Monday, September 29, 2014

(အလွမ်း) သက်ပိုင်

(အလွမ်း)

သတိရလိုက်တာဟာ
အိပ်မရတဲ့ ညတွေဆို
သက်ပြင်းချသံတွေနဲ့
လူးလိမ့်နေရတယ်။ ။

ရှေ့တိုးလို့ မရ
နောက်ဆုတ်ဖို့ မလွယ်
အလယ်ခေါင် ကန့်လန့်
အဖြစ်ဟာ...သူငယ်ချင်း"
တဲ့လား..?

နံရံတွေ စည်းတွေများ
တို့နှစ်ယောက်ရဲ့ ခြား
တကယ်ကို -
မလိုချင်ပါဘူးကွာ။ ။ ။

သူ
စာနာနိုင်မလား
သန်းခေါင်ကျော် ညရဲ့
ဒီအလွမ်းတွေဖြင့်
ပျောက်စေသား။ ။ ။

သက်ပိုင်