Monday, September 29, 2014

လူ့ထံသို့(၆).... (အရှင်အာလောက-ရေဝိုင်း)

လူ့ထံသို့(၆)

လောကကြီးထဲကို ဖြတ်သန်းနေတဲ့
လူသားတစ်ယောက်ဟာ မာန်မာနလို့ခေါ်တဲ့ခေါင်းကလေးကို
ငုံ့ပြီး(နှိမ်ချပြီး)နေစေချင်ပါတယ်
ဘာလို့လဲဆိုတော့လောကကြီးမှာရှိတဲ့ လူသားအများစုဟာ မာန်မာနတွေနဲ့မြင့်မားနေကြတယ်။
ရှိတဲ့သူကလည်းရှိလို့ ပဏီတမာန်တွေ ဖြစ်တယ် တန်းတူသူကလည်းတန်းတူမို့ သဒိသမာန်တွေဖြစ်တယ် နိမ့်ကျတဲ့သူကလည်းဟီနမာန်တွေ ဖြစ်တယ် အဲဒီလိုများပြားတဲ့ မာန်မာနတွေရှိတဲ့လောကကြီးထဲမှာ ကိုယ့်ရဲ့မာန်မာနကိုနှိမ့်ချပြီး နေတတ်ဖို့လိုပါတယ် ဒီလိုမှမဟုတ်ရင် အဲဒီမာန်မာနကြောင့် ပစ္စုပ္ပန်မှာရောသံသရာမှာပါ
ဆင်းရဲစေတတ်ပါတယ်။ စာထဲမှာတော့မာန်မာနကြီးတဲ့ လူတစ်ယောက်ကိုတွေ့ရတာ အဆိပ်ပြင်းထန်တဲ့မြွေတစ်ကောင် ကိုတွေ့ရသလိုပဲတဲ့ အဆိပ်ပြင်းတဲ့မြွေကိုတွေ့ရင် လူတွေကသတ်ပစ်ချင်ကြတယ်
မသတ်ဘူးဆိုရင်လည်းလူတွေနဲ့
ဝေးရာကိုပစ်လိုက်ကြတယ် အဲဒီလိုပဲမာနကြီးတဲ့လူကိုတွေ့ရင်
မပေါင်းသင်းချင်ကြဘူး (လူရာမသွင်းချင်ကြဘူးပေါ့)
ဒါကထင်ရှားတဲ့ပစ္စုပ္ပန်ရဲ့အကျိုးကလေးပါ ပြည့်ပြည့်စုံစုံတော့မဟုတ်ဘူးပေါ့။
သံသရာမှာဆိုရင်လည်း အမျိုးညံ့တတ်တယ် လူလူချင်းတူပေမဲ့ အမျိုးမြတ်တာတာတို့ အမျိုးညံ့တာတို့ဆိုတာ မာန်မာနနည်းခြင်း မာန်မာနများခြင်းနဲ့သာ ဆိုင်ပါတယ်
ဒါကြောင့်.....လောကကြီးထဲမှာ ကျင်လည်တော့မယ်ဆိုရင်
ပစ္စုပ္ပန်သံသရာမှာကောင်းတာ လေးတွေဖြစ်စေဖို့ မာန်မာနတွေနဲ့မြင့်မားနေတဲ့ လူတွေရဲ့ကြားထဲမှာ မိမိရဲ့မာန်မာနလေးကို နှိမ့်ချပြီးနေတတ်အောင်
ကြိုးစားကြပါလို့ ......။
ဓမ္မသဘောဖြင့်သာမြင်နိုင်ကြပါစေ....

(အရှင်အာလောက-ရေဝိုင်း)