Monday, September 22, 2014

အဖြည့်ခံ - လက္ခဏ(အုတ်ဖို)

အဖြည့်ခံ

မဖွင့်သာတဲ့ တံခါးမို့
ခွင့်ပန်ဖို့မကြိုးစားပါဘူး..
မလွင့်သာတဲ့ စကားမို့
တဆင့်ခံတောင်မကြားစေခဲ့ဘူး
အခွင့်သာလည်း မယူလို
စွန့်ကာလည်း မသွားလိုသူပါ...
ထီးမလို နန်းမဖက်
သခင့် အပါး
ခစားရုံသက်သက်ပါသခင်

လက္ခဏ(အုတ်ဖို) အ မ သ ယ