Monday, September 29, 2014

ညီမျှခြင်း (ဆောင်းဦးနွေ-ထုံးဘို)

ညီမျှခြင်း

တွယ်ငင်ရစ်ပေမဲ့
တကယ်မချစ်ဖြစ်ခဲ့ဘူး
နွယ်ပင်ရစ်သလို
ချစ်နေရတာက ဒီကလူ
အသေအချာစစ်တော့မှတစ်ဖက်သတ်
မညီမျှတဲ့ဒီချစ်ခြင်း
အပြစ်ကင်းဖို့လည်းမဖြစ်နိုင်
အသစ်ထိုးဖို့လည်းနေရာမရှိ
ဒီတော့...
ညီမျှဖို့ပဲလုပ်ရတော့မယ်။

(ဆောင်းဦးနွေ-ထုံးဘို)