Tuesday, September 30, 2014

...... moeset(mdy)

......

မှန်ပြောင်ပြောင် တစ်ချက်ကို
ပြဒါးတတ်ခဲ့ရင်တောင်
အရောင်ပြန်ဟပ်သေးတာ...၊
ငါနှလုံးသားကို သစ္စာတရားတို့ တပ်ပြီး
အရူးမူးချစ်ခဲ့တာကို
ဘာကြောင့် သူ့ ဘက်က
အေးစက်နေရတာလဲ...၊
ငါ့ ဘ၀ဟာ..ဂုဏ်ဓနဆိုတဲ့
ပြဒါးတွေ ကင်းနေလို့ များ
အရောင်ပြန်မဟပ်တော့တာလား....၊
ငါ သိထားတဲ့ အတိုင်းဆိုရင်
သစ္စာတရားလောက်ဘယ်အရာမှ
အမြဲတမ်းမတောက်ပြောင်နိုင်ဘူးဆိုတာပဲ...၊
(နင် နားလည်နိုင်ပါစေ...)

moeset(mdy)