Monday, September 22, 2014

ဘာသာမဲ့ (လျှို့ဝှက်လွမ်း)

ဘာသာမဲ့ (လျှို့ဝှက်လွမ်း)

မဆုံနိုင်မှန်း သိနေလျှက်နဲ့
ချစ်တတ်တဲ့စိတ်ကို ဖြေလို့မရခဲ့ဘူး
အဝေးကိုကြည့်ဖို့အတွက်
ခွန်အားမဲ့နေတတ်သလို
အတိတ်တွေကိုလည်း မေ့ချင်နေမိတယ်
ပစ္စုပ္ပန်ရဲ့အလယ်တည့်တည့်မှာ
ချစ်တယ် ဆိုတာလေးတစ်ခုတော့
တောင့်တမိတယ်ချစ်သူ
ဒီအတွက်လည်းအဖြေရှိပြီးသားပါ
မဖြင့်သင့်ဘူး တဲ့လေ....
ဟုတ်ပါတယ်
ဖြစ်သင့်တာက မဖြစ်သင့်ဘူးပဲ
ဒါပေမဲ့ ချစ်သူရယ်
ငါ့နှလုံးသားလေးနားလည်အောင်
ဘယ်လိုစကားလုံတွေသုံးပြီး
ငါရှင်းပြရမှန်းမသိတော့ဘူးဟာ

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)