရှက်သွေးဖြန်းသွားတဲ့ညနေခင်းလေးရဲ့ပါးပြင်
မြူတွေက ခဏတာဖုံးကွယ်ပေးတယ်။

ကြည့်စမ်း--အိပ်တန်းပြန်ငှက်တွေက
အဆန်းကျယ်ဆုံး ယိမ်းကကွက်နဲ့ ကကြိုးဆင်
လေညှင်းလေးက အဝေးကြီးကခူးလာတဲ့
ပန်းရနံ့တွေနဲ့ကြဲပက် 
ထနောင်းပင်လေးတွေက
လက်မောင်းလေးတလှုပ်လှုပ်နဲ့
လက်ခုပ်လက်ဝါးတီး
တောတန်းပေါ်ကငှက်ကလေးတွေက
သိင်္ဂါရတေးသီချင်းတွေကို အုပ်စုဖွဲ့သီဆို မိုးကောင်းကင်က ရောင်စုံစုတ်ချက်တိမ်ပန်းချီကားကို လက်ဖွဲ့လို့ပေါ့။ 

အဲဒီလို လှလှနုနုညနေခင်းလေးကို 
(ကျွန်တော့် မျက်လုံးတွေနဲ့ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားခိုက်) အနောက်ဘက် တောင်ကုန်းလေးက 
သူ့ရဲ့အမှောင်လက်နဲ့
ဆွဲရမ်းခေါ်ငင်သွားခဲ့တဲ့အခါ
ရွာဦးစေတီတော်က ဆည်းလည်းလေးတွေဟာ
"ရေတစ်ပွက်စာ" ခေါင်းစဉ်နဲ့မှတ်တမ်းတင် လက်မှတ်ထိုး ခဲ့ပါတယ်။
( အမှတ်တရ..သို့ )

နေသွန်းခ

အနမ်း (၃) - Heinn FiveStrings

အနမ်း (၃) - Heinn FiveStrings

ပင့်သက်တိုင်းမှာ....
အဆုတ်ကို ၀င်ဝင်ဆောင့်တဲ့
သနပ်ခါးရနံ့လေး
ကိုယ် .. ဘယ်အတွင်းအားနဲ့တွန်းထုတ်ရမလဲ။
လူတွေကလည်းခက်တယ်
လာထိတဲ့အရှိန်ကိုပဲဖွဲ့တယ်
ဝင်စိုက်တဲ့အတိမ်အနက်ကိုမမြင်ဘူး
ကြယ်သီးမှာငြိနေတဲ့
ဆံပင်ရှည်လေးဟာ
မတော်တဆရတဲ့ အမှတ်တရ
ဒါ့အပြင်...
ကြိုက်တဲ့အသိုင်းအ၀ိုင်းနဲ့ဆွဲ
မပြတ်တော့တဲ့ချည်နှောင်ပြီးသားကြိုးတစ်စ။
လေတိုက်ရင်တောင် မင်းတို့မလှုပ်နဲ့လို့
သစ်ရွက်ကလေးတွေကို
လှည့်ဟောက်ပြီးတော့
ကိုယ်ကသိသိကြီးနဲ့ဆက်သွားတယ်
သူက သိသိကြီးနဲ့ဆက်လိုက်တယ်
အချိန်တန်လို့ ပြန်ကြရတဲ့အခါ
သူ့ဘယ်ဘက်ပခုံးပေါ်မှာ
ကိုယ့်roll-onရနံ့ဟာ စွဲလို့
ကိုယ့်ညာဘက်ပခုံးပေါ်မှာ
သူ့shampooရနံ့ဟာ မြဲလို့
ချိုချဉ်လေးတစ်လုံးကို
ဝေစုမတည့်ရာက စတယ်
ဘယ်တော့မှ မဆုံးတော့ ။

ဟိန်း

၂.၁၂.၁၃

အခု ငယ်ငယ်တုန်းကအသည်းကွဲမျဉ်းကြောင်းတိမ်းစောင်းမှု - ရုပ်သေး -

အခု ငယ်ငယ်တုန်းကအသည်းကွဲမျဉ်းကြောင်းတိမ်းစောင်းမှု - ရုပ်သေး -

ဝေးရမ ဝေးကိုဝေးရမှဆိုတော့လဲ ...
နင့်ကိုငါကမ္ဘာမကြေအောင်လွမ်းနေလိုက်တယ်
အရှေ့ကိုလျှောက် ၊အနောက်ကိုပြန်ပြန်
ရောက်တဲ့သတ္တ၀ါ
နင့်ကိုလွမ်းဖို့လောက်တောင် ငါကခေတ်မမှီဘူး
သွေးခြေ ဥတာကအစ၊
သည်းခြေပျက်တာကအဆုံး
ပြက်နေကျပြက်လုံးတွေကြား
ဘာတွေလာလာငြိနေမှန်းမသိ
အပ်ချုပ်ရာတစ်ပေါက်နှစ်ပေါက်
အပျင်းထူနေတဲ့စက္ကူရုပ်မ
နင့်နောက်ကျောကို ငါဘာဓါးနဲ့မှ
ထောက်မထားခဲ့ဘူး....
ဒီနေ့က.....
မှော်အတက်နဲ့ ဖန်ဆင်းထားတာမဟုတ်ဘူး
ဒါပေမယ့် တနေ့လုံး သေမင်းဆီဖုန်းခေါ်နေတဲ့
အသံတွေပဲကြားနေရတယ်
ပြာဖြစ်သွားတာလား
လက်ဖမိုးကိုလှန်ကြည့်လိုက်ရင်
ကြယ်တွေစားကျက်ချနေကျ
ညအသေရှိတယ်
ကမ္ဘာပတ်နေတဲ့ ကဝေမ
ကမ္ဘာပတ်နေတဲ့ ကဝေမ
သွားစမ်း သွားစမ်း . . .
အံတွေကြိတ်ထားရတလဲနာလှပေါ့....
အခုအချိန်အထိ
အမှောင်တွေငါ့ကျောပေါ်ထိုးချတေုန်းပဲ
နင့်ကို ရက်ပေါင်းများစွာ ၊
များစွာကြာအောင်လွမ်းနေနိုင်ဖို့
တစ်နေ့ကိုတစ်ခါကိုယ့်ကိကိုယ်
မသဒ္ဓါဆွမ်းကျွေးပြီး အသကရှူမရပ်အောင်
လွမ်းခိုင်းနေရ....
ဝေးရမှ . . . ဝေးကိုဝေးရမှဖြစ်မယ်ဆိုရင်
ဝေးကို ဝေးသွားကြ
နိမိတ်မကောင်းသူရယ်
အောက်နှုတ်ခမ်းလှလှလေးကိုမသုံးပါနဲ့တော့
ဒါ ဝေးကိုဝေးရမယ့်အခါမို့လို့
ဝေးကိုဝေးပစ်ရမယ်
ဒါ ဝေးကိုဝေးရမယ်ဆိုတဲ့ ....
ဒါ ဝေးကိုဝေးရမယ်ဆိုတဲ့ ...
အတွေးနဲ့တင်ငါက၊
ကလေးတစ်ယောက်လိုမျိုး
ကိုယ့်ဦးနှောက်ကိုယ်
အမဲပြန်လိုက်သလိုမျိုး၊
မချိမဆန့် ကလေးဆန်ဆန်ငိုတယ်
အခုချိန်အထိ နင့်ကိုလွမ်းဖို့လောက်
ငါ့ဦးနှောက်က ခေတ်မမှီဘူး . . . . .
ဝေးရမှ . . .ဝေးကိုဝေးရမှဆိုတော့လဲ . . . ။

- ရုပ်သေး -

ဆောင်းနတ်မယ် - မောင်သိန်းဇော် -

ဆောင်းနတ်မယ် - မောင်သိန်းဇော် -

တယ်လီဖုန်းလေးသည်
အနွေးထည်လေး တစ်ထည်ပမာ
မြူနှင်းတွေ ဘယ်လောက်ကြမ်းကြမ်း
လူတွေ သတ္တ၀ါတွေ အချစ်စိတ်တွေ
ဘယ်လောက်ချမ်းချမ်း
ဒီတဆောင်းကို
သူမ၏အသံဖြင့် ကျွန်တော် ခုခံမည် ။

ကောင်းကင်ကကြယ်တွေ
နာလိုခံခက်ဖြစ်အောင်
ချစ်သူ့စကားသံဖြင့်
နှလုံးသားတို့....
အစွမ်းကုန်လင်းလက်ကြလေသည်
မမျှော်လင့်သော တညသ၌၀ယ်
ကျွန်တော့ရင်ထဲ၌
ပင်လယ်ကြီးတစ်ခုကို တွေ့ရ၏
တယ်လီဖုန်းခေါ်သံနှင့် သူမအကြား
မြင့်မိုရ်တောင်ကြီး ခြားနေသည်
ညကြီးမင်းကြီး
လမ်းမီးတိုင် ၀ါဝါတွေအောက်၌
နှင်းတွေနှိပ်စက်သမျှ
တယ်လီဖုန်းလေး
ခိုက်ခိုက်တုန်အောင် ချမ်းရ၏
ထို့အတူ
ခုနှစ်ဆောင်ဘုံမြင့်၌ နှင်းဆီပွင့်လေးရော
အိပ်ပျော်ပါရဲ့လား ။

- မောင်သိန်းဇော် -

မန္တလေးသိန်းဇော်၏ ဆောင်းနတ်မယ်သီချင်းအစမှ ကဗျာလေးဖြစ်သည်

ချစ်သူ (war war)

''ချစ်သူ''

အတွေးထဲမရှိတော့ပါဘူးလို့
စိတ်ထဲအခါခါ ငါတွေးထားပေမယ့်
အချစ်ရယ် မေ့မရဘူးခက်တယ်
ဝေးနေပါစေ....
အချိန်တန်တော့ မေ့ဆိုတာ
ငါအခါခါတွေးတယ်နော်
ဘယ်လိုအရာတွေနဲ့
ငါ့ဘဝကိုဘောင်ခတ်ထားရမှာလဲချစ်သူ
ဆုံခွင့်မရှိခဲ့ရင်တောင်
လွမ်းပါတယ်ဆိုတဲ့စကား
ငါ့နှုတ်ကမထွက်ရဲဘူး
ငါ့အလွမ်းရာသီတွေ
ပိုပိုပြီးရင့်သွားမှာစိုးမိပါတယ်
ချစ်သူရေ . . . . . . . . . .

war war

''ချစ်ခဲ့ဖူးလား'' (war war)

''ချစ်ခဲ့ဖူးလား''

တိတ်ဆိတ်တဲ့ည အလွမ်းတွေကိုဖြန့်ကျက်
အမုန်းမြို့ရိုးကို ငါအခိုင်အမာ
တည်ဆောက်ချင်ပေမယ့်
မုန်းမရတဲ့ ဒီလူရင်မှာ
ဘယ်လောက်နာကျင်နေမလဲ
မင်း . . . .တစ်ခါလောက်များ တွေးကြည့်ခဲ့ဖူးလားဟင်
ဘယ်သိပါ့မလဲ သူမှတစ်ကယ်
မကြင်နာခဲ့တာကိုး . . . .

war war

လမ်းခွဲစကား (သူ့ရှင်)

လမ်းခွဲစကား

မထင်​မိ​သော်​လဲ
ရင်​ခွင်​ကိုထိ
သူဆိုသည့်​စကား ..။

သူ့​ပေါ်မှာ
ခင်​မင်​​ဝေဆာသည့်
မောင့်​​စေတနာ
ဖြူစင်​သန့်​ကို
သူရယ်​...
မသိလို့လား....။

သူ့ရှင်​ /

အမေ(နွေဦးကို)

အမေ(နွေဦးကို)

အမေနဲ့ဝေးမှ
အမေ့ရဲ့ယုယမှုတွေတမ်းတ
လွမ်းရသမျှမျက်ရည်ဝဲမိတယ်
သြော်••ခုဆိုရင်
အမေ့ရင်ခွင်နဲ့ဝေးခဲ့တာ
နှစ်တွေအတော်ကြာခဲ့ပြီပဲ
အမေကပြောတယ်
ပမ်းသမျှလုပ်ငန်း
စားရသမျှထမင်းကြမ်း
ဟောင်းနွမ်းတဲ့
အဝတ်ကြမ်းလေးတွေဝတ်နေရပေမဲ့
သားတို့ရုပ်ပုံလွှာလေးတွေ
တွေ့မြင်လိုက်ရရင်ကိုပဲ
သင်ပုန်းချေပြီးသားဖြစ်သတဲ့
အမေတိုက်တဲ့နို့ချိုနဲ့
ဆက်ခဲ့ရတဲ့သားတို့အသက်တွေ
အတော်ကြီးနေပြီအမေ
အသက်တွေ
ဘယ်လောက်ကြီးကြီး
ကမ္ဘာတည်သရွေ့ရှင်သန်နေမယ့်
အမေ့ချစ်ချင်းတရားတွေရှိတဲ့
အမေ့ရင်ခွင်ထဲကိုတော့
တိုးဝင်ခွင့်ပြုပါဦးလားအမေ။

နွေဦးကို

Wednesday, July 9, 2014

ရှေ့သို့ဆက်​.... (သူ့ရှင်)

ရှေ့သို့ဆက်​....

မကြုံချင်​လဲ
ရှောင်​ကြဉ်​လွှဲ၍
ဖဲ၍မရ
ဘုံဘဝမှာ
ကြုံလာ​လောကဓံ
သည်းညည်းခံလျက်
မေ့ပြုံးမပျက်
ရှေ့သို့ဆက်​မည်
အောင်​ပွဲပန်းကို ဆင်​ရမည်​။

သူ့ရှင်​ /

မေ့မရတဲ့ချစ်ခြင်း (N.L.W)

မေ့မရတဲ့ချစ်ခြင်း

အချစ်ကြောင့် ပူဆွေးခဲ့ရ
အချစ်ကြောင့် ငိုကြွေးခဲ့ရ
အိပ်စက်မရ ညတညဝယ်
မင်းအကြောင်းတွေး
ရင်မှာအနာတရဒဏ်ရာတွေနဲ့
နာကျင်စွာ ခံစားခဲ့ရပြီချစ်သူ

မင်းနဲ့ငါဆုံနိုင်ခွင့်မရှိဝေးခဲ့ပြီလား
တယောက်တည်း ရှေ့ဆက်ဖို့ရာ
ခံနိုင်ရည်မရှိတော့တဲ့ငါ့ဘဝမှာ
မင်းပေးခဲ့တဲ့အနာတရဒဏ်ရာနဲ့
လူးလိမ့်ခံစားခဲ့ရ နေ့စဉ်နဲ့အမျှ
ညစဉ်တိုင်းပေါ့ ချစ်သူ

အိပ်မက်တိုင်းလဲ မင်းအကြောင်း
မင်းနဲ့ငါ ခွဲခွာခဲ့တာကြာပြီဆိုပေမဲ့
ငါ့ရင်မှာတစ်စက္ကန့်မျှ
မေ့ဖျောက်မရခဲ့ပါလား..
ချစ်သူရယ်

N L W

တမ်းတနေမိသူ (N.L.W)

တမ်းတနေမိသူ

အရင်ကလို နွေးထွေးမှုမရှိတော့တဲ့
ငါ့ဘဝမှာ နှလုံးသားချင်း
ဆက်နွယ်ခွင့်ရခဲ့ပေမဲ့
အရှုံးနဲ့သာ ရင်ဆိုင်နေရသူငါ့အဖို့တော့
တွေးမိတိုင်း မျက်ရည်လည်
စဉ်းစားမိတိုင်း နင့်အကြောင်း
အိပ်မရတဲ့ညပေါင်းတွေလဲ များခဲ့ပါပြီကွယ်
ကုသလို့မရတဲ့'ခံစားချက်တွေဟာလဲ
အဆမတန်အောင်ပါပဲလား''ချစ်သူ
တိတ်ဆိတ်ငြိမ်သက်နေတဲ့
နင့်နှုတ်ခမ်းပါးလွှာအောက်က
ချစ်တယ်ဆိုတဲ့စကားလုံးကို
ကြားယောင်မိတိုင်းအလွမ်းစတွေ
ပိုလွန်စေခဲ့တယ် ချစ်သူရယ်

N L W

ခွဲမသွားနဲ့နော် (N.L.W)

ခွဲမသွားနဲ့နော်

မင်းရှိမှ ငါ့ဘဝပြည့်စုံမှာမို့
ငါ့ရင်ခွင်ဆီက နင်ထွက်မသွားပါနဲ့
ပန်းတပွင့်ရယ်

နင့်နှုတ်ဖျားက မုန်းတယ်လို့
နင်ဘယ်လိုပဲဆိုဆို
တချိန်က ငါပေးခဲ့တဲ့
အမှတ်တရ နေ့စွဲကိုတော့
နင်သတိရနေမှာပါ ပန်းပွင့်ရယ်

နင့်ရင်မှ ပေါက်ဖွားလာတဲ့
ငြိုငြင်မှုတွေ ဘေးမှာထား
မာနတွေခဝါချ နှလုံးသားနှစ်ခုရဲ့ကြားမှာ
ရစ်နှောင်ငါထားတဲ့
သမုဒယနှောင်ကြိုးလေးတွေက
လွယ်လွယ်နဲ့ ဖြတ်လို့မရပါဘူး
ပန်းပွင့်ရယ်

N L W

မိုးသို့တမ်းခြင်း (သက်ပိုင်)

(မိုးသို့တမ်းခြင်း)

မိုး....မသိနိုင်ပါဘူး
မိုးမရှိရင် အရာအားလုံး
ခြောက်သွေ့နေတယ်။
မိုးမရှိရင် ရှင်သန်မှု့
အားလုံး သေဆုံးရတယ်။
မိုးဖွဲလေး ဖြစ်ဖြစ်
မိုးပြေးလေး ဖြစ်ဖြစ်
ကွက်ကြားမိုး ဖြစ်ဖြစ်ပေါ့
မိုးသာ....စာနာတတ်မယ်ဆိုရင်
ရွာစေချင်ပါတယ် မိုးရယ် ။

သက်ပိုင်

အလွမ်းကဗျာ (W.Z.O)

အလွမ်းကဗျာ

စိတ်​ကူးနဲ့တမ်းတ​တော့
ဟိုး... ခပ်​လှမ်းလှမ်းမှာ ချစ်​သူရှိတယ်​..
ဘာ​တွေလုပ်​​နေလဲ?
ဘယ်​သူ​တွေနဲ့ရှိ​နေမလဲ? စိတ်​မချရဲလို့
စိုးထိတ်​စွာနဲ့လွမ်း​နေလျက်​ပါ...
ချစ်​သူရယ်
ခက်​ခဲကြမ်းတမ်းခြင်းက
အချစ်​စစ်​ရဲ့ စမ်းသပ်​ခြင်းသာဆိုရင်
သက်​ပြင်းချရင်း သည်းခံရင်းနဲ့
ရင်​ချင်း​ပူးကပ်​ နှလုံးသားချင်းထပ်​မယ့်​နေ့ကို ​စောင့်​စား​နေမှာပါချစ်​သူ....

w.z.o

သားဆုတောင်းပါအမေ(နွေဦးကို)

သားဆုတောင်းပါအမေ(နွေဦးကို)

အမေ
ဘယ်လိုဂုဏ်ပုဒ်တွေနဲ့ပဲ ဖေါ်ကျူးဖေါ်ကျူး
မကုန်နိုင်တဲ့အမေ့ကျေးဇူးတွေကို
ထုတ်ဖေါ်ပြသဖို့ သားဝန်လေးမိတယ်အမေ
အဓိပ္ပါယ်ရှိပြီး လေးနက်တဲ့အမေ့အပြုံးတွေနဲ့
သားတို့အနာဂတ်အတွက် အမေပြုံးခဲ့တယ်နော်
ဒါပေမဲ့အမေရေ ဒီနေ့ကမ္ဘာဟာ
အမေမဖြစ်ချင်တဲ့ စစ်ပွဲရန်ပွဲတွေ
ခိုက်ရန်ပဋိပက္ခတွေ အာဏာပါဝါလုပွဲတွေ
အမေ့သားတွေအချင်းချင်း
ူသက်ကြဖျက်ကြနဲ့ ပြည့်နှက်လို့နေခဲ့တယ်အမေ
ရှိနေသေးတဲ့အမေတွေ မရှိတော့တဲ့အမေတွေ
ယ္ခုပစ္စက္ခအခြေနေကို တွေ့မြင်ကြရရင်
အမေတို့တစ်တွေ ဘယ်လိုခံစားကြရမလဲဆိုတာ
သားသိပါတယ်အမေ
လူသားအချင်းချင်းအနိုင်ကျင့်မှု
လူသားအချင်းချင်းခေါင်းပုံဖျက်မှု
လူသားအချင်းချင်း နှိပ်စက်ညှင်းပန်းမှုတွေကို
အမေတို့တစ်တွေ အလိုမရှိကြဘူးမဟုတ်လား
အမေတို့တွေက အေးမြတဲ့ချစ်ခြင်းတွေ
နွေးထွေးတဲ့အကျင်နာတွေ
သန့်စင်တဲ့စိတ်ဓာတ်တွေ
ရိုက်သွင်းပေးခဲ့ပေမဲ့ အမေ့သားသမီးပြည်သူတွေ
စိုးရိမ်ပူပန်မှုတွေ နာကျည်း နာကျင်မှုတွေ
ကြောက်ရွံ့ ရွံမုန်းမှုတွေနဲ့ ထမင်းနပ်မှန်ဖို့
ရုန်းကန်အသက်ဆက်ရင်း
နွေးထွေးတဲ့အမေ့ရင်ခွင်
ကျင်နာတဲ့အမေ့မေတ္တာ
သန့်စင်တဲ့အမေ့အကျင်နာတရားတွေ
ခံစားဖို့အခွင့်မသာဘဲ
ပျောက်ပျက်လို့နေခဲ့တယ်အမေ
ဒီကနေ့ကစလို့ အမေတို့တစ်တွေ
ကိုယ်ကျန်းမာစိတ်ချမ်းသာလို့
အသက်တွေရှည်ပါစေ...
အမေ့သားသမီးတွေလဲ
ဘေးဒုက္ခအပေါင်းမှ လွတ်ကင်းပါစေလို့
သားဆုတောင်းတယ်အမေ...

နွေဦးကို