Tuesday, September 30, 2014

အလင်းဝင်မဲ့နှလုံးသား (လျှို့ဝှက်လွမ်း)

အလင်းဝင်မဲ့နှလုံးသား (လျှို့ဝှက်လွမ်း)

ငါ့ရဲ့ယဉ်ကျေးမှုဟာ
ခပ်စိမ်းစိမ်းအဘိဓာန်တစ်အုပ်ပါ
လောကကြီးနဲ့အပေါင်းအသင်းဖြစ်ဖို့
အပြုံးတွေဝတ်ဆင်ခဲ့သော်လည်း
ဒဏ္ဍာရီတွေတဖြည်းဖြည်း ခါးသီးခဲ့တယ်
အပြုံးခရေတွေ
အကြွေစောခဲ့ပေမယ့်
ငါ့ရင်မှာ ခုထိမွှေးဆဲပါ
ငါ့အတိတ်တွေရိုင်းခဲ့လို့
အနာဂါတ်တွေမှာ
ကာရန်ညီချင်တယ်ချစ်သူ
အတူတူပူးပေါင်းရင်
ဒီစစ်ပွဲက ငြိမ်းချမ်းမှာပါ
ငါ့ရဲ့
လက်နက်ချပြီး
ဒူးထောက်တဲ့နှလုံးသားကို
မင်းရဲ့ဂမ္ဘီရ အပြုံးတစ်ပွင့်နဲ့
ပြည်ဝင်ခွင့်ပြုပါတော့ ချစ်သူရယ့့် .့ 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)