Saturday, September 20, 2014

လူ့ထံသို့(၅)... (အရှင်အာလောက-ရေဝိုင်း)

လူ့ထံသို့(၅)

လောကမှာရှိတဲ့လူတွေဟာ
အမှားနဲ့မကင်းကြသလို အပြစ်နဲ့လည်းမကင်းကြပါဘူး
အမှားလုပ်မိတဲ့လူ့ထံမှာအပြစ်ဆိုတာ
ရှိနေပြီးသားပါ..။
ဒါဟာမလွဲတဲ့ ဒွန်တွဲခြင်းမျိုးပဲ။
ဒါပေမဲ့ စားလို့ရတဲ့အပင်တစ်ပင်ကသီးတဲ့
အသီးတိုင်းဟာအကောင်းကြီးပဲ သီးနေတယ်ဆိုတာမရှိပါဘူး
တချို့အသီးတွေမှာပိုးဖောက်နေတာ
ပိုးကိုက်နေတာတွေပါစမြဲပါပဲ
ဒီလိုပါပဲလူသားတိုင်းဟာ ခြောက်ပစ်ကင်းသဲလဲစင်ဆိုရင်လည်း
လောကကြီးထဲမှာ မျှတမှုဘယ်ရှိပါတော့မလဲ
တကယ်တော့လောကဇာတ်ခုံပေါ်မှာ
ဒို့လိုလူဆိုးလူမိုက်တွေရဲ့ ဆိုးဂုဏ်မိုက်ဂုဏ်တွေကြောင့် လူကောင်းတွေရဲ့ဂုဏ်ကိုပိုပြီး ပေါ်လွင်စေတာပေါ့ ထားပါတော့လေ လူအများစုကတော့ အမှန်တရားကိုမြတ်နိုးကြတဲ့သူ တွေကြီးပါပဲ။ လိမ်ညာကောက်ကျစ်ကြတဲ့ သူတွေဟာလည်းအမှန်တရားရဲ့ အရသာကိုသိကြပေမဲ့ မလွှဲသာလို့သာလျှင်လုပ်မိကြတယ် ပဲဆိုကြပါစို့ အမှန်တရားကိုလုံးလုံးဥပေက္ခာ ပြုထားကြတဲ့သူတွေထက်စာရင် တော်သေးတယ်လို့ပဲမှတ်ချက်ပေး ချင်ပါတယ်။
ဘာလို့လဲဆိုတော့...
အမှန်တရားရဲ့အရသာကို လုံးလုံးမသိတဲ့လူတွေဟာ ချိုမြိန်ကောင်းမွန်တဲ့ပျားရည်စက်ကို ဘယ်သောအခါမှမလျက်ရဘူး လို့ဆိုထားတယ်မဟုတ်ပါလား။

(အရှင်အာလောက-ရေဝိုင်း)