Wednesday, September 10, 2014

မိသားစု (ခရမ်းပြာထက်လူ)


မိသားစု

ဘီယာဆိုင်​ကဆူညံနေတဲ့
ကောင်းကင်​ဘုံဆိုရင်​..
ငါ့မိသားစုကတိတ်ဆိတ်နေတဲ့ငရဲဘုံပေါ့။
သစ်စက်ကလွှသွားနဲ့

မျက်နှာသစ်​ရသလိုနေ့တစ်နေ့ကို
မျက်နှာသစ်​ရမှာကိုလန့်တယ်။
မိုးလင်းတာနဲ့.....
ငါ့ကိုဝင်​တိုက်တာငါ့မိန်းမရဲ့အသံပဲ
သံတုံးသံခဲလိုအလင်းရောင်​ကိုမျိုချ
မ​သေချာခြင်းကိုအ​သေအချာစီးပြီးထွက်ခဲ့

အနာအဆာမလွတ်တဲ့ဘဝ
ဘယ်ဂြိုဟ်တုကစိတ်ဝင်​စားမှာလဲ
ကိုယ့်လူ.....လင်းဆွဲလို
အ​ဝေးကကောင်းကင်ပြိုမှာထက်
အနီးကမြေပြိုမှာကို
ကြောက်နေရတဲ့နေ့တွေများလှပေါ့.....

ခရမ်းပြာထက်လူ